သတင်း

ICC ကို ဂရုမစိုက်ဟု ဒူတာတေး ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ် နေသော်လည်း သူ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ရွေးထုတ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်နေခြင်းသည် တရားမျှတမှု မရှိကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေက ပြောသည်။

မကြာသေးမီက ဆီဘူးကျွန်းသို့ သွားရောက်စဉ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်သော သတ်ဖြတ်မှုများ အတွက် ဝေဖန်ခံနေရသော ဒူတာတေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်က အဲဒီမှာ တရားစွဲ ခံရတဲ့ ပထမဆုံး နိုင်ငံအကြီးအကဲ ပဲ။ ရိုဟင်ဂျာတွေ အသတ်ခံနေရတာ ရှိပေမယ့် ကျနော့်ကို ရွေးပြီးတရားစွဲတာ” ဟု ဒူတာတေး ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြောသည်။

သို့သော် ၁၉၈၈ ခုနှစ်တွင် ဒူတာတေးက ဒါဘာအိုမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းမှုစတင်ခဲ့သဖြင် ဆယ်စုနှစ် ၃ ခုကြာဥပဒေမဲ့သေဒဏ်ပေးခြင်းနှင့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့အတွက် သမ္မတဒူတာတေးတွင် တိုက်ရိုက်တာဝန်ရှိကြောင်း သက်သေအထောက်အထားများပါဝင်သည့် အစီရင်ခံစာတစ်စောင်ကို ICC ထံ ယမန်နှစ်က တင်ခဲ့သည်။

ဒူတာတေး သမ္မတရာထူးလက်ခံပြီးနောက် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ဆင်ရေးတွင် ရဲများက လူပေါင်း ၄ထောင်ကို သုတ်သင်ခဲ့ကြောင်း တရားဝင်စာရင်းဇယားများက ဆိုသည်။ သို့သော် ဖိလစ်ပိုင်ရှေ့နေတဦးဖြစ်သူ ဂျိတ်ဆာဘီအို တင်ပြသည့် စာမျက်နှာ ၇၇ မျက်နှာပါ အစီရင်ခံစာတွင် လူ ၈ ထောင်သေဆုံးကြောင်း စွပ်စွဲထားသည်။

ယမန်နှစ်က ဒူတာတေးကို စွပ်စွဲအပြစ်တင်ရန်ကြိုးစားသူနှင့် ICC ထံ ပေးပို့သည့်အစီရင်ခံစာတွင် သက်သေတဦးဖြစ်သူ အတိုက်အခံနိုင်ငံရေးသမား ဂရေးအဲလီဂျန်နိုက “ယခုအရွေ့သည် ဒူတာတေးကို ဥပဒေကြောင်းအရ ခိုင်မာစွာ အရေးယူခြင်း ဖြစ်ကြောင်း၊ ယခုအချိန်အထိ မူးယစ်ဆေးဝါးနှိမ်နင်းရေး၌ အစတေးခံရသူများရှိနေ၍ ၎င်းတို့အတွက် မျှော်လင့်ချက်ရောင်နီဖြစ်ကြောင်း” ပြောကြားသည်။

ဒူတာတေးက မူယစ်ဆေးဝါး တိုက်ခိုက်နှိမ်နင်းမှု အတွက် တရားရင်ဆိုင်ရမည်ကို မကြောက်ကြောင်းနှင့် နိုင်ငံတကာ ရာဇဝတ် တရားရုံးတွင် သူကိုယ်တိုင် ချေပမည် ဖြစ်ကြောင်း ပြောသည်။

“ခင်ဗျားတို့က တောင်းဆိုတယ်။ တရားရင်ဆိုင်ကြစို့။ ကျနော် ခင်ဗျားတို့ကို ပြန်လှန် မေးခွန်းထုတ်မယ်။ ခင်ဗျားတို့ ဒုက္ခရောက်ရင် ပြန်လှန် မေးခွန်းထုတ်တာကို ခံနိုင်မှာ မဟုတ်ဘူး” ဟု ဒူတာတေးက ပြောသည်။

“ခင်ဗျားတို့ အရူးလုပ်လို့ မရတာ ကျနော် တယောက်ပဲ ရှိတယ်။ ကျနော် မကြောက်ဘူး” ဟုလည်း သူက ပြောသည်။

ဖိလစ်ပိုင်အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့သည် ဟု ဆိုသော ရာဇဝတ်မှုများကို ပဏာမ စုံစမ်း စစ်ဆေးမည် ဟု နိုင်ငံတကာ ရာဇဝတ်တရားရုံးက မကြာသေးမီက ကြေညာခဲ့သည်။ အပြည့်အ၀ စုံစမ်းစစ်ဆေးမှု များ မပြုလုပ်မီ ၎င်း၏ စီရင်ပိုင်ခွင့် အတွက် ပဏာမ စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။

လူ့အခွင့်အရေး လှုပ်ရှားသူများသည် ပူညံပူညံ လုပ်တတ်သူများသာ ဖြစ်သောကြောင့် ၎င်းတို့ကို ဂရုမစိုက်ရန် လွန်ခဲ့သော လက အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် ထိပ်သီး ဆွေးနွေးပွဲ အတွင်းတွင် ဒူတာတေးက ဒေါ်အောင်ဆန်းစုကြည် အား ပြောကြားခဲ့သည်။

ဒူတာတေသည် ကုလသမဂ္ဂကိုလည်း အသုံးမကျသော အဖွဲ့အစည်း ဖြစ်သည် ဟု ပြောခဲ့သည်။

“ကုလသမဂ္ဂက စစ်ပွဲတွေ ရပ်အောင် မလုပ်နိုင်တာ ဘယ်လောက်ကြာပြီလဲ။ တကမ္ဘာလုံးမှာ ပြဿနာတွေ တက်နေတယ်။ ဆီးရီးယား စစ်ပွဲက မပြီးနိုင်တော့ဘူး၊ လူတွေ ဗုံးကြဲခံနေရတယ်။ အသတ်ခံနေရတယ်။ ကုလသမဂ္ဂက အသုံးမကျဘူး။ သူတို့တွေ ဖိလစ်ပိုင်မှာသာ ဆိုရင် မြေတူးစက်နဲ့ တူးထုတ်ပြစ်မယ်။ အသုံးမကျတဲ့ ကောင်တွေ” ဟု ဒူတာတေက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading