မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ နှမဖြစ်သူ ကင်ယိုဂျောင်ဟာ ယနေ့မှာ တောင် ကိုရီးယားနိုင်ငံကို သမိုင်းဝင် ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် တရားဝင်ရောက်ရှိလာခဲ့ပါတယ်။
ကင်ယိုဂျောင်ဟာ တောင်ကိုရီးယားမှာ ပြုလုပ်မယ့် ပြုံးချမ်းဆောင်းရာသီ အိုလံပစ်ပွဲကို တက်ရောက် ဖို့ မြောက်ကိုရီးယား နိုင်ငံရေး ဦးဆောင်အဖွဲ့ အကြီးအကဲ ကင်ယောင်နမ်နဲ့ အတူ ကိုယ်ပိုင်လေယာဉ် နဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ကိုရီးယား ၂၈၀ ကျော်ဟာလည်း ဆောင်းရာသီ အိုလံပစ်ကို အားပေးဖို့ နယ်စပ်ကို ဖြတ်ကျော်ကာ တောင်ကိုရီးယားကို ရောက်ရှိခဲ့ပါသေးတယ်။
အဲဒီအဖွဲ့မှာ လှပျိုဖြိူ အမျိုးသမီးငယ် ၂၂၉ ဦး ပါဝင်ပြီး ဒိုဟာဆန် နယ်စပ် စစ်ကင်းမဲဇုန်ကို ဖြတ်ကာ လာရောက်ကြတာ ဖြစ်ပါတယ်။
အဆိုပါ အဖွဲ့ဝင်တွေကို မြောက်ကိုရီးယား အလုပ်သမား ပါတီက တဦးချင်းစီရဲ့ မိသားစု နောက်ခံ အကြောင်းအရာ၊ ဥပဓိရုပ်၊ ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မှု တို့ကို အသေအချာ စိစစ်ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို အိမ်ရှင် တောင်ကိုရီးယားကလည်း ခရီးဦးကြိုကာ အထူးယာဉ်နဲ့ အိုလံပစ်ပွဲတော် ကျင်းပ ရာ နေရာနဲ့ ကီလိုမီတာ ၁၂၀ ကွာတဲ့ လူနေကျဲပါးရာ အင်ဂျီးကျေးလက်ဒေသက ဟိုတယ်တွေကို ပို့ ဆောင်ပေးခဲ့ပါတယ်။