သတင်း

7Day Daily သတင်းစာကို အရေးယူပေးရန် ရဲတပ်ဖွဲ့က သတင်းမီဒီယာ ကောင်စီသို့ တိုင်ကြား

Want create site? Find Free WordPress Themes and plugins.

7Day Daily သတင်းစာမှ တာဝန်ရှိသူများကို သတင်းမီဒီယာ ဥပဒေနှင့် အရေးယူပေးရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး မြင့်ထွေးက မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီကို တိုင်ကြားထားကြောင်း သိရသည်။

ဒု ရဲမှူးကြီး မြင့်ထွေးက လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် တိုင်းကြားခြင်း ဖြစ်သည်ဟု ဆို သည်။

“မနေ့ကမှ စာဝင်လာတာ။ သူတို့ လက်မှတ်ထိုးတဲ့ ရက်စွဲကတော့ ၉ ရက်နေ့ နေ့စွဲနဲ့။ ကြားထဲမှာ ပိတ်ရက်တွေ ခံနေ လို့ ထင် တယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ပြန်ကြားရေး တာဝန်ခံ ဦးမြင့်ကျော်က ဧရာဝတီကို ပြော သည်။

သတင်းမီဒီယာ ကောင်စီ၏ Complain Committee အနေဖြင့် လာမည့် ကြာသပတေးနေ့တွင် အစည်းအဝေး ခေါ်ယူ ကာ တိုင်ကြားစာကို စိစစ်ပြီး အချက်အလက်လိုအပ်မှုရှိပါက ထပ်မံမေးမြန်းပြီး ပြည့်စုံမှသာ 7Day Daily မှ တာဝန်ရှိ သူ များကို ခေါ်ယူ တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

Reuters သတင်းထောက် နှစ်ဦး ဖမ်းဆီး အရေးယူ ခံရမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၃ ရက်နေ့ တရားခွင်ထွက်ဆိုမှု များ နှင့် ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ် 7Day Daily သတင်းစာပါ ဖော်ပြချက်များ ကွဲလွဲမှု ရှိနေသည့် အပြင် သတင်း မီဒီယာ ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိဘဲ ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်း တခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အရေးအသား မျိုး ပါဝင်သည်ဟုဆိုကာ သတင်းမီဒီယာဥပ ဒေပုဒ်မ ၉ (ဆ) ဖြင့် တိုင်ကြားလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၉ (ဆ) တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ် လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု၏ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက် စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ဖော်ပြထားသည်။

တိုင်ကြားစာတွင် ဥပဒေပါပြဋ္ဌာန်းချက်အရ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအပ်နှင်း၍ တရားလိုပြုလုပ်ရသည်ဟု သ ဘောမသက်ရောက်ဘဲ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုခဲ့သည်ဟူသော 7Day Daily သတင်းစာဖော်ပြမှုသည် ထွက်ဆိုချက်များနှင့် ကွဲလွဲကြောင်း၊ တခြားသောဖော်ပြမှုများတွင်လည်း လွဲမှားမှုများ ရှိကြောင်း ဖော်ပြထားသည်။

တရားလိုပြုလုပ် တိုင်တန်းသူ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်မှ တရားခွင်တွင် ထွက်ဆိုခဲ့သော ‘၁၉၂၃ ခု နှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုနိုင်ရန် အခွင့်အာဏာ အပ် နှင်း ခြင်း’ ဆိုသည့် စကားရပ်ကို ‘ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်’ ဟု ဖော်ပြ ခြင်းမှာ ထွက်ဆိုချက် စကားရင်းအတိုင်း ဖော်ပြခြင်းမပြုဘဲ သတင်း ရေးသားသူ၏ ထင်မြင်ချက် အာဘော် အတိုင်း ရေးသား ထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါအချက် အပါအဝင် တရားလို ပြုလုပ် တိုင်တန်းသူ၏ ထွက်ဆိုချက်နှင့် ကွဲလွဲနေသည့်အချက် ၄ ချက်ကိုပါ ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

7Day Daily ၏ သတင်း ဖော်ပြမှုသည် နိုင်ငံတော်အကြီးအကဲနှင့်ရဲတပ်ဖွဲ့အပေါ် အထင်မြင်လွဲမှားစေနိုင်ပြီး ဂုဏ် သိက္ခာ ထိခိုက်စေခြင်းများကြောင့် သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ ဖြင့် အရေးယူဆောင်ရွက်ပေးရန်ဟု ပါရှိသည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ တွင် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာ သမား တဦး က ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာ တရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦး စွာ ကောင်စီ သို့ တိုင်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါတိုင်ကြားစာနှင့်ပတ်သက်၍ ဦးမြင့်ကျော်က “အဓိပ္ပာယ်ကောက်ယူမှုပေါ့။ ဟိုဘက်ကိုကောက်လည်းရတယ်။ ဒီ ဘက်ကိုကောက်လည်းရတယ်။ ဒါပေမယ့် သူတို့က သူတို့စကားလုံး အတိအကျနဲ့ ရေးရမယ်ဆိုတဲ့ဟာမျိုး တင်းကြပ် တဲ့ သဘောလို့ ကျနော်ထင်တယ်။ တကယ်တမ်းကျတော့ ပြောင်းပြန်အဓိပ္ပာယ်လည်း မသက်ရောက်သလို တလွဲ အဓိပ္ပာယ် လည်း မရောက်ဘူး” ဟု ဆိုသည်။

ထို့အတွက် “သတင်းဌာနကတော့ တောင်းပန်စရာမလိုတဲ့ကိစ္စလို့ ကျနော်ထင်တယ်” ဟု လည်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ တိုင်ကြားစာနှင့်ပတ်သက်၍ 7Day Daily မှ တာဝန်ရှိသူများကို မေးမြန်းရန် ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသဖြင့် မည်သို့ ပြန်လည် တုံ့ပြန်သွားမည်ကို မသိရှိရသေးပါ။

Reuters သတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ အနေဖြင့် မောင်တောတွင် တာ ဝန် ထမ်းဆောင်ခဲ့သည့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက သွားရောက် တွေ့ဆုံပြီး အပြန်တွင် ရခိုင်အရေး လုံခြုံရေး စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိသည်ဟု ဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် အမှုဖွင့် ဖမ်းဆီး ခံထားရခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading