• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တီဘီရောဂါ စစ်တမ်း ကောက်ယူမှု အောက်တိုဘာတွင် ပြီးစီးမည်

by သဇင်လှိုင်
16 February 2018
in သတင်း
A A
ကမ္ဘာ့ရန်ပုံငွေအဖွဲ့ စီမံချက်တခု  / Global Fund

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ စီမံချက်တခု / Global Fund

6.6k
VIEWS
Share on FacebookShare on Twitter

တီဘီရောဂါနှင့် ပတ်သက်ပြီး နိုင်ငံတဝှမ်း စစ်တမ်း ကောက်ယူမှု ပြုလုပ်မှုမှာ ယခုနှစ် အောက်တိုဘာ လ တွင်ပြီးစီးမည် ဖြစ်ကြောင်း အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း မန်နေဂျာ ဒေါက်တာ စည်သူအောင်က ဧရာဝတီသို့ ပြောသည်။

“အထက်မြန်မာပြည်မှာ အဖွဲ့၃ ခု၊ အောက်မြန်မာပြည်အဖွဲ့ ၃ ခု စုစုပေါင်း အဖွဲ့ ၆ ဖွဲ့နဲ့ ကောက်နေပါ တယ်။ အဲဒီအဖွဲ့တွေ မှာ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့က ဝန်ထမ်းတွေပါတယ်။ တီဘီ နယ်လှည့် ကွင်းဆင်း ရှာဖွေရေး အဖွဲ့က ဝန်ထမ်းတွေပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းက ကျန်းမာရေးမှူးတွေ၊ ဓာတ်မှန်ကျွမ်းကျင်သူ၊ ဓာတ်ခွဲကျွမ်း ကျင်သူတွေပါတယ်” ဟု ရှင်းပြသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
119
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
48
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1k

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)၏ ထောက်ပံ့မှုဖြင့် စစ်တမ်းကောက်ယူနေခြင်းဖြစ်ပြီး ကောက် ယူမှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ၌ စတင်ကောက်ယူခဲ့ရာ ၂၀၁၈ အောက်တိုဘာတွင် အပြီးသတ် မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစစ်တမ်းကောက်ယူမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် မန္တလေးမြို့၊ မကွေးမြို့ တို့တွင် စစ်တမ်းကောက်ယူမှုများ ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းစစ်တမ်းကောက်ယူမှုမှာ လက်ရှိ၌ ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပြီး တနှစ်တာ စစ်တမ်း ကောက်ယူမှု ဖြစ်သည်။

စစ်တမ်း ကောက်ယူပြီးစီးပါက တွေ့ရှိချက်များကို ပြည်သူလူထုထံသို့ အသိပေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

စစ်တမ်းကောက်ယူမှုတွင် တီဘီရောဂါကို လက္ခဏာဖြင့် စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အရေပြား ပေါ်တွင် ဆေးထိုးစစ် ဆေးခြင်း (Tuberculin Test) နည်းလမ်းဖြင့် စစ်ဆေးခြင်း၊ ၊ သလိပ် စစ်ဆေး ခြင်း၊ ပိုးမွေးခြင်း၊ မျိုးရိုးဗီဇဖြင့် စစ်ဆေးခြင်း (Genexpert Test ) အပါအဝင် နောက်ဆုံးပေါ် စစ်ဆေးနည်းလမ်းများ ပါဝင်ကြောင်း စစ်တမ်းကောက်ယူမှုများ ပြုလုပ် နေသည့် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါ စစ်တမ်းကောက်ယူမှုကို ပထမဦးဆုံးအကြိမ်ကို ၁၉၇၂ ခုနှစ်၊ ဒုတိယ အကြိမ်ကို ၁၉၉၄ ခုနှစ် နှင့် တတိယ အကြိမ် အဖြစ် ၂၀၀၉ -၂၀၁၀ နှစ်တို့တွင်လည်း စစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့ဖူးသည်။

၂၀၀၉ -၂၀၁၀ ခုနှစ် ရလဒ်အရ အသက် ၁၅ နှစ်နှင့် အထက် လူဦးရေ ၁ သိန်းလျှင် သလိပ်ပိုး တွေ့ သည့် တီဘီရောဂါ ဖြစ်ပွားမှုမှာ လူနာ ၂၄၂ ဦး၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၁ သိန်းလျှင် ၁၇၁ ဦး တွေ့ရှိခဲ့ကြောင်း အဆိုပါ စီမံကိန်းမှ သိရသည်။

၁၉၇၂ ခုနှစ်စစ်တမ်းအရ ၁၅ နှစ်အထက် လူ ၁ သိန်းလျှင် ၁၄၅ ဦး နှုန်းသာရှိခဲ့ပြီး ၁၉၉၄ ခုနှစ် ရလဒ် အရ အသက် ၁၀ နှစ်အထက် လူ ၁ သိန်းလျှင် ၁၀၄ ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းမတိုင်ခင်တွင် မြန်မာနိုင်ငံတွင် တီဘီရောဂါဆိုင်ရာ ဗဟုသုတနှင့် သဘောထားများကို ဖော်ထုတ်သည့် စိစစ်မှု တခုပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များအရ အသိပညာအားနည်းခြင်း၊ တီဘီရောဂါ ဆိုင်ရာ ဗဟုသုတနှင့် ခံယူချက်များ၊ အလေ့အထများ အားနည်းမှု ရှိနေပြီး ဝေဒနာသည်များကို ခွဲခြားနှိမ့်ချခြင်းကြောင့် စောင့်ရှောက်မှုနှင့် ကုသမှုကို ပြီးဆုံး အောင် မခံယူနိုင်ကြကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

ယခုေဖေဖါ်ဝါရီလနှင့် မတ်လအတွင်း၌လည်း တီဘီရောဂါများအနက် တခုဖြစ်သည့် ဆေးယဉ်ပါး တီဘီရောဂါနှင့် ပတ်သက်ပြီး လူထုအသိပညာပေးလှုံ့ဆော်မှုကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးမိတ်ဆက်ပွဲတခုကို ယခုလ ၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပေးမိတ်ဆက်ပွဲတွင် ရန်ကုန်တိုုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မြန်မာ နိုင်ငံသည် တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါနှင့် အိတ်ချ်အိုင်ဗွီ တီဘီရောဂါတို့ အဖြစ်များဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေသဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဦးစားပေးရောဂါ တခုအဖြစ် သတ်မှတ်ပြီး စီမံကိန်း တစ်ခုအနေဖြင့် အရေးတကြီး တိုက်ဖျက် နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သေစေနိုင်တဲ့ ရောဂါတခုဖြစ်တဲ့အတွက် အရေးတကြီး တိုက်ဖျက်ရမယ့် ဦးစားပေးတိုက်ဖျက်ရမယ့် ရောဂါ တခုအဖြစ် စီမံကိန်းထဲကို ထည့်သွင်းထားရတာပါ။ နောက် တီဘီရောဂါဟာ လေထဲကနေ လူတဦးကို တဦး ကူးစက်တဲ့ရောဂါ ဖြစ်တဲ့ အပြင် အချိန်အပြည့်အ၀ မကုဘူး ဆေးတွေကို ညွှန်ကြား တဲ့အတိုင်း မှန်မှန်ကန်ကန် မသောက်ဘူး အရည်အသွေးပြည့် မီတဲ့ ဆေးတွေကို သောက်သုံးမှု မရှိဘူး ဆိုရင် ပိုမိုဆိုးရွားလာမှာပါ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည့် ၂၀၁၆ ခုနှစ် ရလဒ်များအရ တကမ္ဘာလုံးတွင် လူဦးရေ ၁၀ သန်း ကျော် တီဘီရောဂါ ခံစားနေရပြီး သေဆုံးသူ ၁ ဒသမ ၇ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါများ တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (The Global Fund to Fight AIDS, Tuberculosis and Malaria) သည် ကမ္ဘာလုံးရင်ဆိုင်နေ ရသည့် အဆိုပါ ကူးစက်ရောဂါ သုံးမျိုးကို တိုက် ဖျက်ရေးအတွက် အထောက်အပံ့ပေးသည့် နိုင်ငံတကာရန်ပုံငွေ အဖွဲ့အစည်း တခုဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့အစည်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အခြေစိုက်ထားပြီး အဖွဲ့ အစည်းတည်ထောင်သည့်ကာလမှ ၂၀၁၆ ဇူလိုင်အထိအတွင်း ကမ္ဘာအရပ်ရပ်သို့ ပံ့ပိုးငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ အထိ ရှိခဲ့သည်။

Your Thoughts …
Tags: Global Fundဆေးယဉ်ပါးတိုက်ဖျက်ရေးတီဘီတီဘီရောဂါ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး အတွင်းမြင်ကွင်းတခု

စစ်အာဏာရှင်စနစ်နဲ့ မလာဘံနိုင်တဲ့ အာရောဂျံ

by သာဦး
8 May 2023
7.8k

ပညာရေးကို အွန်လိုင်းက သင်သလို ကျန်းမာရေးကျတော့ အွန်လိုင်းက ကုလို့ မရတော့ပါဘူး။

ကမ္ဘာကျော် သူဌေး ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အလှူငွေထည့်ဝင်ခဲ့ကြတဲ့ ဘီလီယံနာ သူဌေးများ

by Aurora
10 March 2020
18k

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လှူဒါန်းကြတဲ့ထဲမှာ ကမ္ဘာတလွှားက ဘီလီယံနာ ၅၀၀ ကျော်ဆီကနေပဲ အလှူငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။

ဖေဖါ်ဝါရီ ၉ရက်နေ့က ဆီဒိုးနားဟိုတယ်တွင်လုပ်သည့် ဆေးယဉ်ပါးတီဘီရောဂါ အန္တရာယ် အမျိုးသားအဆင့် လူထုလှုံ့ဆော် လှုပ်ရှားမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ / ချမ်းစွန်း / ဧရာဝတီ

ဆေးယဉ်ပါးတီဘီ ရောဂါနှင့် ပတ်သက်၍ အမျိုးသားအဆင့် လူထုလှုံ့ဆော်မှု ပြုလုပ်မည်

by သဇင်လှိုင်
10 February 2018
7.6k

ဆေးယဉ်ပါး တီဘီရောဂါ ဆိုသည်မှာ ရောဂါ ဖြစ်ခဲ့ဖူးပြီးနောက် တဖန်ပြန်လည်ဖြစ်ပွား သူ၊ ညွှန်ကြားထားသော တီဘီရောဂါ ဆေးဝါးများကို မှန်ကန်တိကျစွာ မသောက်သူ၊ ဆေးယဉ်ပါး တီဘီ အဖြစ်များသော ဒေသများတွင် နေထိုင်သူသို့မဟုတ် ဆေးယဉ်ပါးတီဘီရောဂါ ရှိသူနှင့် အတူနေထိုင်ခဲ့ဖူးသူအများစုတွင်...

ဒီဇင်ဘာ ၇ ရက်နေ့ က ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား  / မျိုးမင်းစိုး / ဧရာဝတီ

တပ်မတော်နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှု မရှိကြောင်း အဂတိ ကော်မရှင် ပြော

by ဇူးဇူး
8 December 2018
5.3k

တပ်မတော်နှင့် ပတ်သက်ပြီး ယခု အချိန်အထိ အရေးယူ ဆောင်ရွက်မှု မရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် အတူတွေ့ရသော မွန်းဂျဲအင်းနှင့် ဒေါ်အောင်ဆန်းစုကြည် / South Korean President’s Office

COVID-19 တိုက်ဖျက်ရေးသည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်နိုင်သည်

by Lee Sang-Hwa
11 April 2020
16k

COVID-19 ကို တိုက်ခိုက်ခြင်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန် ကြိုးပမ်းမှုများတွင်ပင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

Next Post
မင်းသားတော့ မင်းသား

မင်းသားတော့ မင်းသား

တောင်တရုတ်ပင်လယ်ရှိ တရုတ်စစ်စခန်းကို ကောင်းကင်ဂြိုလ်တုမှ မြင်ရပုံ / AP

တောင်တရုတ်ပင်လယ်၌ တရုတ်က စစ်စခန်းသစ် ၇ ခုချဲ့ထွင်နေဟု အမေရိကန်ပြော

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate