သတင်း

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်ရုပ်သိမ်းနိုင်မည့် ဥပဒေ ပြဋ္ဌာန်းရေး အချိန်ယူရမည်

Want create site? Find Free WordPress Themes and plugins.

 

NLD အစိုးရလက်ထက် “လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပဒေ” ကို ပြဋ္ဌာန်းနိုင်ရေးမှာ ပိုမိုပြည့်စုံ ကောင်းမွန်စေရန်အတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း ယနေ့ကျင်း ပသည့် အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ဖြေကြားသွား သည်။

အဆိုပါ ဥပဒေကို ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ပြဋ္ဌာန်းနိုင်ခြင်း မရှိသကဲ့သို့ ကရင်ပြည် နယ် မဲဆန္ဒနယ် အမှတ် ၅ မှ ကိုယ်စားလှယ် ဦးစိုးသန်းနိုင်က ယင်းဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း ရှိ၊ မရှိ ယနေ့ ကျင်းပသည့် အမျိုးသား လွှတ် တော် တွင် လည်း မေးမြန်းခြင်းဖြစ်သည်။

အဆိုပါမေးခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ဦးအောင်မြင့်က ပြန်လည်ဖြေကြား ရာ ယင်းဥပဒေကြမ်း ကို ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် တကြိမ်၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ တွင် တကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သော် လည်း လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲပြီးနောက် ဥပဒေ ကြမ်း ကော်မတီက အမျိုးသား ပြန် လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို ထိခိုက်နိုင်သည် ဆိုကာ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပြီးမှ အတည်ပြုရမည် ဥပဒေဖြစ်ကြောင်း အစီရင်ခဲ့သည်ဟု ဆိုသည်။

“ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းတဲ့အခါမှာလည်း ဒီအစီရင်ခံစာ အပေါ်မှာ လွှတ် တော် ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ပြီး ဆိုင်းငံ့ထားဖို့ အဆိုတင်သွင်းခဲ့ရာမှာ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခဲ့ပါ တယ်”ဟု ၎င်းက အမျိုးသား လွှတ်တော်တွင် ပြောသည်။

မေးခွန်းထုတ်သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းသန်းနိုင်ကမူ ဒီမိုကရေစီ စနစ် အရ ရွေးကောက်ပွဲများ တွင် ပြည်သူများက မိမိတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ပေးကြမည့် ကိုယ်စားလှယ်များကို ရွေးချယ်ပေးခဲ့ပြီးနောက် ယင်းကိုယ်စားလှယ်များသည် ပြည်သူ့အကျိုး စီးပွား ကို ဆောင်ရွက်ပေးနိုင်စွမ်း မရှိခြင်း၊ အရည်အချင်း မပြည့်ဝခြင်း၊ အကျင့်စာရိတ္တပျက်ယွင်းခြင်း၊ ဥပဒေတရပ်ရပ် ဖောက်ဖျက်ခြင်းရှိပါက ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိရမည်ဟု ၂၀၀၈ အခြေခံ ဥပဒေတွင် အတိအလင်း ဖော်ပြထားကြောင်း၊ သို့သော် ယနေ့အချိန်အထိ ယင်းအခွင့် အရေးကို ပြည်သူများ မခံစားရသေးကြောင်း ဆိုသည်။

ယခင် သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို သမ္မတ၊ လွှတ်တော် ဥက္ကဌ အပါအဝင် မည်သူကမျှ ဖြုတ်ချနိုင်ခြင်း မရှိ၍ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း (Right to Recall)ဆိုသည်မှာ ရှိသင့် ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းထားတယ်။ ပြည်သူလူထုနဲ့ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စား လှယ်တွေနဲ့ Check and Balance ဆိုတာက သူတို့က တာဝန်ပေးပြီး ရွေးလိုက်တဲ့ ကိုယ်စားလှယ်က ဖောက်ပြန်သွားရင် ဒါက ပြန်ထိန်းကျောင်းတဲ့ စနစ်ပဲလေ”ဟု ပြောသည်။

အခြေခံဥပဒေပုဒ်မ ၃၉၆(ခ)တွင်လည်း “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်း ဆုံး ၁ ရာခိုင်နှုန်း တို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက် သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်”ဟု ပြဌာန်းထားရာ ယင်း ၁ ရာခိုင်နှုန်းကိစ္စမှာ ပြဿနာရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။

“အဲဒီထဲက ၁ ရာခိုင်နှုန်း ဆိုတာကတော့ ကိုယ်ကိုကိုယ် မဲမပေးခဲ့တဲ့ အတိုက်အခံနဲ့ အခြားအင်အားစု က ၁ ရာခိုင်နှုန်းကို ထည့်သွင်း တွက်ချက်မယ်ဆိုရင်တော့ ဥပဒေအရ စဉ်းစားစရာ အချက်တွေ ပေါ်လာလိမ့်မယ်။ ၁ ရာခိုင်နှုန်းကတော့ ပြဿနာရှိတယ်။ ဘယ်ကိုယ်စားလှယ်မှ ၉၉ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့တာ မဟုတ်ဘူး။ အခြားအဖွဲ့အစည်းက လူတွေ က ၁ ရာခိုင်နှုန်းနဲ့ အမြဲတန်း တိုင်နေရင် ဘယ်လို လုပ်မလဲ။ အဲဒါမျိုးတော့ ထည့်စဉ်းစားရမယ်”ဟု ၎င်းက အကြံပြုသည်။

သို့သော် ရွေးချယ်တင်မြောက်ထားသည့် ကိုယ်စားလှယ်များသည် ထိုက်တန်သည့် အနေအထား မရှိပါက ကိုယ်စားလှယ် များကို ထိန်းကျောင်းမည့် Right to Recall မှာ ရှိသင့်သော်လည်း ဥပဒေရေး ရာ ပြဿနာအနေဖြင့် စဉ်းစားရဦးမည် ဖြစ်ကြောင်း မကွေးတိုင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လည်း ဖြစ်သူ ဦးအောင်ကြည်ညွှန့်က ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ယင်း ၁ ရာခိုင်နှုန်းကိစ္စမှာ ကိုယ်စားလှယ်များကို ဖြုတ်နိုင်ခြင်း မဟုတ် သေးဘဲ စွဲချက်တင်သည့် အဆင့်တွင်သာ ရှိသေးကြောင်း၊ မှန်ကန်မှသာ အရေးယူရမည် ဖြစ်ရာ သတ်မှတ် ချက်များ နှင့်မညီပါက UEC တွင် ငြင်းပယ်ခွင့်ရှိကြောင်း ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒလှမြင့်ကလည်း “ဒီရာခိုင်နှုန်းလေးကို အကြောင်း ပြပြီးတော့ မဖြစ် သင့် ပါဘူး ပြည်သူတွေအတွက် နစ်နာတာပေါ့”ဟု မှတ်ချက်ပြုသည်။

Right to Call ဆိုသည်မှာ မဲဆန္ဒရှင် ပြည်သူများ၏ ရပိုင်ခွင့် ဖြစ်၍ ကိုယ်စားလှယ်တဦးသည် သူ့ဒေသ၏ အကျိုး၊ နိုင်ငံ၏ အကျိုးကို မဆောင်ရွက်နိုင်ကပါက ပြန်ဖြုတ် ချပိုင်ခွင့်ဆိုုသည့် Right တခု ရှိရမည် ဖြစ်ရာ ထိုသို့ ဖြစ်စေရန် ၎င်းတို့ အစိုးရ တာဝန်ယူသည့် ကာလက ယင်းဥပဒေကို ပြဋ္ဌာန်းရန် ကြိုးစားခဲ့သော်လည်း အကြောင်း မညီညွှတ်၍ မအောင်မြင်ခဲ့ကြောင်း ဒေါက်တာ နန္ဒလှမြင့်က ပြောသည်။

UEC အဖွဲ့ဝင် ဦးအောင်မြင့်က “အဲဒီ ဥပဒေမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် အနှောင့် အယှက် လေးတွေ ရှိတယ်ဆိုပြီး လွှတ်တော်မှာ အကြေအတင် ဆွေးနွေးပြီးမှ ဆိုင်းငံ့ လိုက်ရတယ် ပထမအကြိမ်။ အဲဒီတော့ အခု တခါ ထပ်တင်တော့ကော အခု ဒီအခြေအနေတွေကို ကျော်လွှားသွားပြီလား”ဟု လွှတ်တော်အပြီးတွင် မေးခွန်းထုတ် သွား ခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြံ့ခိုင်ရေးပါတီမှ ပျော်ဘွယ်မြို့နယ် ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအား ပြဋ္ဌာန်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် UEC အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက် နေကြောင်း ဖြေကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading