သတင်း

သတ်မှတ်လိုက်သည့် လုပ်ခလစာနှုန်းထားသစ်ကြောင့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခ ဖြစ်နိုင်

Want create site? Find Free WordPress Themes and plugins.

အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ် အတည်ပြု သတ်မှတ်လိုက်သော်လည်း အလုပ်ရှင်ဘက်က ကျေနပ်နိုင်သည့် နှုန်းထား မဟုတ်ခြင်းကြောင့် အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခ ဖြစ်လာနိုင် ကြောင်း စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်ပေါင်းစုံ အလုပ်သမား သမဂ္ဂ အဖွဲ့ချူပ် ဒုတိယ ဥက္ကဋ္ဌ ဦးနော်အောင်က ဧရာဝတီသို့ ပြောသည်။

မတ်လ ၅ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတွင် အနည်း ဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ ၅ ကြိမ် မြောက် ညှိနှိုင်းဆွေးနွေးပွဲတွင် ၄၈၀၀ နှုန်းထား ကို အတည်ပြု သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်ကလည်း ဒီနှုန်းထားကို ကြိုက်လှချည်ရဲ့ မဟုတ်ဘူး၊ ၄၀၀၀ နဲ့ ၄၂၀၀ ပဲ ပေးနိုင်မယ် ဆိုပြီးတော့ နောက်ဆုံး အထိ ငြင်းချက်ထုတ်သွားတယ်။ ဒီနှုန်းထားအပေါ်မှာ အလုပ်ရှင်ဘက်က အလုပ်ပိတ်တာတွေ ဖြစ်လာနိုင်တယ်။ အဲဒီ တော့ အလုပ်သမားဘက်ကလည်း ဆန္ဒပြတာ၊ သပိတ် မှောက်တာ ဖြစ်လာနိုင်တယ်” ဟု သူက ပြောသည်။

ယခု သတ်မှတ်သည့်နှုန်းထားကို အလုပ်ရှင်ဘက်က ကန့်သတ်ဆွေးနွေးခဲ့သလို၊ အလုပ်သမား ဘက် ကလည်း ယခင် တောင်းဆိုထားသည့် ၅၆၀၀ နှုန်း မရရှိသဖြင့် အကြေအလည် ညှိနှိုင်း ဆွေးနွေးခဲ့ ရခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီနှုန်းထားတခု ထွက်လာပေမယ့် နှုန်းထား တခုရဲ့ နောက်ဆက်တွဲ လုပ်ရမယ့် ဟာတွေက အများ ကြီး ရှိပါတယ်။ အဲဒါက အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပေါ်မှာ အများကြီး မူတည်သွားပါပြီ။ တကယ်လို့သာ ကာလ တခုရောက်လို့ ဘာမှ ဖြစ်မလာဘူးဆိုရင် ဒါ အစိုးရ လုပ်ဆောင်မှု အားနည်း တယ်လို့ ပြစ်တင် ရှုတ်ချဖို့ပဲ ရှိတေ့ာတာပေါ့” ဟု ဦးနော်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်း စုစုပေါင်း ၁ သိန်း ၂ သောင်းကျော် ရှိသည့် အနက် ၉၈ ရာခိုင်နှုန်းမှာ အသေးစား၊ အလတ်စာနှင့် စီးပွားရေး လုပ်ငန်း (SME) ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် ၄၈၀၀ နှုန်းထား အသစ်ကို မတ်လ အတွင်းမှာပင် အကျိုးခံစားခွင့်ရ မည်ဖြစ်သည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “စီးပွားရေး ကော်မတီကို တင်ရမယ်။ စီးပွားရေးကော်မတီက ခွင့်ပြုချက်ရရင် သမ္မတ ရုံးကို တပြိုင်နက် တင်မယ်။ ပြီးရင် အစိုးရ အဖွဲ့ ကိုတင်မယ်။ ဧပြီလ မရောက်ခင် မတ်လထဲမှာပဲ အဆင်သင့် ဖြစ်မယ်လို့ မှန်းထားပါတယ်” ဟု အစည်း အဝေးအပြီး မီဒီယာများကိုပြောသည်။

ယခုကဲ့သို့ ပြင်ဆင် သတ်မှတ်လိုက်သည့် အနည်းဆုံး လုပ်ခ လစာ တရက်ကို ၄၈၀၀ နှုန်းထားမှာ အလုပ်သမား ၁၀ ဦးနှင့် အထက်ရှိသည့် လုပ်ငန်းများ အားလုံး အကျုံးဝင်ပေမယ့် အစိုးရ နေ့စား ဝန်ထမ်းများနှင့် ရုံးဝန်ထမ်းများ အားလုံးနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများ အတွက်သာ ဖြစ်ကြောင်း၊ အစိုးရ ဝန်ထမ်းများ အတွက် စံမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သင့်သည့် အချိန်၌ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးသိန်းဆွေက ပြောသည်။

၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်၌ ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေအရ အနည်းဆုံး အခကြေးငွေ နှုန်းထား များကို ၂ နှစ်လျှင် ၁ ကြိမ်နှုန်းဖြင့် ပြောင်းလဲ သတ်မှတ်ရမည်ဟု ပါရှိသည်။

လက်ဝါး အထည်ချူပ် စက်ရုံ လုပ်ငန်းရှင် ဒေါက်တာ ခင်မောင်အေးက “ အလုပ်ရှင်တွေက ကန့်ကွက် ပေမယ့်လည်း ဒီနှုန်းက အတည်ဖြစ်သွားပြီဆိုတေ့ာ၊ အလုပ်သမားက ပေးတဲ့ လစာနဲ့ ကိုက်ညီတဲ့ လုပ်အားကို ပြန်ပေးရမယ့် တာဝန်ရှိတယ်။ ပေးတဲ့ လစာနဲ့ ကိုက်ညီတဲ့ လုပ်အား ပြန်မရဘူးဆိုရင် လုပ်ငန်းကြီး တခုလုံး ရပ်ဆိုင်းသွားမှာထက်စာရင် မလုပ်နိုင်တဲ့ သူတွေကို လက်တွဲဖြုတ်ရမှာက သဘာ၀ ကျပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ် လိုက်သည့် ၄၈၀၀ နှုန်း အတိုင်းပေးပြီးပါက အလုပ်သမား များ၏ ကုန်ထုန်လုပ်မှု စွမ်းရည်များကို စောင့်ကြည့်သွားမည် ဖြစ်ပြီး ကုန်ထုတ်လုပ်မှု မတိုးတက်ပါက ၎င်း၏ စက်ရုံ၌ အလုပ်ဆက်လုပ်ခွင့် မပေးတေ့ာကြောင်း သိရသည်။

“ချက်ချင်း တေ့ာ မထုတ်ဘူး။ သတိပေးမယ်။ ခဏစောင့်ကြည့်မယ်။ တက်မလာဘူးဆို သတိ ထပ်ပေးမယ်။ လုံး၀ တိုးတက် မလာဘူးဆိုရင်တေ့ာ လက်တွဲဖြုတ်ရမှာပဲ” ဟု ဒေါက်တာ ခင်မောင်အေးက ဆိုသည်။

ဆက်စပ်ဖတ်ရှုရန် – စီးပွားရေး တည်ငြိမ်မှုမရှိဘဲ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှု စောလွန်းဟု ဆို

အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်သတ် မှတ်

Did you find apk for android? You can find new Free Android Games and apps.
Loading