သတင်း

တောင်တရုတ်ပင်လယ်၌ တရုတ်က စစ်စခန်းသစ် ၇ ခုချဲ့ထွင်နေဟု အမေရိကန်ပြော

Want create site? Find Free WordPress Themes and plugins.

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက စစ်အခြေစိုက်စခန်းသစ် ၇ ခုတည် ဆောက်ကာ စစ်အင် အားတိုးချဲ့နေကြောင်း အမေရိကန်ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်က ပြောသည်။

“တောင်တရုတ်ပင်လယ်က သူပိုင်တယ်ဆိုတဲ့ကျွန်းတွေပေါ် အခိုင်အမာ စခန်းတွေ မနှစ်က ဆောက်ခဲ့ ပါတယ်။ တိုက် လေယာဉ် ထားတဲ့ရုံတွေ၊ စစ်တန်းလျားတွေပါတယ်၊ နိုင်ငံတကာသင်္ဘောပေါင်းစုံ ပျားပန်းခတ်နေတဲ့ရေကြောင်းလမ်းမှာ စစ်အခြေစိုက်စခန်း ၇ ခုတောင် တည်လိုက်တာ ဖြစ်ပါတယ်” ဟု အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဟာရီဟားရစ်က ဆို သည်။

ထို့အပြင် လိုအပ်သည့်အစိတ်အပိုင်းများ တည်ဆောက်မှုတွင် တိုက်လေယာဉ်ရုံများ၊ စစ်တန်းလျား များ၊ ရေဒါစခန်းများ၊ လက်နက်ကြီးပစ်သည့် စင်များနှင့် ပေ ၁သောင်းပြေးလမ်းတို့ပါဝင်ကြောင်း ဟားရစ်က ဖြည့်စွက်ပြောသည်။

တရုတ်စစ်တပ်သည် နေရာတိုင်း၊ ကဏ္ဍတိုင်းမှာ အမေရိကန်ခြေရာလက်ရာများကို မီအောင် အလျင်အမြန်လိုက်နေ ကြောင်း လည်း အဆိုပါဗိုလ်ချုပ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ဟာ တရားဝင်ဝင်၊ မဝင်ဝင် လက်တွေ့အားဖြင့် သူ့အချုပ်အချာအာဏာကို ရေတပ်အင်အား အနေနဲ့ လူလုပ်အခြေစိုက်စခန်းတွေ ဆောက်ပြီး ကြိုးပမ်းနေတာပဲဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဒေါ်လာထရီလီယံနှင့်ချီ၍ တန်ဖိုးကြီးမားသည့်ကုန်စည်များမှာ တောင်တရုတ်ပင်လယ်ပြင်ကို နှစ်စဉ် ဖြတ်သန်းနေရသလို ကျွန်းငယ်လေးများနှင့်ခိုင်မာသည့်ရေကြောင်းရပ်ဝန်းအပေါ်တည်မှီလျက် တရုတ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့အပါအဝင် နိုင်ငံပေါင်းများစွာက အားထား၍ သွားလာနေကြသည်။

တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းများကို စစ်အင်အားဖြည့်ခြင်းဖြင့် တရုတ်ချဉ်းကပ်မှုသည် “ချိတ် ဆက်မိမိ၊ နည်းစနစ်ရှိရှိ၊ မဟာဗျူဟာမြောက်” လုပ်ပြလိုက်ကြောင်း ဟားရစ်က မှတ်ချက်ချသည်။

“ဘေဂျင်းဟာ သူ့စစ်ရေးနဲ့ စီးပွားရေးအင်အား ကို သုံးပြီး လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာ အစီ အစဉ်ကို တိုက်စားနေတာဖြစ်ပါတယ်” ဟု သူကဆိုသည်။

သို့သော် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ရော့ဗ်ကမူ ယင်းဒေသ၌ အမေရိကန် စစ်အင်အား တိုးပွားလာနေပြီး၊ တရုတ်နိုင်ငံက အာဆီယံအဖွဲ့နှင့် ပူးပေါင်းပြီး ရေပိုင်နက်ကိစ္စ ညှိနှိုင်းအဖြေရှာနေ စဉ် အမေရိကန်က မြောက်ကိုရီးယား အပါအဝင် တောင်တရုတ်ပင်လယ်အရေး ဝင်ရောက်စွက်ဖက် နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ထောက်ပြဝေဖန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading