သတင်း

စီးပွားရေး တည်ငြိမ်မှုမရှိဘဲ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှု စောလွန်းဟု ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံစီးပွားရေး အခြေအနေတည်ငြိမ်မှု မရှိသေးဘဲ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအစီအစဉ် စတင်မှုမှာ စောလွန်းနေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ မောင်မောင်လေးက “ဒီကိစ္စကို ပထမဦးဆုံး ဗွေဆော်ဦးကိုင်တဲ့သူကို ပြောချင်တာပါ။ မြန်မာနိုင်ငံက အခြေခံ အဆောက်အအုံတွေက အစ အဆင်သင့်ဘာမှ မဖြစ်သေးဘဲနဲ့ ငွေကြေးဖောင်းပွမှုတို့ ဘာတို့ကိုလည်း မထိန်သိမ်းနိုင်ဘဲနဲ့ လုပ်ခဲ့တယ်။ စီးပွားရေးက ဘာမှ မတည်ငြိမ်သေးဘဲ အနိမ့်ဆုံး လုပ်ခလစာကို သွားကိုင်တဲ့အခါ ဦးနင်းပဲ့ထောင်၊ ပဲ့နင်း ဦး ထောင် ဖြစ်ရပါတယ်။ ပေးနိုင်တဲ့လုပ်ငန်းတွေ ပေးနိုင်ပေမယ့် မပေးနိုင်တဲ့စက်ရုံတွေဆိုရင် ပိတ်ရနိုင်တယ်”ဟု ဆိုသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် အနိမ့်ဆုံးလုပ်ခ လစာ သတ်မှတ်နိုင်ရေး စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ထိတိုင် အလုပ်ရှင် အလုပ်သမားကြားတွင် အတည်ပြုနှုန်းထားတရပ် ထွက်ရှိရန် ညှိနှိုင်းနေရဆဲ ဖြစ်သည်။

ဒေါက်တာ မောင်မောင်လေးက ယင်းကိစ္စ၏ အကျိုးဆက်အနေဖြင့် ယခုအနိမ့်ဆုံး လုပ်ခလစာများ တိုးမြှင့်ပေးရမည့် အခြေ အနေတွင် လက်ခစား လုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများ ထိခိုက်မည်ဖြစ်ကြောင်း ဆက်လက် ပြောသည်။

အနည်းဆုံးအခကြေးငွေ တိုးမြှင့်လျှင် လက်ခစား စနစ် (CMP) ဖြင့် လုပ်ကိုင်သည့် အထည်ချုပ်လုပ်ငန်းများ အများဆုံး ထိ ခိုက်မည်ဖြစ်ကာ လုပ်သားခန့်ထားနိုင်စွမ်း သိသိသာသာ လျော့ကျမည်ဖြစ်ကြောင်း UMFCCI က ၂၀၁၈ ဇန်နဝါရီလ၌ ထုတ်ပြန်သည့် အနည်းဆုံး အခကြေးငွေနှင့် အလုပ်အကိုင်ဖန်တီးနိုင်မှု လုပ်ငန်းစစ်တမ်းတွင် ဖော်ပြထားသည်။

အနိမ့်ဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး နေရာ ဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။

ယင်းနှုန်းထားမှာ အလုပ်သမားများအတွက် နေထိုင်မှုစရိတ် ကုန်ဈေးနှုန်း ကြီးမြင့်နေမှုတို့ကြောင့် အခက်အခဲ ဖြစ်သဖြင့် အလုပ်သမားများက ထပ်မံ တိုးမြှင့်ပေးရေး အတွက် နေရာအနှံ့ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြခြင်းနှင့် အကြိမ်ကြိမ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက် နေ့စွဲဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသား ကော်မတီက တရက် ၈ နာရီအတွက် ကျပ် ၄၈၀၀ အဖြစ် သတ်မှတ် ထုတ်ပြန်ခဲ့သည်။

အနည်းဆုံးအခကြေးငွေ ၄၈၀၀ ဖြစ်သွားပါက လုပ်သားအင်အားကို အခြေပြုပြီး လုပ်ရသည့် လုပ်ငန်းတချို့ ထိခိုက်မှုရှိ ကောင်းရှိနိုင်သော်လည်း အခြားသော လုပ်ငန်း အမျိုးအစားများ ထိခိုက်နိုင်မည် မဟုတ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ် ဆေးရေးဦးစီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာန ဒု ညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင် က ပြောဆိုသည်။

“လုပ်ငန်းရှင်တွေအနေနဲ့ တွက်မယ်ဆိုရင်တော့ ၄၈၀၀ ကထိခိုက်မယ်တော့ မထင်ပါဘူး။ အနည်းငယ် ထိခိုက်မှာကတော့ လုပ်အား အခြေပြုတဲ့ လုပ်ငန်းပေါ့။ ဥပမာ မုန့်လုပ်ငန်းလိုမျိုးပေါ့ သူကလုပ်သားတွေ သုံးရတာရှိတယ်။ လက်ခစား လုပ် ငန်း တွေ၊ လူများများ သုံးရတဲ့ လုပ်ငန်းတွေက လုပ်ငန်းရှင်တွေကတော့ လုပ်အားခပေးရတာ ပိုများသွားတာပေါ့။ ကျန်တဲ့ လုပ်ငန်း အမျိုးအစားတွေကတော့ ထိခိုက်မှု မရှိနိုင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ခစားမဟုတ်သည့် အခြားဝန်ဆောင်မှု လုပ်ငန်းများ အနေဖြင့်လည်း အခက်အခဲ မရှိနိုင်ကြောင်း အသေးစား ချေးငွေ လုပ်ငန်း တခုဖြစ်သည့် MIFIDA – Microfinance Delta International co,Ltd စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဆွေ က ပြောဆိုသည်။

“ကျနော်တို့ဆီမှာဆို ရုံးသန့်ရှင်းရေးပဲ အဲဒီနှုန်းနဲ့ ပေးတာ။ အခြားအဆင့် အနိမ့်ဆုံးဝန်ထမ်းဆို ၁ သိန်း ၇ သောင်းလောက် ပေးထားတာဆိုတော့ ၄၈၀၀ ပေးရလည်း ပြဿနာ မရှိဘူး။ အဲဒီအထက်မှာပဲ ကျနော်တို့က ပေးထားတာ”ဟုလည်း ၎င်း က ဆိုသည်။

လက်ခစား စနစ်ဖြင့် လုပ်ကိုင်သည့် အထည်ချုပ် လုပ်ငန်းကဲ့သို့သော လုပ်ငန်းများ အနေဖြင့် အလုပ်သမားများနှင့် အလုပ် ရှင်များကြား ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်းဖြင့်သာ လတ်တလော မြင့်တက်လာမည့် လုပ်ခ လစာနှုန်းထား ပြဿနာ ကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်လေးက ပြောဆိုသည်။

“သတ်မှတ်ပြီးပြီ ဆိုရင်တော့ လုပ်ငန်းရှင်နှင့် အလုပ်သမားကြား ထင်သာမြင်သာရှိဖို့ လိုတယ်။ ဥပမာ ငါဒီလောက် ရတယ်။ ဒီလောက်ပေးနိုင်တယ်။ ဒီလောက်မြတ်မယ် ဆိုတာမျိုး ချပြပြီး ဆွေးနွေးသင့်တယ်။ နို့မို့ဆိုရင် အကုန်ပြိုလဲလိမ့်မယ်”လည်း ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနစ် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်၌ ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ အနည်းဆုံးအခကြေးငွေ နှုန်းထားများကို ၂ နှစ်လျှင် ၁ ကြိမ်နှုန်းဖြင့် ပြောင်းလဲ သတ်မှတ်ရမည် ဟု ပါရှိ သည်။

မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် လုပ်ငန်း စုစုပေါင်း ၁သိန်း ၂ သောင်းကျော် ရှိသည့်အနက် ၉၈ ရာခိုင်နှုန်းမှာ အသေး စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (SME) များဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် သည့် စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading