ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာအနီးတွင် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ် အချိန် ခန့်က မော်တော်ယာဉ် ၃ စီးဆင့် တိုက်မှု့ဖြစ်ပွားခဲ့ရာ သံဃာ ၂ ပါးအပါအဝင် လူ ၇ ဦး ပွဲချင်းပြီး သေဆုံးကာ လူ ၁၂ ဦး ဒဏ်ရာရခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း (၁၉)နှစ် မောင်းနှင်သည့် ဘုန်းကြီးတပါး၊ ကိုရင်တပါး နှင့်လူ ၁ ဦး စီးနင်းလိုက် ပါလာ သည့် ပရိုဘောက်ကားမှာ ဝါးများတင်ဆောင် လာသည့် ကုန်ကားကြီး ၏ နောက်ပိုင်းကို တိုက်မိပြီး တဖက် ယဉ်ကျောပေါ်သို့ ကန့်လန့်ရောက်သွားရာမှ ရန်ကုန်မြို့မှ ဟင်္သာ တ ဘက်သို့ ဦးတည်မောင်းနှင်လာသည့် Daihatsu ကားဖြင့် ထပ်မံဝင်တိုက်ခဲ့ပြီး ဘုန်းကြီးတပါး၊ ကိုရင်တပါး၊ အမျိုးသား ၃ ဦး၊ အသက် ၈ နှစ် အရွယ်နှင့် ၅ နှစ်အရွယ် အမျိုးသမီး ၂ ဦး၊ စုစုပေါင်းလူ ၇ ဦးသေဆုံးခဲ့ကြောင်း ဓနုဖြူမြို့မရဲစခန်းက ပြောသည်။
“တိုက်တာကတော့မင်္ဂလာဆောင်က ပြန်လာတဲ့ မိသားစုစီး ကားက သူ့လမ်းသူမောင်းလာတယ်ပေါ့။ ဟင်္သာတကနေ လာတဲ့ကားက ရှေ့ကဝါးတင်ထားတဲ့ ကားကြီးနောက်ကို ဝင်တိုက်ပြီး သူဟာသူလည် ထွက်ပြီးတော့မှ တဖက်က မျက်နှာ ချင်းဆိုင်လာတဲ့ ကားနဲ့ဝင်တိုက်မိတာပါ´ဟု ဓနုဖြူမြို့မရဲစခန်းမှုး ဒုရဲမှုးေအေးမင်းကဆိုသည်။
ဒဏ်ရာရရှိသူများကို ဓနုဖြူမြို့ လူမှုရေးအဖွဲ့များက ဓနုဖြူဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံး သူ ၇ ဦး ကို ဓနုဖြူဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
“ဝါးကားက လမ်းလယ်ခေါင်မှာ ရောင်ပြန်မပါ မီးမဖွင့်ဘဲ အမှောင်ထဲမှာ ရပ်ထားတော့ ဟင်္သာတက မောင်းလာတဲ့ ဘုန်ကြီး ကားက မမြင်ဘဲ ဝါးကားနောက်ကို ဝင်တိုက်ပြီး အခုလို ယာဉ် ၃ စီး ဆင့်တိုက်တာတွေ ဖြစ်ကုန်တာ။ ဘုန်းကြီးကားပေါ် ပါလာတဲ့ လူ ၄ ဦးစလုံး အကုန်သေတယ်။ ဒဏ်ရာရတဲ့လူတွေထဲမှာလည်း ၄ ဦးက ပြင်းထန်လို့ ရန်ကုန်ကို လွှဲပြောင်း ကုသနေတယ်”ဟု မြန်မာ့အလင်းကြေးမုံသတင်းစာ၏ ဓနုဖြူမြို့နယ် သတင်းထောက် ကိုအောင်မိုးဇော် က ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကျော်စိုးခိုင်ထွန်း (၁၉ နှစ်) ကို ဓနုဖြူမြို့မ ရဲစခန်းက
ယာဉ်(ပ) ၂၅ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ (က) ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်