• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တမူး နန်းဖာလုံဈေး မီးလောင်မှု အိမ် ၆ လုံးနှင့် ဆိုင်ခန်း ၅၃ ခန်း မီးထဲပါသွား

by ချစ်မင်းထွန်း
8 February 2018
in သတင်း
A A
၂၀၁၈ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီဝန်းကျင်က တမူးမြို့ရှိ နန်းဖာလုံဈေး မီးလောင်မှု အပြီး / Thantzin Lin၏ Facebook မှ ကူးယူဖော်ပြသည်

၂၀၁၈ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီဝန်းကျင်က တမူးမြို့ရှိ နန်းဖာလုံဈေး မီးလောင်မှု အပြီး / Thantzin Lin၏ Facebook မှ ကူးယူဖော်ပြသည်

6.3k
VIEWS
Share on FacebookShare on Twitter

မြန်မာ- အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ နန်းဖာလုံဈေး ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားရာ အိမ် ၆ လုံးနှင့် ဆိုင်ခန်း ၅၃ ခန်း မီးထဲပါသွားကြောင်း ဒေသအာဏာပိုင် များက ဧရာဝတီသို့ ပြောသည်။

မီးလောင်မှုမှာ ယမန်နေ့ည ၁၀နာရီ ဝန်းကျင်က နန်းဖာလုံဈေးအနီး ဦးညိုဆိုသူ ပိုင်ဆိုင်သည် လူမနေ သော ပစ္စည်းသိုလှောင်ရာ အဆောက်အဦအတွင်းမှ ဗြောက်အိုး ပေါက်ကွဲသံ ထွက်ပေါ်လာပြီး နောက် စတင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း တမူး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
427
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
48
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
174

“ဦးညိုပိုင်တဲ့ လူမနေ၊ လျှပ်စစ် မီးလည်း မရှိ၊ ပစ္စည်းထားသိုရာ ၁၀ ပေပတ်လည် ၁၂ ခန်းရှိ ပျဉ်ခင်း ပျဉ်ကာ သွပ်မိုးအိမ် အတွင်းက ဗြောက်အိုးပေါက်ကွဲသံ ထွက်ပေါ်လာပြီးတော့ မီးစတင် လောင်ကျွမ်းခဲ့ တာ”ဟု တာဝန်ကျ ရဲအရာရှိ ပြောသည်။

ည ၁၀နာရီ ခန့်မှ စတင်လောင်ကျွမ်းသည့် မီးသည် ယနေ့နံနက်(ဖေဖေါ်ဝါရီ ၈ရက်)နေ့ ၂နာရီ ၂၀မိနစ် ခန့်တွင် ငြိမ်းသွားကြောင်း သိရသည်။

တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးကလည်း မီးလောင်ကျွမ်းမှုကြောင့် အိမ် ၆ လုံးနှင့် နန်းဖာလုံဈေးအတွင်းရှိ ဆိုင်ခန်း ၅၃ ခန်း မီးလောင်ကျွမ်း သွားခဲ့ကြောင်း၊ မည်မျှဆုံးရှုံးသွား သည်ကိုဖြင့် တွက်ချက်နေကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် နန်းဖာလုံဈေးကို ၃ရက်ခန့် ပိတ်ထားမည် ဖြစ်ကြောင်း ပြောသည်။

ထိုမီးလောင်မှုနှင့် ပတ်သက်ပြီး တပ်မူးရဲစခန်းက ဦးညိုအား ပ(၅၈)/၂၀၁၈ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တမူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။

၂၀၁၈ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီဝန်းကျင်က တမူးမြို့ရှိ နန်းဖာလုံဈေး မီးလောင်နေမှုကို မြင်တွေ့ရစဉ်/ Thantzin Lin၏ Facebook မှ ကူးယူဖော်ပြသည်

လူမှုကွန်ရက် စာမျက်နှာတွင် နန်းဖာလုံဈေး မီးလောင်မှုမှာ တဖက်နိုင်ငံ(အိန္ဒိယနိုင်ငံ)မှ လက်နက်ကိုင် အဖွဲ့ အချင်းချင်း နယ်စပ်တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ဆိုသည် ရေးသား ဖော်ပြမှုများ ရှိနေ သည်။

မြန်မာ- အိန္ဒိယ နယ်စပ်တွင် ကသည်း(မဏီပူရလက်နက်ကိုင်)လက်နက်ကိုင်၊ ကူကီးအမျိုးသားများ အစည်းအရုံး-မြန်မာပြည်(KNO-Burma)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန်(NSCN-K)၊ ဇိုမီး ပြန်လည် ပေါင်းစည်းရေး အစည်းအရုံး(ZRO)၊ ရှမ်းနီအမျိုးသားများ တပ်မတော်(SNA) စသည့် လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

တမူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမူ ထိုပြောဆိုရေးသားချက်များနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ငြင်းဆိုသွား သည်။

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)၏ ၉၇၂ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ဆေစိုင်းထွန်းကတော့ မနေ့ (ဖေဖော်ဝါရီ ၇ ရက်) ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မြန်မာ-အိန္ဒိယနယ်စပ်အနီးတွင် လက်နက်ကြီးသံများ ကြားမိကြောင်း၊ သို့သော် နန်းဖာလုံဈေး မီးလောင်မှုနှင့် ဆက်စပ်မှု ရှိ/မရှိတော့ မသိကြောင်း ပြောသည်။

ထို မီးလောင်မှုကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်တိုင် ယနေ့ သွားရောက်၍ စိစစ်မှုများ ပြုလုပ်ကြောင်းသိရသည်။

Your Thoughts …
Tags: ဈေးမီးလောင်မှုတမူးနန်းဖာလုံ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်

တိုက်ပွဲ ကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်

by ဧရာဝတီ
21 August 2023
1.1k

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အချိန်ကစ၍ တမူး- ကလေး ကားလမ်းမကြီးအား နှစ်ဖက် လက် နက်ကိုင်တပ်ဖွဲ့များက အကန့်အသတ်မရှိ ပိတ်ထားခဲ့သဖြင့် လက်ရှိအခြေအနေတွင် တမူးမြို့နယ်၌ အခြေခံ စားသောက် ကုန် ဈေးများအဆမတန် မြင့်တက်မှုဖြစ်ပေါ်နေခြင်း

ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

by ဧရာဝတီ
20 September 2023
532

ကားလမ်းတလျှောက်တွင် စစ်ကောင်စီ စစ်ဆေးဂိတ် ၄ ခု အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက် ကလည်း လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး စစ်ဆေးဂိတ်များထားရှိသောကြောင့် ကားလမ်းမတလျှောက် စုစုပေါင်း စစ်ဆေးရေးဂိတ် ၁၀ ခု နီးပါးရှိကြောင်း

ကုန်းဘောင်ခေတ် မြန်မာမြင်းတပ်မှ ကသည်းစစ်သည်တဦး

ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ

by ထက်နိုင်ဇော် နှင့် ဆလိုင်းသန့်စင်
10 June 2020
12.7k

ကသည်းနှင့် မြန်မာ ဆက်နွယ်မှုမှာ ယခုမှ မဟုတ်ပါ၊ ရှေးကပင် ပဏ္ဏာဆက်နိုင်ငံဖြစ်ခဲ့ပြီး ကသည်းစော်ဘွား များနှင့် မြန်မာမင်းများအကြား သမီး ကညာဆက်သည့် အလေ့အထရှိသည်။

ကသည်းသူပုန်အဖွဲ့ တဖွဲ့ဖြစ်သည့် Kanglei Yawol Kanna Lup – KYKL ကို ၂၀၁၈ခုနှစ်က တွေ့ရစဉ် / e-pao

စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား

by ဧရာဝတီ
24 September 2021
46.5k

စစ်တပ်အနေနဲ့ ဒေသတွင်း ဆန့်ကျင်ဆန္ဒပြ ခုခံသူတွေကို နှိမ်နင်းဖို့ ကသည်းလက်နက်ကိုင်တွေကို ပြန် လည်ကာ ဖိအားပေး အသုံးချလာနေတာဖြစ်ပြီး အရပ်သား အစိုးရလက်ထက် အနေအစား မချောင်ခဲ့တဲ့ ကသည်းသူပုန် အချို့ဟာလည်း စစ်တပ်နဲ့ပေါင်းပြီး ပြန်လည်ထောင်လွှားလာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက...

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

by ဧရာဝတီ
20 May 2025
130

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အနီးမှာ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရမှုကို အိန္ဒိယ အစိုးရအနေနဲ့ စစ်ဆေး အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

by ဧရာဝတီ
21 May 2025
86

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အနီးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးရဲ့ ရုပ်အလောင်းကို ပြန်ရဖို့ အာသံရိုင်ဖယ်အဖွဲ့ရဲ့ ကတိစာချုပ်မှာ လက်မှတ်ထိုးခဲ့ရတယ်လို့ မြေပြင်တာဝန်ရှိသူတဦးက ဧရာဝတီကို ဖွင့်ပြောပါတယ်။

Next Post
သြဂုတ် ၂၆ ရက် ၂၇ ရက်က ရန်ကုန်တွင် ပြုလုပ်သည့် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (KUPC) (၈) ကြိမ်မြောက် စုံညီအစည်းအဝေး

ကရင်၃ ပါတီ ပူးပေါင်းပြီး ပါတီသစ်ထောင်မည်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား နမူနာ ဇာတ်ဝင်ခန်း

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပတ္တိ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တည်းဖြတ်နေ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate