• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် UEHRD စီမံကိန်း ဝေဖန်ခံနေရ

by ထက်နိုင်ဇော်
7 February 2018
in သတင်း
A A
UEHRD ဥက္က| ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆံုံပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

UEHRD ဥက္က| ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆံုံပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

12.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဖွဲ့စည်းထားသည့် UEHRD စီမံကိန်းမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ရခိုင်တိုင်းရင်းသားများနှင့်ပါ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ အလုံးစုံကို နေပြည်တော်က ချုပ်ကိုင်ထားသည်ဟု ရခိုင်အမတ်များက ဝေဖန်ပြောဆိုနေကြသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က “UEHRD လုပ်နေတာကို ဒေသခံတွေတောင် မသိပါဘူး။ သူတို့ လုပ်ချင်တာကို ဒီဗဟိုကနေ ကိုင်ပြီးတော့ လုပ်နေတယ်။ ကျနော်တို့ လိုချင်တာက ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင် နိုင်အောင် နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ၊ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာမျိုး ဖြစ်စေချင်တယ်” ဟု နေပြည်တော်တွင် သတင်းထောက်များကို ယနေ့ ပြောဆိုသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
396
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.3k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.8k

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine) ကို၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေး၊ ညှိနှိုင်းရေးမှူး ဒေါက်တာ အောင်ထွန်းသက်နှင့် ပြန်ကြားရေးအရာအဖြစ် ဦးကျော်မြိုင်တို့ ပါဝင်သည်။

UEHRD ရဲ့အစီအစဉ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံရပ်မိရပ်ဖများ၊ ရခိုင်ပြည်နယ်မှ အသိပညာရှင်၊ အတတ်ပညာရှင် များ၏ အကူအညီဖြင့် လုပ်ဆောင်ရန် လိုသော်လည်း ယနေ့ အချိန်အထိ မည်သည့် ရခိုင်တိုင်းရင်းသားကိုမျှ နေရာပေး၍ ဖွဲ့စည်းပေးခြင်း မရှိကြောင်း၊ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးတွင် ရခိုင်များ ပါသင့်ကြောင်း ရသေ့တောင် အမတ် ဒေါ်ခင်စောဝေ ကလည်း ဧရာဝတီသို့ပြောသည်။

“အန်တီတို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာကို ဘယ်အချိန်မှ လုပ်မယ်ဆိုတာ ဘာမှထဲထဲဝင်ဝင် မသိရဘူး။ အကုန်လုံးကို ဘာမှမသိရဘူး။ မသိရတာတွေ ပိုများတယ်။ ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက်ဆိုရင် ရခိုင်ပြည်သူတွေက ထောက်ခံထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ ရပ်မိရပ်ဖတွေ CSO တွေ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်” ဟု ဒေါ်ခင်စောဝေ က ပြောသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အထက်ပါ ရခိုင်အမတ် ၂ ဦးအနက် ဦးအောင်သောင်းရွှေက ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ ချပြပေး၍ ထိရောက်စွာ အကောင် အထည်ဖော်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းပြီး ကျန်တဦးက ထောက်ခံခဲ့သည်။

UEHRD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေး က မူ ယနေ့ လွှတ်တော်တွင် တင်သွင်းသည့် အဆိုကို နားထောင်ရန် ၎င်းမှာ မအားလပ်၍ ဒုဝန်ကြီး ဖြစ်သူကို တာဝန်ပေးလိုက်ရကြောင်း၊ အဆိုဆွေးနွေးသည့် နေ့တွင် ထိုက်သင့်သည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UEHRD ကို ပြည်ထောင်စု အဆင့်တွင် ဖွဲ့စည်းထားသော်လည်း တနိုင်ငံလုံးမှ လူများကိုပါ ဝင်ခွင့်ပေးထားကြောင်း ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ ဝင်းမြတ်အေး က “ဒီအဖွဲ့မှာပါတာက ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ ကျနော်က ဒုတိယဥက္ကဋ္ဌ ဒီ၂ယောက်ပဲရှိတယ်။ ဒါပေမယ့် ၂ ယောက်တည်း လုပ်နေတာမဟုတ်ဘူး။ တနိုင်ငံလုံးက ဝိုင်းလုပ်နေတာ။ အဲဒီအထဲမှာမှ ဦးအောင်ထွန်းသက်က ညှိနှိုင်းရေးမှူးဆိုပြီး ပါတယ်။ သတင်း ပြန်ကြားရေးက ဦးကျော်မြိုင် ပါတယ်။ ဒီ ၄ ယောက်ပဲ နာမည်တပ်ထားပေမယ့် အကုန်ဝိုင်းလုပ်ပေးနေတာ” ဟု ရှင်းပြသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင်လည်း ရှင်းပြပြီး ဖြစ်သလို လူမှုအဖွဲ့အစည်းများကိုလည်း တွေ့ဆုံရှင်းပြပြီး ဖြစ်ကြောင်း၊ မသိသေးသူများရှိပါက တွေ့ဆုံရှင်းပြမည် ဖြစ်ကြောင်း၊ UEHRD ကို အကောင် အထည်ဖော်ရာတွင်လည်း ဝန်ကြီးဌာန အသီးသီးမှ လူများ ပါကြောင်း၊ အဖွဲ့တွင် ဦးဆောင်သူ အမည်ကိုသာ နာမည်တပ်သော်လည်း အကုန်ပါသည့် စနစ်ဖြင့် သွားနေကြောင်း ဝန်ကြီးကပြောသည်။

UEHRD ကို နေပြည်တော်က စီမံနေပြီး မြေပြင်တွင် ဒေါက်တာဝင်းမြတ်အေး က ကွင်းဆင်း၍ အလုပ်လုပ်ကြောင်း၊ ရခိုင် ပြည်နယ် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံအဖွဲ့များနှင့် ပူးပေါင်းပြီး လုပ်သင့်သော်လည်း လက်တွေ့တွင် ဗဟိုချုပ်ကိုင်မှု များနေသောကြောင့် UEHRD တွင် ရခိုင်များ ပါဝင်ခွင့် ရရှိရန် ယခုအဆိုကိုတင်ပြရခြင်း ဖြစ်ကြောင်း အဆိုရှင် ဘူးသီးတောင် အမတ်က လွှတ်တော် အပြီးတွင် ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပြန်လည် ထူထောင်ရေးသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားညီညွှတ် ရေးတို့နှင့် ဆက်စပ် နေသောကြောင့် ထိုဒေသရှိ ပြည်သူများ ဘဝလုံခြုံမှု ရှိမှသာ နယ်မြေတည်တံ့ခိုင်မြဲ၍ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ဟု ဦးအောင်သောင်းရွှေ က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

လက်ရှိတွင် UEHRD က ဆောင်ရွက်နေသည့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တခုတွင် ဘင်္ဂလီများကို ကားလမ်းဘေး နေရာများတွင် နေရာချပေးထားသဖြင့် ပဋိပက္ခများ ဖြစ်ပွားပါက ရခိုင်များကို အသားစီးရနိုင်၍ ထိုသို့ မဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံသား ဖြစ်နိုင်မည့်သူနှင့် မဖြစ်နိုင်မည့်သူများကို ခွဲခြားထားသင့်ကြောင်း ရသေ့တောင်အမတ် ဒေါ်ခင်စောဝေ က အကြံပြုသည်။

“ရခိုင်လူမျိုးတွေဟာ ဒီပြဿနာဖြေရှင်းရေး အတွက် ဘယ်ခေတ်အခါကမှ ကာယကံမြောက် ပါဝင်ခွင့် မရခဲ့ဘူးဆိုတာ ကျမအနေနဲ့ ချပြလိုပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသမောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ အစိုးရမှ ပွင့်လင်းမြင်သာစွာ ချပြရန် အဆိုတခုကို ရခိုင်ပြည်နယ် လွှတ်တော်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ UEHRD အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်နေသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၊ ဒုတိယ သမ္မတ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ကိုဖီအာနန် အကြံပြုချက်များ အကောင် အထည်ဖော်ရေး ကော်မရှင်တို့ ရှိနေသည်။

ဒေါက်တာ ဝင်းမြတ်အေးက “UEHRD ဆိုတဲ့ စကားလုံးက လူတွေ နားထဲမှာစွဲနေပြီ။ အရှည်သာမသိချင် မသိမယ်။ သဘောတရားတွေလည်း အကုန် သိကြတယ်။ ဘာလုပ်နေတယ် ဆိုတာကိုလည်း သိကြတယ်။ ရေဒီယိုတွေ၊ တီဗွီတွေ သတင်းစာတွေမှာလည်း ထည့်သွင်း ဖော်ပြနေတာ ရှိပါတယ်”ဟု ရှင်းပြသည်။

ဆက်စပ် ဖတ်ရှုရန် – ရခိုင်အရေး စီးပွားရေး လုပ်ငန်းရှင်များ ဝိုင်းဝန်း ကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 

Your Thoughts …
Tags: UEHRD စီမံကိန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
၂၀၁၇ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်း အုပ်စုဖြစ်သော Betagro ကို ဆန္ဒပြနေသော အလုပ်သမားများ / Andy Hall / Twitter

မြန်မာအလုပ်သမားများကို စွဲထားသည့် အသရေဖျက်မှု ဘန်ကောက်တွင် ကြားနာ

ယနေ့ မန္တလေးမြို့တွင် ကျင်းပသည့် ၁၃၀၀ ပြည့် အရေးတော်ပုံ ၇၉နှစ်မြောက်နှင့် မန္တလေး အာဇာနည် ၁၇ဦး အောက်မေ့ဘွယ် အခမ်းအနား / ဇော်ဇော် / ဧရာဝတီ

၁၃၀၀ ပြည့် အရေးတော်ပုံ ၇၉ နှစ်မြောက်နှင့် မန္တလေး အာဇာနည်(၁၇)ဦး အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate