သတင်း

အသရေညှိုးနွမ်းစေသော သံဃာများကို အရေးယူပေးရန် သာသနာရေးဝန်ကြီး လျှောက်ထား

Want create site? Find Free WordPress Themes and plugins.

ဗုဒ္ဓဘာသာအား အသရေညှိုးနွမ်းစေသော ဘုန်းတော်ကြီးများကို အရေးယူဆောင်ရွက်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံ၏ အမြင့်ဆုံး သာသနာရေး အာဏာပိုင် အဖွဲ့သို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

နိုင်ငံတာ် သံဃမဟာနာယက အဖွဲ့ (မဟန) ၏ ၄၇ ပါးစုံညီသောဠသမ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၁ ရက်က ရန်ကုန်၌တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်း အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် ၄၇ ပါး လုံး တက်ရောက်ခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး အပါအဝင် အခြား အစိုးရ အရာရှိကြီးများလည်း တက် ရောက်ခဲ့ကြသည်။

နိုင်ငံတော် သံဃာ့နာယက အဖွဲ့သို့ မေတ္တာရပ်ခံရာတွင် သူရဦးအောင်ကိုက အချို့သော ရဟန်း သာမဏေများသည် သာ သနာတော်ကို မထီမဲ့မြင် ပြုမူနေထိုင်ကြပြီး ဒကာ၊ ဒကာမများ၏ သဒ္ဒါတရားကို ဖျက်ဆီးနေကြကြောင်း လျှောက်ထားခဲ့သည်။

ထိုသို့ ကျူးလွန်နေခြင်းကြောင့် သီတင်းသုံးဖော် ရဟန်းသာမဏေတို့၏ ဂုဏ်သိက္ခာကို မှေးမှိန်စေပြီး သာသနာတော် အဓွန့်ရှည် တည်တံ့မှုကို အန္တရာယ်ပြုရာ ရောက်နေပါသည် ဟု ပြည်ထောင်စု ဝန်ကြီးက လျှောက်ထားခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားလွှာ အမှတ် (၇၂) နှင့် အညီ အောက်ခြေ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်သို့ ထပ်မံ၍ ညွှန်ကြားထုတ်ပြန်ပေးပါရန်လည်း အဆိုပါ လျှောက်ထားချက်တွင် ပါဝင်သည်။

ဆက်လက်၍ ညွှန်ကြားချက်၌ ညနေခင်းတွင် အလှူမခံရခြင်း သို့မဟုတ် ပွဲလမ်းသဘင်များ သို့မဟုတ် စီးပွားရေး ကိစ္စများ တွင် ပါဝင်ပတ်သက်မှု မပြုရခြင်း တို့ကဲ့သို့သော ရဟန်းသံဃာများ ကျင့်သုံးလိုက်နာရမည့် အခြေခံ စည်းမျဉ်းများကို သူရဦးအောင်ကိုက ထောက်ပြ လျှောက်ထားခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကုမာရာဘိဝံသ က ရဟန်းတို့၏ အကျင့်သိက္ခာ ကျဆင်းနေခြင်းကို ဖြေရှင်းရန်အတွက် ဘာသာရေးဆိုင်ရာ စည်းကမ်း ဥပဒေများကို ပိုမို တင်းကျပ်စွာ ကျင့်သုံးရန် လိုအပ်ကြောင်း အစည်းအဝေးတွင် မိန့်ကြားခဲ့သည်။

နိုင်ငံတွင်းမှ သံဃာတော်များကို ကြီးကြပ်ကွပ်ကဲသည့် အဖွ့ဲအစည်းတခု အဖြစ် မဟန ကို အစိုးရက ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။ အစိုးရက ခန့်အပ်သည့် ဆရာတော်ကြီးများက သံဃာတော်များ၏ အပြုအမူကို ထိန်းသိမ်းကြပ်မတ်သည့် ဥပဒေ များကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။

ဥပဒေအရ မဟန သည် သံဃာတော်များကို အရေးယူဆောင်ရွက်နိုင်သော အခွင့် အာဏာရှိသည့် တခုတည်းသော အဖွဲ့ အစည်း ဖြစ်သည်။ ဥပမာအားဖြင့် အစိုးရ အာဏာပိုင်များက သံဃာတော်များကို ဖမ်းဆီးလိုပါက မဟန၏ ခွင့်ပြုချက် ရရှိ ရန် လိုအပ်သည်။

ပြီးခဲ့သည့်နှစ်က လူမျိုးရေး ဘာသာရေး ပဋိပက္ခသို့ ဦးတည်စေနိုင်သော အမုန်းစကားများ လှုံ့ဆော်ဟောပြောမှုကြောင့် အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး ဦးဝီရသူကို မဟန အဖွဲ့က တရားဟောကြားခွင့် ၁ နှစ် ပိတ်ပင်ခဲ့သည်။

အဆိုပါ တားမြစ်ချက်က နောက်လာမည့်လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

လူဦးရေ သန်း ၅၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် ၈၇ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၅ သိန်းကျော် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading