သတင်း

အင်းတော်ကြီးအိုင် စက်လှေတိမ်းမှောက်မှု ကျောင်းသား/သူ ၈ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ အင်းတော်ကြီးအိုင်အတွင်း စက်လှေတစင်းတိမ်း မှောက်မှု ဖြစ်ပွားခဲ့ရာ စက်လှေပါ အရပ်သား အမျိုးသမီး ၁ ဦးနှင့် ၈ တန်းကျောင်းသား/သူ ၈ ဦး စုစုပေါင်း ၉ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီ ၄၅ မိနစ် အချိန်တွင် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဘုရားပွဲသို့ လုံးစန့် ကျေး ရွာမှ လာရောက်သည့် ဆရာမနှင့် ကျောင်းသား/သူများ၊ စက်လှေမောင်းသူအပါ ၁၈ ဦး တင်ဆောင်လာသော စက်လှေမှာ လေပြင်းတိုက်ခတ်ခံရပြီး လှိုင်းကြီးလာမှုကြောင့် စက်လှေ ပြန်လှည့်ရာ ညောင်ပင်ကျေးရွာနှင့် နှီးဘုရားအကြားတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Fire Services Department က သတင်းထုတ်ပြန်ထားသည်။

အခင်းဖြစ်ညကတည်းက စက်လှေပေါ်ပါသူများကို ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ ၉ ဦးကိုသာ ရှာဖွေကယ်ဆယ်နိုင်ခဲ့ ပြီး ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင်မှ ပျောက်ဆုံးနေသူ ၉ ဦး၏ အလောင်းများကို ဆယ်ယူရရှိခဲ့ ကြောင်း နန့်မွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

“လုံးစန့်တိုက်နယ်ဆေးရုံမှာ စစ်ဆေးပြီး သူတို့ရွာကို ကားနဲ့ သယ်နေပြီ။ ၉ လောင်း အားလုံးစုံသွားပြီ။ အခုမနက်မှ ရတာ။ ကျနော်တို့ ည ၂ နာရီထိက ၁ လောင်းမှ မရဘူး။ ဒီနေ့မနက်မှ ရေလည်းနက်တော့ ငါးမြားချိတ်တွေကို စက်လှေတွေနဲ့ တ ရွတ်ဆွဲပြီးတော့မှ အောက်ကြမ်းပြင်ကို မှန်းပြီးဆွဲရတာ” ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက သေဆုံးသူ ၉ ဦးထဲတွင် စက်လှေမောင်းသူ၏ သမီးဖြစ်သူ အရပ်သား ၁ ဦးနှင့် ၈ တန်းကျောင်းသူ ၇ ဦး၊ ကျောင်းသား ၁ ဦး ပါဝင်ပြီး ၈ တန်းကျောင်းသူ/သားများသည် နောက်ဆုံးစာမေးပွဲဖြေဆိုရက်ဖြစ်သည့်အတွက် ခရိုင်/ မြို့နယ်ပညာရေးမှူး၏ အစီအစဉ်ဖြင့် ယနေ့မနက်ပိုင်းတွင် ဖြေဆိုပြီးဖြစ်ကြောင်း ပြောဆိုသည်။

အင်းတော်ကြီးဘုရားပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၁ ရက်အထိ ကျင်းပလျက်ရှိရာ ကျောင်းပိတ်ရက် ဘုရားပွဲလာအပြီး အပြန်တွင် ယခုကဲ့သို့ စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စက်လှေက နည်းနည်းသေးတယ်ပြောတယ်။ လူကလည်း ၁၈ ယောက်ဆိုတော့ များပုံရပါတယ်။ လှိုင်းတွေ လေတွေက လည်း နည်းနည်းပြင်းတဲ့အချိန်မှာ မြုပ်သွားတဲ့သဘောရှိတယ်။ တိုက်မိတာတွေ ဘာတွေတော့မဟုတ်ဘူး။ လှိုင်းနဲ့လေနဲ့ မထိန်းနိုင်ဘဲ မြုပ်သွားတဲ့သဘော” ဟု မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက အင်းတော်ကြီးအိုင်အတွင်း ယခုကဲ့သို့ မတော်တဆမှုမျိုး ဖြစ်ခဲကြောင်း၊ ၎င်းအနေဖြင့် အင်းတော်ကြီး တောင်ပေါ်လမ်းများ ပြင်ဆင်ခြင်းလုပ်ငန်း မပြီးသေးသည့်အတွက် ယာဉ်အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေစဉ် စက်လှေတိမ်း မှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

စက်လှေတိမ်းမှောက်မှုနှင့်ပတ်သက်၍ စက်လှေမောင်းသူ အသက် ၅၆ နှစ်အရွယ် ဦးမောင်ဦးကို အခင်းဖြစ်ညကတည်းက အမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်း ဦးစိုးမြင့်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading