သတင်း

မြောက်ကိုရီးယားခေါင်းဆောင်များ ဘရာဇီးနိုင်ငံကူးလက်မှတ်အတု ပြုလုပ်၍ သုံးစွဲခဲ့ဟုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဖခင်ကင်ဂျုံအီတို့ နှစ်ဦးလုံးသည် ဘရာဇီးနိုင်ငံသား နိုင်ငံကူးလက်မှတ်များ ကို လိမ်လည်ပြုလုပ်၍ ၁၉၉၀ ပြည့်လွန်နှစ်များက အနောက်အုပ်စုနိုင်ငံများထံ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ရန် သုံးခဲ့ကြောင်း အနောက်ဥရောပ အဆင့်မြင့်လုံခြုံရေးရင်းမြစ် ၅ ခုကို ကိုးကားပြီး Reuters သတင်းကဆိုသည်။

လူတူမရှား၊ နာမည်မရှားဟူသောဟန်ဆောင်မှုဖြင့် မြောက်ကိုရီးယားအာဏာရှင်မိသားစုသည် ခရီး သွားလာရေးအတွက် နိုင်ငံကူးလက်မှတ်များ လိမ်လည်ကိုင်ဆောင်ခဲ့ကြောင်း ခိုင်လုံသည့်နမူနာ အနည်းငယ် ပေါ်ထွက်လာခဲ့သည်။

သတင်းထောက်များရရှိခဲ့သည့် ဘရာဇီးနိုင်ငံကူးလက်မှတ် ဓာတ်ပုံမိတ္တူများမှာ ယခင်က အများပြည် သူသိရှိအောင် ချပြခဲ့ခြင်းမရှိပေ။

“ကင်ဂျုံအန်းနဲ့ ကင်ဂျုံအီတို့ရဲ့ ထင်ရှားပီပြင်တဲ့ဓာတ်ပုံတွေနဲ့ ဘရာဇီးနိုင်ငံကူးလက်မှတ်ကို သူတို့ သုံးပြီး နိုင်ငံခြားသံရုံး တွေက ပြည်ဝင်ခွင့်ရအောင် ကြိုးစားခဲ့ကြတယ်” ဟု အမည်မဖော်လိုသည့် အနောက်အုပ်စုအဆင့်မြင့် လုံခြုံရေးရင်းမြစ် တခုက ဆိုသည်။

“ဒါက ဘာကိုပြနေသလဲဆိုရင် အာဏာရှင်မိသားစုဟာ ခရီးသွားချင်တဲ့ဆန္ဒရှိနေတာရယ်၊ တခုခုဆို ထွက်ပြေးဖို့ လမ်းကြောင်းဖန်တီးထားတယ်ဆိုတာရယ်ကို ပြသနေပါတယ်” ဟု အဆိုပါလုံခြုံရေး သတင်းရင်းမြစ်က ပြောသည်။

ယင်းသတင်းနှင့် ပတ်သက်၍ ဘရာဇီးနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးက သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ပြီး ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆိုပါသတင်းကို စုံစမ်းစိစစ်ဆဲဖြစ်ကြောင်း ဆိုသည်။

အမည်မဖော်လိုသူ ဘရာဇီးသတင်းရင်းမြစ်တခု၏အဆိုရ ယင်းနိုင်ငံကူးလက်မှတ်နှစ်ခုလုံးမှာ ကောင်စစ်ဆိုင်ရာစိစစ်ရန် ပို့လိုက်သည့်အချိန်တွင် အသွင်ယူ၍ နိုင်ငံကူးလက်မှတ်အဖြစ် တရားဝင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနိုင်ငံကူးလက်မှတ်များတွင် ကင်မ်၏အမည်ကို ဂျိုးဇက်ပေါင်နှင့် အိုင်ဂျောင်တီခွိုင်ဟူ၍ အနောက် နိုင်ငံနှစ်ခုတွင် ဗီဇာလျှောက်နိုင်ရန် ဖန်တီးပြုလုပ်ထားကြောင်း အခြား အနောက်ဥရောပလုံခြုံရေး သတင်းရင်းမြစ်လေးခုက အတည်ပြု သည်။

ယင်းနိုင်ငံကူးလက်မှတ်များဖြင့် မည်သည့်ဗီဇာရရှိခဲ့ကြောင်းဆိုသောအချက်မှာ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ယင်းနိုင်ငံကူးလက်မှတ်များဖြင့် ဘရာဇီးနိုင်ငံ၊ ဂျပန်၊ ဟောင်ကောင်တို့ သွားရောက်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များ က ဆိုသည်။

၂၀၁၁ ခုနှစ်က ဂျပန်သတင်းစာတစောင်ဖြစ်သည့် Yomiuri Shimbun က ကင်ဂျုံအန်းသည် ၁၉၉၁ ခုနှစ် ကလေးဘဝက ဘရာဇီးနိုင်ငံကူးလက်မှတ်ကိုင်၍ တိုကျိုသို့ လာခဲ့ကြောင်း ဆိုသည်။

Loading