• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်အရေး ဆောင်ရွက်မှု “မီးစင်ကြည့်ကနေခြင်း” မဟုတ်ကြောင်း အစိုးရ ပြော

by ထက်နိုင်ဇော်
20 February 2018
in သတင်း
A A
အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း မောင်တော မြောက်ပိုင်း ဂေါ်ဒူဇာရ ရွာ မီးလောင်နေစဉ် / မျိုးမင်းစိုး / ဧရာဝတီ

အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း မောင်တော မြောက်ပိုင်း ဂေါ်ဒူဇာရ ရွာ မီးလောင်နေစဉ် / မျိုးမင်းစိုး / ဧရာဝတီ

6.8k
VIEWS
Share on FacebookShare on Twitter

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ရခိုင်ပြည်နယ် အရေး ဆောင်ရွက်ရာတွင် “မီးစင်ကြည့် ကနေခြင်း” မဟုတ်ဘဲ ကိုဖီအာနန် အကြံပြုချက်များကို ဆက်စပ် အကောင်အထည် ဖော်ပြီး စနစ်တကျ ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲရေး၊ ဒေသခံဌာနေ တိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံကိန်းများ ချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်ပေးရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြန်လည် ဆွေးနွေးစဉ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
139
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
109
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
45

“ရခိုင်ပြည်နယ်အရေးကို ဆောင်ရွက်နေတာမှာ အစိုးရက‘မီးစင်ကြည့်ကနေခြင်း’မဟုတ်ဘဲ စနစ်တကျ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းလုံး ဖွံ့ဖြိုးရေး တရားဥပဒေ စိုးမိုးရေးတို့အတွက် လုပ်ဆောင်ရန် များစွာ ရှိနေသည့် အစိုးရ အနေနဲ့ အလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများရဲ့ အကျိုး ကိုင်တွယ်ဆောင်ရွက်ရာတွင် တနိုင်ငံလုံး၏ အရေးကဲ့သို့ သတိကြီးစွာ ထား၍ အမြင် ကျယ်ကျယ်ဖြင့် ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရ၏ ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိ ဆောင် ရွက်မှုများနှင့် ဆက်လက်ဆောင် ရွက်မှုများကို အဆိုရှင် လွှတ်တော် ကိုယ်စားလှယ် လိုလားသည့်အတိုင်း အစိုးရက ဆောင်ရွက် နေပြီ ဖြစ်၍ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိစေလိုကြောင်း ဝန်ကြီးက ပြောသည်။

“ပြည်သူ့အစိုးရအနေနဲ့ ပြည်သူ့အကျိုးကို ဖော်ဆောင်ရန် တာဝန်ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အရေးဟာ မြန်မာနိုင်ငံရဲ့ အရေး ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စများဟာ မြန်မာနိုင်ငံတခုလုံး အပေါ်မှာလည်း အကျိုး သက်ရောက်မှုများစွာ ရှိနေ တယ်ဆိုတာကို အားလုံး အသိပဲ ဖြစ်ပါတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက လွှတ်တော်တွင် ပြောသည်။

သို့သော် အဆိုရှင် ဘူးသီးတောင်အမတ် ဦးအောင်သောင်းရွှေက ၎င်း၏ အဆိုကို မှတ်တမ်းတင်ခြင်းအား လက်မခံဘဲ မဲခွဲပေးရန် တောင်း ဆိုသဖြင့် စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ဦးအောင်သောင်းရွှေ၏ အဆိုကို ထောက်ခံသူ ၆၇ ဦးသာ ရှိပြီး ကန့်ကွက်သူ ၃၀၄ ဦးအထိ ရှိသဖြင့် အဆိုမှာ မှတ်တမ်းအဖြစ်သာ ထားရှိနိုင်ခဲ့သည်။

ရခိုင်အမျိုးသား ပါတီ(ANP)မှ ကိုယ်စားလှယ်များက ကမ္ဘာ့နိုင်ငံအသီးသီးတွင် အချုပ်အခြာပိုင်နိုင်ငံတခုအတွင်းမှ မွတ်စလင် နိုင်ငံများ ထွက်ပေါ်လာပုံများကို ထောက်ပြခြင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် တူရကီနိုင်ငံမှ နိုင်ငံ ခေါင်းဆောင် များသည် ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက် ရခိုင်ပြည် နယ်မှ ဘင်္ဂါလီအရေးကို အသုံးချနေပုံများကို ဥပမာများ ပေး၍ လွှတ်တော်တွင် ဝေဖန်ခဲ့ကြသည်။

၎င်းတို့ အဓိက တောင်းဆိုသည့် အချက်များမှာ မောင်တောဒေသ ပင်လယ် ကမ်းရိုးတန်းတလျှောက်တွင် ရခိုင်ရွာများ တည်ပေးရန်၊ ထူထောင်ပေးမည့် ရခိုင်ရွာများကို လုံခြုံရေးနှင့် လူမှု စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးရန်၊ နယ်ခြား ခြံစည်းရိုးကို သေချာကာရန်ပေး ရန်၊ အာရဗီ စာသင်ကျောင်းများကို ဖျက်သိမ်းရန်တို့ ဖြစ်သည်။

ထို့ပြင် ဗလီဆရာများကို သဘောထားမျှတစေရေး သင်ကြားမှုများ ဆောင်ရွက်ရန်၊ နိုင်ငံသား ဖြစ်ခွင့်ရသူများကိုသာ ကျေးရွာများ ထူထောင်ပေးရန်၊ တလင်တမယား ဥပဒေ၊ လူဦးရေ ထိန်းချုပ်ခြင်း ဥပဒေတို့ကို ယင်းဒေသတွင် အကျိုးသက်ရောက်အောင် ဆောင် ရွက်ရန်တို့လည်း တောင်းဆိုကြသည်။

ရခိုင်အရေးသည် အစာသာ မြင်ပြီး ငါးမျှားချိတ် မမြင်သည့် နိုင်ငံရေးသမားများနှင့် ဘင်္ဂါလီအလိုကျ ဒေါ်လာစား မီဒီယာ တချို့ကြောင့် ပိုမို ဆိုးဝါးလာချိန်တွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) က နိုင်ငံသား မဟုတ်သူများအတွက် အလေးထား ဆောင်ရွက် နေသည်ကို တွေ့ရကြောင်း၊ အစိုးရသည် သူ၏ တာဝန်ကို ပျက်ကွက်ခဲ့ပါက ဆိုကျိုးများသာ ရှိနိုင်ကြောင်း ANP ပါတီမှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ANP ပါတီမှ မောင်တောမြို့နယ် ကိုယ်စားလှယ် ဦးလှထွန်းကျော်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း အချုပ်အခြာ အာဏာ နယ်မြေ တည်တံ့ရေးနှင့် ဒေသခံ တိုင်းရင်းသားတို့ နေထိုင်နိုင်ရေးမှာ ဆက်စပ်နေ၍ တိုင်းရင်းသားများအတွက် အာမခံချက်ရှိမှ အချုပ်အခြာ အာဏာ တည်တံ့လိမ့်မည် ဖြစ်ကြောင်း၊ ဘင်္ဂါလီများ ထွက်ပြေးရခြင်းမှာလည်း ဥပဒေမဲ့ လုပ်ရပ်များကြောင့် ဖြစ်ကြောင်း လွှတ်တော်တွင် ပြောသည်။

“ဘင်္ဂါလီမှ ရိုဟင်ဂျာ အမည်ရရှိရေး ကမ္ဘာ့နိုင်ငံများရဲ့ ထောက်ခံမှု ရရှိဖို့ ကြိုးပမ်းနေတာသာ ဖြစ်ပါတယ်။ ရဲစခန်း ၃၀ ကို တပြိုင်တည်း အချုပ်အခြာအာဏာကို ထိခိုက်အောင် တိုက်ခိုက်ပြီး စွန့်ခွာထွက်ပြေးသွားခြင်း ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

NLD ပါတီမှ တောင်ကုတ်မြို့နယ် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကမူ အဆိုရှင်ကို ရခိုင်အရေးတင်ပြမှုအတွက် ကျေးဇူးတင် ကြောင်း၊ အဆိုတွင် တောင်းဆိုသည့်အတိုင်း အစိုးရက လက်ရှိဆောင်ရွက်နေပြီ ဖြစ်၍ ဒေသခံများနှင့်အတူ ပူးပေါင်း ဆောင် ရွက် စေလိုကြောင်း၊ တိုင်းရင်းသားများ၏ နိုင်ငံရေး၊ လူမှုရေးလိုအပ်ချက်များကို အစိုးရက ဆောင်ရွက်လျက်ရှိ သည် ကို တွေ့နိုင်ကြောင်း ပြောသည်။

“ရခိုင်သူ ရခိုင်သားတွေဟာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပူးပေါင်း ဆောင်ရွက်သင့်တယ်”ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်အမတ်များ ဆွေးနွေးမှု အပြီးတွင် နောက်ဆုံး ဆွေးနွေးခွင့်ရသည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး က“ပြဿနာ ရှင်းမှာလား၊ ပြဿနာ ရှာမှာလား”ဟု လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ခင်မောင်သန့်က ရခိုင်အရေး ဆွေးနွေးရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင် ကြသည့် မည်သည့် နိုင်ငံသားမဆို တည်ဆဲ ဥပဒေများကို တိကျစွာ လိုက်နာရန် လိုအပ်ကြောင်း၊ အုပ်ချုပ်သူ အာဏာပိုင် များ ကိုယ်တိုင်က တည်ဆဲ ဥပဒေများကို တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေ့အကျင့်ကောင်းများကို ဦးဆောင်လမ်းပြရမည် ဖြစ်ကြောင်း ပြောသည်။

နှစ်ပေါင်းများစွာ လူ့အဖွဲ့အစည်း ၂ ခုကြား ယုံကြည်မှု လျော့ပါးနေမှုများသည် နိုင်ငံရေး ပယောဂများ၊ ကောလာဟလ များကြောင့် တဖက် နှင့်တဖက် သံသယစိတ်များ ပိုမိုကြီးထွားလာပြီး ရန်လို မုန်းတီးမှုတွေကို တစတစ ပြင်းထန်လာခဲ့ ကြောင်း၊ မတူကွဲပြားသည့် လူ့အဖွဲ့ အစည်း ၂ ရပ်ကြား တရားဥပဒေနှင့်အညီ တည်ငြိမ်စွာ အတူယှဉ်တွဲနေထိုင်မှသာ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံခိုင်မြဲပြီး ဒေသခံ တိုင်းရင်းသားများ၏ အကျိုးစီးပွားသည် ဖွံ့ဖြိုး တိုးတက် လာမှာမည်ဟုလည်း ၎င်းက ပြောဆိုသည်။

“အစိုးရအနေနဲ့ လုပ်ငန်းများ ဆောင်ရွက်ရမှာ ဒေသခံပြည်သူတွေ၊ မြို့မိမြို့ဖတွေ၊ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီး အရေးဖြစ်တဲ့အတွက် နိုင်ငံရေးသမားများ အနေနဲ့ လက်တွေ့ပူးပေါင်း ဆောင်ရွက်သင့်ကာ နိုင်ငံရေး အမြတ် မထုတ် သင့်ကြောင်း ဆွေးနွေးလိုပါတယ်”ဟု ဒု ဗိုလ်မှူးကြီး ခင်မောင်သန့်က ပြောသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် နယ်မြေရဲစခန်း အသီးသီးမှ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှု ၂၂၄ မှု၊ လက်နက်မှု ၄ မှု၊ ပေါင်း ၂၂၈ မှု ရေးဖွင့်ခဲ့ပြီး ဖမ်းဆီးတရားခံ ၁၂၉ ဦး အနက် သေဆုံးသူ ၂ ဦး၊ ခံဝန်ဖြင့် ပြန်လွတ်သူ ၂ ဦး စုစုပေါင်း ၁၂၅ ဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး ဖြစ်ကြောင်း အစိုးရ သတင်း ရင်းမြစ်များထံမှ သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အကြမ်းဖက်မှု ၁၆ မှု၊ တရားခံ ၆၄ ဦးကို ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံထားသော အကြမ်းဖက်မှုမှ တရားခံ ၆၁ ဦးအား ချုပ်ရက် ရမန်ဖြင့် စစ်ဆေးဆဲ ဖြစ်၊ လက်ကျန် ၂၀၈ မှုအား ဆက်လက် စုံစမ်း စစ်ဆေးဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။

ဘင်္ဂါလီများ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရန် အကြမ်းဖက်သမားများ၏ အန္တရာယ်မှ လုံခြုံရေးတို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ပျက်စီးနေသည့် ခြံစည်းရိုးများကို ပြင်ဆင်ခြင်း၊ ကင်းလှည့်ခြင်းများ ကုန်လမ်း၊ ရေလမ်း များ တွင်ပါ ဆောင်ရွက်နေ ပြီး ခြံစည်းရိုးကာရန် ကျန်ရှိနေသည့် ၃၉ မိုင်ကျော်အား လာမည့် ပွင့်လင်းရာသီတွင် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က လွှတ်တော်တွင် ပြောသည်။

အကြမ်းဖက် သောင်းကျန်းသူများ စိမ့်ဝင်မှု မရှိစေရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များဖြင့် နယ်စပ် ခြံစည်းရိုး တလျှောက် ကင်းစခန်းများ၊ လှည့်ကင်းများဖြင့် စိုးမိုးခြင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကင်းလှည့်ခြင်း၊ တပ်မတော် အနေဖြင့်လည်း စစ်ကြောင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ဒေသခံ အမာခံ သတင်းပေးများဖြင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းရယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရေလမ်းခရီး တွင်လည်း Navy Seal တပ်ဖွဲ့ဝင်များဖြင့် နတ်မြစ်တလျှောက် ကင်းလှည့်ခြင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ချောင်းဝ ကင်းစခန်းများ ထားရှိ၍လည်းကောင်း လုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေး ဆောင်ရွက်နေသည်ဟုလည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လွှတ်တော်တွင် ပြောဆိုသွားသည်။

Your Thoughts …
Tags: ရခိုင်အရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၁၆ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် ရခိုင်အကြံပေးကော်မရှင် အစည်းအဝေးတွင် တွေ့ရသည့် ကိုဖီအာနန်နှင့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

အာနန်ကော်မရှင် အကြံပြုချက်မှ ၈၁ချက်ကို အကောင်အထည်ဖော်ပြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by ဧရာဝတီ
23 August 2018
5.6k

ရခိုင်အရေးနှင့် ပတ်သက်၍ ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် ၈၈ချက်မှ ၈၁ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်...

ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ်  / ဧရာဝတီ

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

by ထက်ခေါင်လင်း
20 January 2020
13.8k

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိသည် ဆိုခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရ ဟု ပါရှိကြောင်း

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ တရားရုံးတွင် တရားသူကြီးများ တက်ရောက်နေစဉ် / REUTERS

ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
15 November 2019
13.3k

ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေး စွပ်စွဲဆောင်ရွက်လာမှုများသည် သမာသမတ် မရှိတော့သလို ဘက် ၂ ဘက် အမြင်ကိုလည်း ထည့်သွင်းစဉ်းစားမှု မရှိတော့သည်ကို တွေ့ရကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ကုလသမဂ္ဂက မွတ်စလင် လူနည်းစုများ ဖိနှိပ်ခံနေရခြင်းကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုခဲ့သည် / Reuters

ရခိုင်အရေး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ လက်မခံနိုင်ကြောင်း သမ္မတရုံးပြော

by ထက်နိုင်ဇော်
17 February 2018
11.4k

ဘက်လိုက်မှု ကင်းမည်ဟု မယုံကြည်သောကြောင့် မည်သည့် စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း မြန်မာအစိုးရက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ရခိုင်အရေး ဖြေရှင်းနိုင်မယ်လို့ ပြည်သူတွေက ယုံကြည် မျှော်လင့်ကြပါတယ်  / Reuters

ရခိုင်အရေးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးမားတဲ့ စိန်ခေါ်မှု

by ထွန်းထွန်းနိုင်
12 July 2017
9.9k

ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းတဲ့ လုပ်ငန်းစဉ် တွေ မှာ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်

ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူခံရသည့်အကောင့်ပိုင်ရှင်  / myat thu tun / facebook

ရခိုင်အရေး သတင်းမှားလှုံ့ဆော်သူကို အရေးယူ

by ထွန်းထွန်း
13 June 2018
10.9k

ရခိုင်အရေး သတင်းအမှားများ ထုတ်လွှင့်ခဲ့သည့် Myat Thu Tun အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈(က)ဖြင့် မြောက်ဦးရဲစခန်းတွင် အမှုဖွင့်အရေးယူလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Next Post
လက်မှတ်ရေးထိုးပွဲတွင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က သမ္မတ ဦးထင်ကျော်နှင့် လက်ဆွဲနှုတ်ဆက်စဉ်  / မျိုးမင်းစိုး

UNFC ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့

ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် မိန့်ခွန်းပြောနေစဉ် / ချစ်မင်းထွန်း / ဧရာဝတီ

ချင်းဒေသ မြို့နယ်များ အားလုံး အချိုးညီဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေဟု ဆို

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate