သတင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး မြန်မာကို တောင်ကိုရီးယားကူညီ

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားနိုင်ငံသည် ၎င်းတို့ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အသုံးပြုသော စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရေးအတွက် အသိပညာများကို မျှဝေမည်ဖြစ်ကြောင်း အစိုးရ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဖေဖေဝါရီလ ၂၆ ရက်နေ့တွင် ကြေညာသည်။

မြန်မာနိုင်ငံသည် တောင်ကိုးရီးယား၏ အဂတိလိုက်စားမှု သက်ရောက်မှုများ အကဲဖြတ်စနစ် – Corruption Impact Assessment System စနစ် ကို လက်ခံရရှိသော တတိယမြောက် နိုင်ငံဖြစ်ပြီး ထိုစနစ်ကို အင်ဒိုနီးရှား နိုင်ငံက ၂၀၀၉ ခုနှစ်တွင် ရရှိကာ မွန်ဂိုလီးယားနိုင်ငံက ၂၀၁၆ ခုနှစ်တွင် လက်ခံရရှိခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံသားအခွင့်အရေး ကော်မရှင်မှ အရာရှိများသည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ အရာရှိများနှင့် နေပြည်တော်တွင် ဗီဒီယိုမှတဆင့် အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး အထက်ပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်အကြောင်းနှင့် ထိုစနစ်ကို မြန်မာနိုင်ငံသို့မည်သို့ပို့ဆောင်မည်ကို ဆွေးနွေးမည်ဖြစ်သည်။

ထိုဗီဒီယိုမှ တဆင့်ပြုလုပ်သော အစည်းအဝေးတွင် တောင်ကိုရီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အကြီးအကဲ ပင်အန်ဂျောင်နှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အကြီးအကဲ ဦးအောင်ကြည်တို့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ ဆိုးလ် မူဝါဒ ဒါရိုက်တာ ဘောလ်ဇက် ဟော်ဗက်နှင့် ထိုအဖွဲ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ တို့လည်းတက်ရောက်မည်ဟု သိရသည်။

တောင်ကိုရီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လွန်ခဲ့သော ဧပြီလ ကလည်း မြန်မာ အရာရှိများအတွက် အလုပ်ရုံဆွေးနွေးပွဲတခုကို အင်တာနက်မှ တဆင့်ကျင်းပပေးခဲ့သည်။

“တောင်ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒတွေကို မျှဝေရင်း အဂတိလိုက်စားမှုတိုက်ဖျက်ရော အခြေခံအဆောက်အအုံတွေကို ကူညီတည်ဆောင်ပေးအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတခုရဲ့ ရိုးသားတည်ကြည်မှုအဆင့် မြှင်တင်ပေးနိုင်ဖို့မျှော်လင့်ပါတယ်” ဟု တောင်ကိုရီးယား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

တောက်ကိုရီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ကိုဆိုဗိုတွင်လည်း အလားတူ လုပ်ဆောင်ရန် ကြိုးစားနေသည်။

တောင်ကိုးရီးယားသည် နိုင်ငံတော် သမ္မတအဆင့်ထိ ပါဝင်သော အဂတိလိုက်စားမှုများဖြင့် နာမည်ကြီးသည်။ သို့သော် ထိုသို့သော အဆင့်မြင့်အရာရှိကြီးများ ပါဝင်ပတ်သက်သော အဂတိလိုက်စားမှုများကို ဖော်ထုတ်ပြီး အရေးယူသည်။

Transparency International အပြည်ပြည်ဆိုင်ရာ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့၏ ၂၀၁၆ ခုနှစ် စာရင်းတွင် ၁၇၆ နိုင်ငံတွင် ၅၂ နေရာအဆင့်တွင် ရှိသည်။

ကိုးကား။ ။ Yonhap

Did you find apk for android? You can find new Free Android Games and apps.
Loading