“မုဒိမ်းမှု”ဆိုတာ “လူသားတယောက် ကျူးလွန်နိုင်တဲ့ တပါးသူ ထိခိုက်အနာကျင်ရဆုံး ရာဇဝတ်မှုတခု”လို့ ယူဆကြပါတယ်။ မုဒိမ်းကျင့်ခံရသူတွေသာ လူမှုအသိုက်အဝန်းမှာ အထင်သေးခံ နှိမ်ချခံရပြီးတော့ သူတို့ရဲ့အပြစ် မဟုတ်ရပါဘဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကို ခံစားကြရပါတယ်။ လူမှုအသိုက်အဝန်းက မုဒိမ်းမှု ကျူးလွန်ခံရသူတွေရဲ့ဘဝကို အရှင်လတ်လတ် ငရဲကျနေအောင် ပြောင်းလဲပေးလိုက်ပါတယ်။
သားကောင် ဖြစ်ကြရသူတွေထဲမှာ ဖျောက်ဖျက်လို့ မရတော့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ဖြစ်စေလို့ အကျိုးဆက်က ကြောက်ဖို့ကောင်းပါတယ်။ ဒါဆိုရင် ပြစ်မှုကျူးလွန်တဲ့ တရားခံတွေအတွက်၊ မုဒိမ်းကျင့် ခံခဲ့ရသူတွေရဲ့ စိတ်ဝိညာဉ်ကို တစစီ ကွဲကြေသွားစေတဲ့ မကောင်းဆိုးဝါးတွေကို ဘယ်လို ဒဏ်ခတ်သင့်သလဲ။
ကမ္ဘာတဝန်းက အသီးသီးသော အစိုးရတွေဆီမှာ သူတို့နိုင်ငံသားတွေအတွက် သူတို့နိုင်ငံဟာ လုံခြုံတဲ့ နေရာတခု ဖြစ်စေဖို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ စီရင်ပါတယ်။ ထိုကဲ့သို့သော ရာဇဝတ်မှုကို ကျူးလွန်ပါက ရာဇဝတ်ဘေး ပြေးမလွတ်ကြောင်း ခိုင်မာစေဖို့ လုပ်ဆောင်ကြပါတယ်။ တချို့ အပြစ်ပေးမှုတွေက တရားခံတွေအတွက် ကြောက်စရာကောင်းအောင် ရက်စက်လွန်းပါတယ်။
ကမ္ဘာတဝန်းမှ နိုင်ငံအသီးသီးရဲ့ အရက်စက်ဆုံး မုဒိမ်းမှု ပြစ်ဒဏ်များကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တရုတ်
တရုတ်နိုင်ငံမှာတော့ မုဒိမ်းသမားတွေကို သေဒဏ်ပေးပြီး ဥပဒေအရ အပြစ်ပေးပါတယ်။ တချို့ အခြေအနေတွေမှာဆိုရင် မုဒိမ်းသမားတွေဟာ သူတို့ရဲ့ လိင်အင်္ဂါတွေကို ဖြတ်တောက်ခံရပြီး အပြစ်ပေးခံရပါတယ်။
(၂) အီရန်
အီရန်နိုင်ငံမှာတော့ မုဒိမ်းသမားတွေကို လူမြင်ကွင်းမှာ ကြိုးပေး ကွပ်မျက်တာ၊ ဒါမှမဟုတ် သေနတ်နဲ့ ပစ်သတ်ပါတယ်။ တခါတလေမှာတော့ မုဒိန်းကျင့်ခံရသူရဲ့ ခွင့်ပြုချက်နဲ့ တရားခံဟာ သေဒဏ်ကနေ လွတ်မြောက်နိုင်ပေမယ့် ကြိမ်ဒဏ် ၁၀၀ ဒါမှမဟုတ် ထောက်ဒဏ် တသက်တကျွန်း ကျခံလေ့ရှိပါတယ်။
(၃) နယ်သာလန်
ကာယကံရှင်ရဲ့သဘောတူညီချက် မပါဘဲ အနမ်းချင်း ဖလှယ်တာ အပါအဝင် ဘယ်လိုမျိုး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုမဆို နယ်သာလန်နိုင်ငံမှာတော့ မုဒိမ်းမှုလို့ သတ်မှတ်ပါတယ်။ မုဒိမ်းသမားကိုတော့ ကျူးလွန်တဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ထောင်ဒဏ် ၄ နှစ်ကနေ ၁၅ နှစ်အထိ အပြစ်ပေးလေ့ရှိပါတယ်။
ပြည့်တန်ဆာတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်တော်များများမှာ အရေးတယူ မရှိပေမယ့် နယ်သာလန်နိုင်ငံမှာတော့ ပြည့်တန်ဆာ တဦးကို လိင်ပိုင်းဆိုင်ရာ အနိုင့်အထက် ပြုကျင့်မယ်ဆိုရင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ နိုင်ပါတယ်။
(၄) ပြင်သစ်
ပြင်သစ်နိုင်ငံမှာတော့ မုဒိမ်းကျင့်ခံရသူ ရရှိတဲ့ဒဏ်ရာ ပြင်းထန်မှုအပေါ် မူတည်ပြီး ထောင်ဒဏ် နှစ် ၃၀ ဒါမှမဟုတ် ထောင်ဒဏ် တသက်တကျွန်းအထိ ထောင်ဒဏ် တိုးနိုင်တဲ့ ညှင်းပမ်း နှိပ်စက်ခြင်းနဲ့အတူ မုဒိန်းသမားကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် အပြစ်ပေးလေ့ရှိပါတယ်။
(၅) မြောက်ကိုရီးယား
အယူသီးတဲ့ စစ်အာဏာရှင် အုပ်ချုပ်တဲ့ မြောက်ကိုရီးယားမှာဆိုရင် မုဒိမ်းမှုလိုမျိုး ရာဇဝတ်မှုအတွက် သက်ညှာမှုဆိုတာ မရှိပါဘူး။ မုဒိမ်းသမားကို လူမြင်ကွင်းမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ပြီး မုဒိမ်းကျင့်ခံရသူတွေကို တရားမျှတမှု ပြန်လည်ဆောင်ကျဉ်း ပေးလေ့ရှိပါတယ်။
(၆) ရုရှား
ရုရှားနိုင်ငံမှာဆိုရင် ပြစ်မှုကျူးလွန်သူဟာ ကျူးလွန်ခံရသူ ရရှိခဲ့တဲ့ နာကျင်ထိခိုက်မှု အပေါ်မူတည်ပြီး ထောင်ဒဏ် နှစ် ၃ဝ အထိ တိုးမြှင့်သွားနိုင်တဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လေ့ရှိပါတယ်။
(၇) အာဖဂန်နစ္စတန်
အာဖရန်နစ္စတန် နိုင်ငံမှာတော့ မုဒိမ်းသမားကို လေးရက်အတွင်း ဦးခေါင်း သေနတ်နဲ့ပစ်ပြီး မုဒိမ်းကျင့်ခံခဲ့ရသူတွေ အတွက် တရားမျှတမှုကို ပြန်ပေးလေ့ရှိပါတယ်။
(၈) နော်ဝေ
နော်ဝေနိုင်ငံမှာဆိုရင် မုဒိမ်းသမားကို မုဒိမ်းကျင့်ခံရသူရဲ့ ထိခိုက်မှု အတိမ်အနက်အပေါ် မူတည်ပြီး ၄ နှစ်ကနေ ၁၅ နှစ် အထိ ဖမ်းဆီးထိန်းသိမ်း အပြစ်ပေးပါတယ်။
(၉) အမေရိကန်
အမေရိကန်နိုင်ငံမှာတော့ ပြည်နယ် ဥပဒေနဲ့ ဖက်ဒရယ် ဥပဒေဆိုပြီး ဥပဒေ ၂ မျိုးရှိပါတယ်။ တကယ်လို့များ မုဒိမ်းမှုက ဖက်ဒရယ်ဥပဒေနဲ့ စီရင်မယ်ဆိုရင် မုဒိမ်းသမားဟာ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်ပါတယ်။ ပြည်နယ်ဥပဒေနဲ့ စီရင်မယ်ဆိုရင်တော့ ပြည်နယ် တခုနဲ့တခုနဲ့ မုဒိမ်းမှုအပေါ် အပြစ်ပေးမှု ကွဲပြားပါတယ်။
(၁၀) အိန္ဒိယ
အိန္ဒိယနိုင်ငံကတော့ ၂ဝ၁၃ ခုနှစ်မှာ မုဒိမ်းမှု တိုက်ဖျက်ရေးဥပဒေကို အတည်ပြုခဲ့ပြီးနောက် မုဒိမ်းမှုကို အပြစ်ပေးတဲ့ ဥပဒေတွေက ပိုမိုခိုင်မာလာပါတယ်။ မုဒိမ်းသမားကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၄ နှစ်အထိ ချမှတ်ပါတယ်။ အရှားပါးဆုံး မုဒိမ်းမှုမှာဆိုရင် မုဒိမ်းကောင်ကို သေတဲ့အထိ ကြိုးပေး ကွပ်မျက်ပါတယ်။
(၁၁) ဆော်ဒီအာရေးဗီးယား
တကယ်လို့များ လူတဦးဟာ မုဒိမ်းမှု ကျူးလွန်ခဲ့မယ်ဆိုရင် သူဟာ စီရင်ချက်ချပြီး ရက်အနည်းငယ်အတွင်း လူမြင်ကွင်းမှာ ကွပ်မျက် ခံရလေ့ရှိပါတယ်။
(၁၂) အီဂျစ်
အီဂျစ်နိုင်ငံမှာတော့ ဒီလိုမျိုး အပြစ်ထိုက်တန်တဲ့ ရာဇဝတ်မှုရဲ့ အကျိုးဆက်ကို လူတွေ သိရှိစေဖို့ လူမြင်ကွင်းမှာ မုဒိမ်းကောင်ကို ကြိုးပေးကွပ်မျက်ပါတယ်။
(၁၃) အစ္စရေး
အစ္စရေးနိုင်ငံမှာတော့ မုဒိမ်းသမားကို ထောက်ဒဏ် အနည်းဆုံး ၄ နှစ်နဲ့ အများဆုံး ၁၆ နှစ်အထိ ချမှတ်ပါတယ်။
(၁၄) ယူအေအီး
ယူအေအီးနိုင်ငံမှာတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ မုဒိမ်းမှုအတွက် အပြစ်ဒဏ်ကတော့ ကြိုးပေး ကွပ်မျက်တာ ဖြစ်ပါတယ်။ အသနားခံလို့ မရဘဲ မုဒိမ်းမှု ကျူးလွန်ပါက ၇ ရက်အတွင်း သေရမည်သာ ဖြစ်ပါတယ်။
(၁၅) ဂရိ
ဂရိနိုင်ငံမှာတော့ မုဒိမ်းသမားဟာ ထောင်ချခံရပါတယ်။ ဒါတွေကတော့ ကမ္ဘာတဝန်းက မုဒိမ်းမှုကို အရက်စက်ဆုံး အပြစ်ပေးမှုတွေပဲ ဖြစ်ပါတယ်။
Ref ; wittyfeed