• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီလင်းပိုင် ၇ ကောင် တိုးလာကြောင်း တွေ့ရှိ

by ဒီလှိုင်းဝင်း
22 February 2018
in သတင်း
A A
ဧရာဝတီ မြစ်ကြောင်းတွင် တွေ့ရှိရသော ဧရာဝတီလင်းပိုင်များ / WCS

ဧရာဝတီ မြစ်ကြောင်းတွင် တွေ့ရှိရသော ဧရာဝတီလင်းပိုင်များ / WCS

5.6k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီ မြစ်ကြောင်း မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီ လင်းပိုင်ကောင်ရေ သုတေသန စစ်တမ်းကို ဖေဖော်ဝါရီ လ အတွင်း ပြုလုပ်ခဲ့ရာ ယခင်ထက် ၇ ကောင် တိုးလာသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက ပြောသည်။

“ဗန်းမော်ဘက်မှာ မနှစ်က ၇ ကောင် တွေ့တယ်။ ဒီနှစ် ၁၃ ကောင် တွေ့ရတော့ မနှစ်ကထက် ၆ကောင် ပိုလာတာ ပေါ့။ မင်းကွန်းနဲ့ ကျောက်မြောင်းကြားမှာ မနှစ်က ၂၅ ကောင်ကနေ ဒီနှစ်ကျတော့ သားပေါက် ၁ ကောင် အပါအဝင် ၂၆ ကောင် တွေ့ရတယ်။ စုစုပေါင်းဆိုရင် မနှစ်ကထက် ၇ကောင် တိုးပြီး တွေ့ခဲ့ရတယ်” ဟု ဦးဟန်ဝင်းက ပြောပြ သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
222
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
483
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

ထို ဗန်းမော်၊ မင်းကွန်းနှင့် ကျောက်မြောင်းကြား ယခင် ရှိနေသည့် ဧရာဝတီ လင်းပိုင် ကောင်ရေမှာ ၃၂ ကောင် ရှိခဲ့ ရာမှ ယခုတွေ့ရှိသည့် ၇ ကောင် နှင့် ဆိုပါလျှင် ၃၉ ကောင် ရှိနေကြောင်း သိရသည်။

ယင်းသို့ ဧရာဝတီလင်းပိုင် ကောင်ရေ သုတေသန စစ်တမ်း ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ ၆ ရက်မှ ၁၇ ရက်အထိ ပြုလုပ် ခဲ့သည်ဟု ဆိုသည်။

လင်းပိုင် အကောင်ရေ တိုးလာရခြင်း အကြောင်းရင်းများတွင် သားပေါက်ခြင်း၊ ယခင်နှစ်များက ပျောက်ဆုံးနေသော အကောင်ရေများ ပြန်တွေ့ရခြင်းနှင့် ဒေသခံများအား ဧရာဝတီ ထိန်းသိမ်းရေး အသိပညာပေး လုပ်ငန်းများ ကြောင့် လည်း ပါဝင်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ ဒု စီမံကိန်း မန်နေဂျာ ဦးကျော်လှသိန်းက ဧရာဝတီသို့ ပြောသည်။

“ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးအတွက် ဒေသခံတွေပညာပေးတဲ့အခါမှာ အရင်ကတော့ သူတို့တွေက သူတို့ဘာ သာ သူတို့ နေကြတယ်။ ထိန်းသိမ်းရမှန်း မသိဘူး။ ပညာပေးတဲ့အခါမှာ ဧရာဝတီလင်းပိုင်က ရှားပါး မျိုးသုဉ်းတော့ မယ့်အထဲ မှာ ပါနေကြောင်း ကမ္ဘာလှည့် ခရီးသွားတွေက ဒီကို တကူးတက လာကြည့်ရကြောင်းနဲ့ လင်းပိုင်တွေက အဆုတ်နဲ့ အသက်ရူတာကြောင့် ပိုက်တွေမှာ ငြိနေခဲ့ရင် ပြန်လွှတ်ပေးဖို့ အဲဒါတွေပါ ပြောပါတယ်။ ကလေးတွေကို ပေးတဲ့စာအုပ်တွေ မှာလည်း လင်းပိုင်တွေ အကြောင်း ဘယ်လိုထိန်းသိမ်းရမယ် ဘာကြောင့်ရှားပါးလာတယ်၊ အဲဒါ လေးတွေ ထည့်ပေးထားတယ်။ အခုတော့ ဒေသခံတွေက ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်လာကြပါပြီ” ဟုလည်း ၎င်းက ပြောဆိုသည်။

မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီလင်းပိုင် ကောင်ရေစာရင်း ကောက်ယူမှုကို ငါးလုပ်ငန်း ဦးစီးဌာနနနှင့် သားငှက် ထိန်းသိမ်း ရေးအဖွဲ့ (WCS)တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ရာ၂၀၁၇ ခုနှစ် စစ်တမ်းတွင် ၆၉ ကောင်တွေ့ရှိခဲ့ပြီး ယခု နှစ် ကောက်ယူရာတွင် ၇၆ ကောင် တွေ့ရှိရကြောင်း သိရသည်။

ထိုသို့ ဧရာဝတီလင်းပိုင် ကောင်ရေ စာရင်း ကောက်ယူမှု ပြုလုပ်ရာတွင် လမ်းခရီးရှိ ကျေးရွာနေ ပြည်သူများအား ဧရာ ဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“၁ နှစ် ၁ ခါ မန္တလေးကနေ ဗန်းမော်အထိ လင်းပိုင်ကောင်ရေ စာရင်းကောက်တယ်။ ဒီလိုစာရင်း ကောက်ရင်း လမ်းမှာ ရှိတဲ့ ရွာတွေကို ဧရာဝတီလင်းပိုင်နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောတာ ဆိုင်းဘုတ်တွေ ထောင်တာ လက် ကမ်း ကြော်ငြာ ဝေတာတွေ လုပ်ခဲ့တယ်။ ဧရာဝတီမြစ်ထဲ ရှော့တိုက် ငါးမဖမ်းဖို့နဲ့ အဆိပ်ချ ငါးဖမ်းတာမျိုးတွေ မလုပ်ဖို့ အဓိက ဦးစားပေးပြီး အသိပညာ ပေးတာတွေ လုပ်ခဲ့ပါတယ်”ဟု ဦးဟန်ဝင်းက ပြောသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စစ်တမ်းကောက်ခဲ့ရာတွင် မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်း တလျှောက်၌ ဧရာဝတီလင်းပိုင် ၆၉ ကောင်ရှိပြီး ထိန်းသိမ်းရေး ဧရိယာအတွင်းမှာ ၂၅ ကောင်ရှိကြောင်း၊ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ အဖြစ် တိုးချဲ့ ဆောင်ရွက်နေသော ထီးချိုင့်မြို့နယ်နှင့် ရွှေကူမြို့နယ် ကြားတွင် ၂၀၁၇ ခုနှစ်က ၃၇ ကောင် တွေ့ရှိ ခဲ့ပြီး ယခုနှစ်တွင်လည်း ၃၇ ကောင်တွေ့ရှိရကြောင်း၊ ဗန်းမော်ဘက်တွင် တွေ့ရသော လင်းပိုင်များတွင် မနှစ် က စစ်တမ်းတွင် မတွေ့ခဲ့သော အကောင်များ အပါအဝင် အရွယ်ရောက် သားပေါက် တကောင်ကိုလည်း တွေ့ခဲ့ရ ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ပုံကျေးရွာ အနီးတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ဧရာဝတီ လင်းပိုင် ၁ ကောင် သေဆုံးခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်ကလည်း ကသာမြို့ အောင်ချမ်းသာရပ်ကွက် ဧရာဝတီ မြစ်အတွင်း၌ ဧရာဝတီလင်းပိုင် ၁ ကောင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ ကသာမြို့နယ်သည် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အဖြစ် တိုးချဲ့ ဆောင်ရွက်နေသော ထီးချိုင့်မြို့နယ်နှင့် ရွှေကူမြို့နယ်ကြား ဧရိယာတွင် ပါဝင်နေခြင်းဖြစ်ပြီး ယခုနှစ် စစ်တမ်းခရီးစဉ်တွင် သားပေါက် ၂ ကောင် ထပ်တိုး ပေါက်ထားမှုကြောင့် ယခင်နှစ်အတိုင်း ၃၇ ကောင် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းခရီးစဉ်တွင် တရားမဝင် ရှော့တိုက် ငါးဖမ်းဆီးသော စက်လှေ ၁၇ စီးကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ မြို့နယ် များတွင် ဥပဒေနှင့်အညီ အရေးယူနိုင်ခဲ့ကြောင်းလည်း WSC က ဆိုသည်။

Your Thoughts …
Tags: ဧရာဝတီလင်းပိုင်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

လင်းပိုင်အိပ်မက်ပျက်ပြီ(ရုပ်/သံ)

လင်းပိုင်အိပ်မက်ပျက်ပြီ(ရုပ်/သံ)

by ဧရာဝတီ
21 November 2024
572

မြန်မာနိုင်ငံရဲ့ မျိုးစိတ်တခုအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ ဧရာဝတီလင်းပိုင်ဟာ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ၂၀၁၄ ခုနှစ်မှာ အဆိုပြုလျာထား သတ်မှတ်ခံထားရပြီး နိုင်ငံတော်အဆင့်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ကိုင်နေရတာပါ။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ငါးသယံဇာတအရေးသည် ဒွန်တွဲနေပါသည်/သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာ - WCS

ဧရာဝတီလင်းပိုင် အသေအပျောက် များရခြင်း နောက်ကွယ်

by ခင်စန္ဒာညွန့်
17 December 2020
8.6k

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ငါးသယံဇာတအရေးသည် ဒွန်တွဲနေပါသည်။

ဖေဖော်ဝါရီလအတွင်းက အကောင်ရေစစ်တမ်းကောက်ယူစဉ် တွေ့ရသည့် ဧရာဝတီလင်းပိုင်များ / WCS Myanmar

ဧရာဝတီလင်းပိုင် စီးပွားဖြစ် မွေးမြူခွင့် ကန့်ကွက်ခံနေရ

by ဇာနည်မာန်
22 July 2020
7k

WWF နှင့် Flora and Fauna International တို့၏ ပူးတွဲကြေငြာချက်တွင် အချို့က ကမာ္ဘလုံးဆိုင်ရာ အနေအထားတွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော မျိုးစိတ် ၉၀ ကို စီးပွားဖြစ်မွေးမြူခြင်းအတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြား...

/ WCS

ရှားပါး ဧရာဝတီ လင်းပိုင် ၁ ကောင် သေဆုံးပြန်

by ဒီလှိုင်းဝင်း
8 January 2020
9.8k

သေဆုံးသွားသည့် ဧရာဝတီလင်းပိုင်မှာ အထီး ဖြစ်ကာ အလျား ၇ ပေ ၃ လက်မ၊ လုံးပတ် ၄ ပေ ၄ လက်မ ရှိပြီး အသက်အရွယ်ကြီး ရင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟု WCS...

မတ္တရာမြို့နယ်တွင် တွေ့ရှိရသည့် ဧရာဝတီလင်းပိုင်သေ  / WCS

မတ္တရာမြို့နယ်တွင် ဧရာဝတီလင်းပိုင်သေ တကောင် တွေ့ရှိ

by ဇာနည်မာန်
23 June 2017
7k

လျှပ်စစ်ရှော့တိုက် ငါးဖမ်းတာကို ပိတ်ပင်ထားပေမယ့် ဧရာဝတီမြစ်ထဲမှာ ငါးရှားလာတော့ တချို့တံငါတွေက ဒီနည်းကို သုံးနေကြတုန်းပဲ

Next Post
အမေရိကန် အဆိုတော်၊ မိန်းမချောလေး "Ariana Grande"

BRIT ဆုပေးပွဲမှာ ကျန်းမာရေးကြောင့် ဖျော်ဖြေခွင့်မရခဲ့တဲ့ Ariana Grande စိတ်မကောင်းဖြစ်နေ

"ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်"

အချိန်တိုအတွင်း ပြင်ဆင်နိုင်တဲ့ “ဖိလစ်ပိုင်စတိုင် ပင်လယ်စာ ထမင်းကြော်”

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate