သတင်း

ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ကျည်ဆန်များတွေ့

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မိုင်ဒါကွင်းအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသည့် ကျည်ဆန် ၁၁၆ တောင့်ကို ယမန်နေ့ နေ့လည်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျည်ဆန်များ တွေ့ရှိမှုကို ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးကလည်း အတည်ပြုပြောကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဧရာဝတီသို့ ပြောသည်။

အဆိုပါကျည်ဆန်များတွေ့ရှိခဲ့သည့် မိုင်ဒါကွင်းတွင် ဖေဖော်ဝါရီ ၄ ရက်နေ့က တပ်မတော်ချစ်သူများ အဖွဲ့က ဦးဆောင်ကာ မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ အမည်ဖြင့် ပြုလုပ်ခဲ့ပြီး လူဦးရေသောင်းချီ ပါဝင်တက်ရောက်ခဲ့သေးသည်။

ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ကျွန် တော့် မဲဆန္ဒနယ်မြေ မိုင်ဒါကွင်းမှာ ကျင်းပတဲ့ ထောက်ခံပွဲအပြီး ကျည်ဆံတွေ တွေ့ရတယ်ဆိုတော့ စဉ်းစားစရာတွေ များနေပြီဗျို့” ဟု သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားထားသည်။

ယင်းကျည်ဆန်များ တွေ့ရှိမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနက ဆက်လက် စုံစမ်း နေကြောင်း လည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading