သတင်း

လေထုညစ်ညမ်းမှု လျော့နည်းအောင် အများပြည်သူပို့ဆောင်ရေးယာဉ်များ အခမဲ့ပြေးဆွဲဖို့ စီစဉ်နေတဲ့ ဂျာမနီနိုင်ငံ

Want create site? Find Free WordPress Themes and plugins.

လေထုညစ်ညမ်းမှု ပြဿနာကို ရင်ဆိုင်နေရတဲ့ ဂျာမနီနိုင်ငံဟာ အများပြည်သူပို့ဆောင်ရေးယာဉ်တွေ အခမဲ့ ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အရင်ဆုံး မြို့ကြီး ၅ မြို့ဖြစ်တဲ့ ဘွန်း၊ အက်ဆန်၊ ဟာရန်ဘတ်၊ ရုလင်ဂျန်နဲ့ မန်ဟိန်း မြို့တွေမှာ စမ်းသပ်ဖို့ စီစဉ်နေပြီး အဆင်ပြေရင် ဒီနှစ် ၂၀၁၈ ခုနှစ်၊ အကုန်ပိုင်းမှာ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

အဲဒီလို ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂျာမနီနိုင်ငံမှာ ကားလမ်းပိတ်ဆို့မှုတွေ လျော့နည်းသွားပြီး လေထုညစ်ညမ်းမှုကို လျော့ချဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ လေထု ညစ်ညမ်းမှုတွေကို လျော့ချမယ့် အစီအစဉ်ကြောင့် ဂျာမနီနိုင်ငံ အစိုးရက အဆိုပါအစီအစဉ် မူကြမ်း တင်သွင်းခဲ့ပါတယ်။

ဂျာမနီနိုင်ငံအနေနဲ့ လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းအောင် အများပြည်သူပို့ဆောင်ရေး ကဏ္ဍမှာ လျှပ်စစ်တက္ကစီ၊ လျှပ်စစ်ကား အရေအတွက် များလာအောင် တိုးမြှင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

အခုအဆိုပြုမှုဟာ အကြမ်းဖျင်း တင်ပြမှု အဆင့်သာရှိသေးပြီး အခမဲ့ပို့ဆောင်ရေး အစီအစဉ်တွေဟာ မျှော်မှန်း ထားတာထက် ဖော်ဆောင်ဖို့ ပိုခက်ခဲနိုင်ပါတယ်။ အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်တွေကို အခမဲ့ မလုပ်ခင် မေးခွန်းထုတ်စရာတွေ အများကြီးကျန်နေပါသေးတယ်။

အဓိကပြဿနာက မြို့နေလူထုဟာ ကိုယ်ပိုင်ကားတွေထက် အများပြည်သူသုံးယာဉ်တွေကို ပိုအားထားလာအောင် လုပ်ရမယ့် အချက်ပါပဲ။ ဘွန်းမြို့တော်ဝန်က “တကယ်လို့ အများပြည်သူပို့ဆောင်ရေးတွေ အခမဲ့ ဖြစ်သွားရင် ဘယ်ကား ထုတ်လုပ်တဲ့စက်ရုံက လျှပ်စစ်ဘတ်စ်ကားတွေကို လိုသလောက်ထုတ်ပေးမလဲ ဆိုတာ မကျိန်းသေးဘူး”လို့ ဆိုပါတယ်။

ဂျာမန်ပို့ဆောင်ရေး အဖွဲ့အစည်းဖြစ်တဲ့ VDV က အစိုးရရဲ့အစီအစဉ်ကို ဆန်းစစ် ဝေဖန်နေပြီး ကုန်ကျစရိတ်တွေကိုပါ တွက်ချက်ကြည့်နေပါတယ်။ VDV ရဲ့ စစ်တမ်းတွေအရ အများပြည်သူပို့ဆောင်ရေးကနေ လက်မှတ် ရောင်းရငွေဟာ တနှစ်ကို ပေါင် ၁၂ ဘီလီယံခန့် ရှိတယ်လို့ သိရပါတယ်။

ဂျာမနီအစိုးရ အဖွဲ့ကတော့ ဒီအစီအစဉ်ဟာ သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့စနစ်ကို ကြိုးပမ်း နေတာဆိုပြီး ကားထုတ်လုပ်သူတွေကို ချွေးသိပ်နေပါတယ်။

Ref : The Culture Trip

Did you find apk for android? You can find new Free Android Games and apps.
Loading