• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အက်ဆစ်နှင့်ပက်ခံရသည့် အိမ်အကူအမျိုးသမီး ဆေးကုသရန် အကူအညီ လိုအပ်နေ

by ဒီလှိုင်းဝင်း
5 March 2018
in သတင်း
A A
အက်ဆစ်နှင့်ပက်ခံရသည့် အိမ်အကူအမျိုးသမီး / မန္တလေးတိုင်းရဲတပ်ဖွဲ့

အက်ဆစ်နှင့်ပက်ခံရသည့် အိမ်အကူအမျိုးသမီး / မန္တလေးတိုင်းရဲတပ်ဖွဲ့

25.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားသည့် အိမ်ရှင်၏ အက်ဆစ်နှင့် ပက်ခြင်းခံရသည့် အိမ် အကူမိန်ကလေး နန်းမေ ဇင်ဦး(၂၀နှစ်)မှာ ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ဆိုသည်။

အဆိုပါ အိမ်အကူမိန်းကလေး နန်းမေဇင်ဦးမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က အိမ်ရှင်ဖြစ်သူ နီနီနုနွယ် ဆိုသူက အက်ဆစ်ဖြင့် ပက်ကာ နှိပ်စက်သဖြင့် မျက်လုံးတဖက်ကွယ်ကာ မျက်နှာတခြမ်း ပျက်စီး သွားသည့်အပြင် ၈ နှစ်ခန့်ကြာ ပိတ်လှောင်ထား ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုင်း ဆိုင် ရာ ထိခိုက်မှုများရှိနေကြောင်း သိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
114
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
147
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
476

မန္တလေးတိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ တိုင်းအတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက “သူ့အတွက် လောလောဆယ် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတာ တော်တော်ကြာလာပြီဆိုတော့ အားပေးကူညီမှုတွေ လိုအပ်နေတာ အမှန်ပဲ။ နောက် ဒီကလေးကို ကုသလို့ရစေချင်တယ်။ အနည်းဆုံး မျက်နှာလေး ဖြစ်ဖြစ်ပေါ့၊ သူ့ရဲ့ဘဝရှေ့ရေးက ရှိသေးတယ်။ မျက်လုံး တဖက်တော့ ကွယ်သွားပြီ။ ခန္ဓာကိုယ်တခြမ်းလုံး အက်စစ်ပက်ခံရတဲ့ ဒဏ်ရာတွေ ကုသဖို့အတွက်လည်း ကျမတို့ ဆောင် ရွက်ပေးရမှာဖြစ်လို့ ကူညီကြစေလိုပါတယ်” ပြောသည်။

နှိပ်စက်ခံရသူ မနန်းမေဇင်ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာမှဖြစ်ပြီး ၂၀၀၈ ခုနှစ်က ချမ်းမြ သာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တခုတွင် တလကျပ် ၁ သောင်းဖြင့် အလုပ်လုပ် ရန် စတင်ခေါ် ဆောင် လာခြင်းဖြစ်ကြောင်း၊ ဒေါ်မိုးမိုးဆိုသူ အမျိုးသမီး၏ အစ်ကိုဖြစ်သူ ကုန်စုံဆိုင်တွင် အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်၌ အက်ဆစ်ဖြင့် ပက်ခံခဲ့ရခြင်းဖြစ် ကြောင်း အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ သိရသည်။

“ဒေါ်မိုးမိုးရဲ့ချွေးမ နီနီနုနွယ်နဲ့ ၂၀၁၀ မှာ သင်္ကြန်လည်ကြပြီး နောက်ပိုင်းမှာ ကောင်မလေးနဲ့ နီနီနုနွယ်တို့ ဆက်ဆံရေး အ ဆင်မပြေကြတော့ဘူး။ နှစ်ဆန်း ၁ ရက်နေ့မှာ ကောင်မလေးက ရေချိုးနေတဲ့အချိန် အက်ဆစ်နဲ့လောင်းခံလိုက်ရတယ်။ ကျနော်တို့နဲ့ စတွေ့ချိန်မှာ ကောင်မလေးက စိတ်တွေလှုပ်ရှားနေပြီး ဘာမှမပြောနိုင်ဘူး၊ စိတ်ပိုင်းဆိုင်ရာရော ကျန်းမာရေး ပိုင်းမှာပါ ထိခိုက်မှု တွေရှိတော့ နွေးနွေးထွေးထွေးနဲ့ စောင့်ရှောက်မှုတွေ အရင်လုပ်ပေးခဲ့ရတယ်” ဟု အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်က ပြောသည်။

ထိုသို့ အက်စစ်နှင့် ပက်ခဲ့မှုကြောင့် မနန်းမေဇင်ဦး၏ ဝဲဘက် မျက်နှာတခြမ်းပျက်စီးခဲ့ပြီး ဝဲဘက် မျက်လုံး ကွယ်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြမှုများအရ သိရသည်။

“အဲဒီကာလ ကောင်မလေးရဲ့ အဖေက အဆက်အသွယ်မရတာကြောင့် ရွာငံရဲစခန်းမှာ လူပျောက် တိုင်ထားတယ်။ အဲဒီ အချိန်မှာ တံတားဦးဘက်က စားသောက်ဆိုင် ၁ ဆိုင်က ရွာငံဘက်မှာ အလုပ် သမားသွားရှာတဲ့အခါ ရွာငံရဲစခန်းက လူ ပျောက်တိုင်ခံထားရတဲ့ ကောင်မလေးပုံကို ထုတ်ပြတော့ အဲဒီအထဲကလူက သိတယ်ဆိုပြီး ခေါ်သွားတာကြောင့် တွေ့ရ တာ။ အဲဒီအချိန်မှာ ကောင်မလေးက ဒဏ်ရာတွေ မကျက်သေးဘူး။ သူ့အဖေစိတ်ဆင်းရဲမှာ စိုးလို့ သူဖြစ်တာက အပြင်မှာ ဖြစ်ခဲ့တာပါလို့ ပြောခဲ့တယ်ဆိုတာ သိရတယ်” ဟု ရဲမှူးမျိုးဇင်က ဆက်လက်ပြောသည်။

ရရှိခဲ့သည့် ဒဏ်ရာများကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူ ရောက်လာ ချိန်တွင် ဆေးကုသပေး မည်ဖြစ်သဖြင့် အမှုမဖွင့်ရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ပြီး လက်မှတ်ထိုး ခိုင်းခဲ့ကြောင်း မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူကို ကျပ် ၁ သိန်း တကြိမ် သုံးလခန့်အကြာတွင် ကျပ် ၂ သိန်း တကြိမ်ပေးခဲ့ကြောင်း သိရသည်။

“အဲဒီနောက်ပိုင်းမှာ ကောင်မလေးရဲ့အဖေကလည်း ထပ်ပြီး အဆက်အသွယ်မလုပ်ခဲ့ဘူးလို့သိရတယ်၊ အက်စစ်နဲ့ ပက်လို့ ရတဲ့ဒဏ်ရာတွေကြောင့် ကောင်မလေးကို ၄ ၊ ၅ နှစ်လောက် အခန်းတွင်း ပိတ် လှောင်ထားခဲ့တယ်။ ဆေးကုသပေးမှု မရှိ ဘူးလို့လည်း သိရတယ်” ဟု ရဲမှူးမျိုးဇင်က ရှင်းပြသည်။

ထိုသို့ နေထိုင်စဉ် မနန်းမေဇင်ဦးအား အမှိုက်ပုံးသွန်ခိုင်းရာ မနိုင်သဖြင့် မှောက်ကျသည်ကို မနီနီ နုနွယ်မှ နံရံနှင့် တွန်းကန် ဆောင့်ခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်း ခြင်းများပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၎င်းတို့ အလစ် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့၍ ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ရခြင်းဟု သိရသည်။

“ဒီကလေးရဲ့ဒဏ်ရာက ကြာပြီဆိုတော့ ကျမတို့တဖွဲ့တည်းလုပ်လို့မရနိုင်ပါဘူး။ ကျမတို့အနေနဲ့က ကျန်းမာရေးအတွက် ဆက်လက် လုပ်ဆောင်ပေးဖို့ ဆန္ဒရှိနေပါတယ်။ ဆေးပညာရှင်တွေနဲ့ ပြသပြီး ကုသမှုအပိုင်းကို ဆက်လုပ်လို့ ရမယ်ဆိုရင် အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားပါမယ်။ ကျမတို့အနေနဲ့က ဒီကလေးကို တောက်လျှောက် ပြုစုစောင့် ရှောက်မှုတွေ၊ အဆင့်ဆင့်ကို သတင်းပို့ပြီး ပံပိုးကူညီပေးနိုင်သမျှ လုပ်ပေးသွားမယ်” ဟု ဒေါ်သန္တာဘုန်းဝင်းက ပြောသည်။

အိမ်အကူအမျိုးသမီးအား အက်စစ်ဖြင့် ပက်၍ ၈ နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းများကို ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုး သမီး၂ ဦးဖြစ်သည့် မနီနီနုနွယ်နှင့် ဒေါ်မိုးမိုးအား မတ် ၁ ရက်က ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်းသိရသည်။

“ဒေါ်မိုးမိုးနဲ့သူ့ချွေးမကိုတော့ အမှုဖွင့်ပြီး ဖမ်းဆီးထားပါပြီ။ ကောင်မလေးရဲ့လုပ်ခလစာမပေးတာတွေ အိမ်အတွင်းမှာ ပိတ်လှောင်ထားတာတွေ၊ ဒဏ်ရာရရှိအောင်နှိပ်စက်တာတွေကြောင့် လူကုန်ကူးမှုနဲ့ အရေးယူထားပါတယ်။ တိုင်းအတွင်း ပြည်တွင်း လူကုန်ကူးမှုတွေမှာ အခုလို အိမ်တွင်းမှာ ပိတ်လှောင် ထားပြီး ကိုယ်အင်္ဂါချို့ယွင်းအောင်အထိဖြစ်တဲ့အမှုက ဒီ ၁ မှုပဲရှိတယ်။ အခုဖြစ်စဉ်က ပြည်တွင်းမှာ တော့ ဖြစ်တောင့်ဖြစ်ခဲအမှုမျိုးပါ” ဟု ဒုရဲမှူးမျိုးဇင်က ဆက်လက်ပြောသည်။

အဆိုပါဖြစ်ရပ်များ ကျူးလွန်ခဲ့သူ မနီနီနုနွယ်နှင့်ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်ရဲစခန်းတွင် (ပ) ၁၀၁/၂၀၁၈၊ လူကုန်ကူး မှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ /၃၂ အရ ရဲမှူးမျိုးဇင်က တရားလို ပြုလုပ်၍ အမှုဖွင့်ဖမ်းဆီး အရေးယူထား ကြောင်း သိရသည်။

ယင်းသို့ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုကျုးလွန်လျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တသက် တကျွန်းအထိ ကျခံရနိုင်သလို လူကုန်ကူးမှုနှင့်အတူ ကြီးလေးသော ပြစ်မှုများကိုပါ ထပ်ဆင့်ကျူး လွန်လျှင် အမြင့်ဆုံး သေဒဏ်အထိ ကျခံရနိုင်ကြောင်းနှင့် အလားတူ အမျိုးသားများကိုလည်း လူကုန်ကူးမှု ကျုးလွန်လျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ကျခံစေရန် သတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်သန္တာဘုန်းဝင်း ကလည်း “အမှုကို ရုံးတင်ပြီးပြီဆိုတာနဲ့ တိုင်းအစိုးရအဖွဲ့ကို အကြောင်းကြားပြီး လူမှုဝန်ထမ်းက ဆက်လက်လုပ်ဆောင်သွားမယ့် အပေါ်မှာ ကျမတို့က ဘေးကနေ လိုအပ်တာကို ဆက်လက်ကူညီပေးသွားပါမယ်” ဟု ပြောသည်။

ဤကဲ့သို့ အိမ်အကူအား နှိပ်စက်မှုမျိုး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင် မိသားစုမှ နေ၍ အိမ်အကူမိန်းကလေး ၂ဦးအား နှိပ်စက်သည့်အတွက် မိသားစုဝင်ဖြစ်သည့် ဒေါ်တင်သူဇာအား ထောင်ဒဏ် ၁၆ နှစ် ၁လ၊ ကိုရာဇာထွန်းအား ပထောင်ဒဏ် ၁၃ နှစ် ၁ လ၊ မစုမွန်လတ်အား ထောင်ဒဏ် ၁၆ နှစ် ၁ လနှင့် ကိုတင်မင်း လတ်အား ထောင်ဒဏ် ၉ နှစ် ၁လ အသီးသီး ထောင်ဒဏ်များချမှတ်ခြင်းခံခဲ့ရသည်။

ဆက်စပ်ဖတ်ရှု့ရန် – အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၄ ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် မကွယ်လွန်မီ အမှားတွေကို ခွင့်လွှတ်ဖို့ မှာ 

Your Thoughts …
Tags: မန္တလေး အိမ်အကူအမျိုးသမီး နှိပ်စက်ခံရမှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
ဖန်တီးမှုအနုပညာနဲ့ ဇာခြင်ထောင် (ရုပ်/သံ)

ဖန်တီးမှုအနုပညာနဲ့ ဇာခြင်ထောင် (ရုပ်/သံ)

ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်(ခ) နိုင်ကြီး  / Yangon Police

လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို ဖမ်းမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate