သတင်း

ညောင်တုန်းတာတမံ တည်ဆောက်မှုတွင် ပါဝင်သည့် လယ်မြေများအတွက် လျော်ကြးပေးအပ်

ဧရာတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် စံကင်းကျွန်းဒေသ၌ တာတမံတည်ဆောက်ခဲ့ရာတွင် ရယူအသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် လျှော်ကြေးငွေ လယ်တဧကလျှင် ငွေကျပ် ၂၈ သိန်းနှုန်းဖြင့် ပေးအပ်ခဲ့သည်။

လယ်သမားများအား လျှော်ကြေးပေးအပ် / ဆလိုင်းသန့်စင်/ဧရာဝတီ)

ယင်းလျှော်ကြေးငွေ ပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ နေ့လည်ပိုင်း၌ ရန်ကုန်-ပုသိမ် ကားလမ်းအနီး ဆားမ လောက်ရေတံခါးရှိ ခန်းမဆောင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အလယ်ချောင်း၊ စွန်တနီး၊ ပါလှဲ့ကျေးရွာများမှ တောင်သူအား မြေယာလျှော်ကြေးငွေများ ပေးအပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ညောင်တုန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဆန်းနှင့် ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ မြေယာလျှော်ကြေးရယူမည့် လယ်သမားများ တက်ရောက်ခဲ့ ကြသည်။

Loading