သတင်း

မြင်သူတိုင်း စိတ်မကောင်းဖြစ်စေတဲ့ အင်္ဂလန်က အိမ်ခြေယာမဲ့ အဘိုးအို တယောက်ပုံ

Want create site? Find Free WordPress Themes and plugins.

UK (United Kingdom) မှာရှိတဲ့ အင်္ဂလန်နိုင်ငံအတွင်းက Harlow ဆိုတဲ့ မြို့လေးမှာ “John Jones” ဆိုတဲ့ အသက် ၆၃ နှစ်အရွယ် အဘိုးအို တယောက်ဟာ အိမ်ယာ မရှိတဲ့အတွက် caravan (နေအိမ်ကဲ့သို့ ချက်ပြုတ် အိပ်နေနိုင်ရန် စီမံထားသော ယာဉ်) ထဲမှာပဲ သူ့ခွေးလေး၂ ကောင်နဲ့ အတူ နေထိုင်ခဲ့ပါတယ်။ ဒါကို Essex County Council က အဘိုးအိုနေထိုင်တဲ့ caravan ကို ဖယ်ရှားလိုက်ပါတယ်။

ဖယ်ရှား ခံလိုက်ရတဲ့ နေရာမှာပဲ အဘိုးအိုခမျာ ဝမ်းပမ်းတနည်း ငိုကြွေးနေတဲ့ပုံကို မြင်သူတိုင်းအဖို့ စိတ်မသက် မသာ ဖြစ်ကြရပါတယ်။ အေးလာတဲ့ ရာသီဥတုမှာ အဘိုးအိုတယောက် ခိုနားစရာမရှိဘဲ ဒုက္ခရောက်မှာကို စိုးရိမ်ကြတဲ့အတွက် လူထုက အသနားခံစာကောက်ပေးနေကြပါတယ်။

”အဘိုးအိုက ပတ်ဝန်းကျင်ကို အနှောက်အယှက် မပေးဘဲ အေးအေးဆေးဆေး နေထိုင်နေတာပါ။ ကောင်စီက သူ့ caravan ကိုရွှေ့မယ်ဆိုရင် နေစရာတခုတော့ ဖန်တီးပေးသင့်တယ်” စတဲ့ ဝေဖန်ချက် တွေနဲ့ အတူ လူပေါင်း ၉၂၀၉ ယောက်က အသနားခံစာအတွက် လက်မှတ်ထိုးပြီးပြီလို့ သိရပါတယ်။

မြင်သူတိုင်း စိတ်မကောင်းဖြစ်စေခဲ့တဲ့ အဘိုးအိုရဲ့ပုံ

”ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့အတူ အိမ်ခြေယာမဲ့ ဖြစ်နေတဲ့သူတွေကို အကူအညီပေးဖို့ ဥပဒေဘောင်အတွင်းက လုပ်ဆောင်နေတာပါ။ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တာမျိုးတွေကို လုပ်မှာ မဟုတ်ပါဘူး။ သူ့ရဲ့အဆောက်အအုံက လမ်းမပေါ်ရောက်နေပြီး အိမ်နီးနားချင်းတွေဆီက တိုင်စာ တွေလည်း ရထားပါတယ်” လို့ ကောင်စီဘက်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆက်လက်ပြီး “Mr.Jones (အဘိုးအို) အနေနဲ့ အခြားနေရာတခုမှာ နေရာချထားပေးတာကို ငြင်းဆန်ခဲ့ ပါတယ်။ သူ့ကို ပြောင်းရွှေ့ဖို့ ၄၈ နာရီ အချိန်ပေးထားပြီးသားပါ။ အခုဖြစ်ရပ်နဲ့ ပတ်သက် ပြီးတော့လည်း Mr.Jones အတွက် နေထိုင်ဖို့ အဆင်ပြေသွားအောင် ကျနော်တို့ဘက်က အဆင်ပြေသလို ဆောင်ရွက် သွားပါမယ်” လို့ အဆိုပါ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောပါတယ်။

စာရေးသူ အနေနဲ့ကတော့ မှီခိုစရာကင်းမဲ့တဲ့ အဘိုးအိုတယောက် သူ့ခွေးလေးတွေနဲ့အတူ လုံခြုံတဲ့ နေရာလေးတခုမှာ အဆင်ပြေပြေ နေသွားနိုင်ဖို့ပဲ မျှော်လင့်မိရင်း… ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading