• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့်ဆု ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ရရှိ

by ဧရာဝတီ
7 March 2018
in သတင်း
A A
သမ္မတ ဦးထင်ကျော် ပေးအပ်ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုကို ဦးအောင်ကိုဝင်း လက်ခံရယူစဉ်  / Myanmar President Office

သမ္မတ ဦးထင်ကျော် ပေးအပ်ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုကို ဦးအောင်ကိုဝင်း လက်ခံရယူစဉ် / Myanmar President Office

6.9k
VIEWS
Share on FacebookShare on Twitter

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့ သည့် ဆုများကို မနေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း အပါအဝင် တခြားသော လုပ်ငန်းရှင် ၁၀ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း မှာ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အထိ ၆ နှစ် ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သူဖြစ်သည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
423
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.9k

သမ္မတ ဦးထင်ကျော်က “နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခွန်တာဝန် ကျေကြသည့် လုပ်ငန်း ရှင်များကို မိမိ အနေဖြင့် အထူး ကျေးဇူးတင်ရှိသကဲ့သို့ နိုင်ငံ အတွက်လည်း ဂုဏ်ယူ ဝမ်းမြောက် ကြောင်း၊ နောင်တွင်လည်း ဆက်လက်၍ တာဝန် ကျေပွန် ပေးကြရန် ပြောကြားလိုကြောင်း၊ မိမိနိုင်ငံ အတွက် တာဝန်ကျေကြသည့် အတွက် အသိအမှတ်ပြု ဂုဏ်ပြုခြင်း ဖြစ်ကြောင်း” ယမန်နေ့က သမ္မတအိမ်တော်တွင် ပြုလုပ်သည့်ပွဲတွင် ပြောကြားသည်။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည့် အထဲတွင် ၂၀၁၆ − ၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂ သောင်း အထက် ဝင်ငွေခွန် ထမ်းဆောင် သည့် ကမ္ဘောဇဘဏ် အပါအဝင် သန်း ၁ သောင်းအောက် အခွန်ထမ်း ဆောင်သည့် ကုမ္ပဏီ ၇ ခုနှင့် ကျပ်သန်း ၅ ထောင်အောက် ဝင်ငွေခွန်ထမ်းဆောင်သည့် ကုမ္ပဏီ ၂ ခုတို့ ပါဝင်ကြောင်း သိရသည်။

ကျပ်သန်း ၁ သောင်းအောက် ဝင်ငွေခွန် ထမ်းဆောင်သည့် ကုမ္ပဏီ ၇ ခုတွင် သီလဝါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီနှင့် မြဝတီဘဏ်တို့ ပါဝင်ပြီး ကျပ်သန်း ငါးထောင်အောက် ဝင်ငွေခွန် ထမ်းဆောင် ထားသည့် ကုမ္ပဏီ ၂ ခုသည် မြန်မာ့ သြဘာကုမ္ပဏီနှင့် ဂျိမ်းဖောအောင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးထင်ကျော် ပေးအပ်ချီးမြှင့်သော ဂုဏ်ထူးဆောင် ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ရယူစဉ် / Myanmar President Office

ထို့အတွက် ဂျိမ်းဖောအောင် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နန်းလိုင်ခမ်းသည်လည်း ဖခင်ဖြစ် သူ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့်အတူ နိုင်ငံတော်၏ ဂုဏ်ပြုချီးမြှင့်မှုကို လက်ခံရရှိခဲ့သည်။

ဦးအောင်ကိုဝင်း မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလကလည်း အာစီယံ အဖွဲ့အစည်းကြီး၏ နှစ် ၅၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ပေးအပ်ချီးမြှင့်သော အာစီယံ နိုင်ငံအလိုက် ခေတ် အဆက်ဆက် အအောင်မြင်ဆုံးနှင့် ပြည်သူ့ အကျိုးပြု စံပြစီးပွား ရေး လုပ်ငန်းရှင်ဆု The Legacy Award ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး က ဂုဏ်ပြု ချီးမြှင့်ခြင်း ခံခဲ့ရသေးသည်။

ထို့အပြင် အင်္ဂလန်နိုင်ငံ အခြေစိုက် World Finance မှ ပေးအပ်ချီးမြှင့်သော အာရှတိုက်အတွက် “Banker of the Year in Asia” (စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည် အကောင်းဆုံးဘဏ် ဥက္ကဋ္ဌ) ဆုုကိုလည်း ၂၀၁၄ ၊ ၂၀၁၅ ၊ ၂၀၁၆ ခုနှစ်များအတွက် ၃ နှစ်ဆက်တိုက် ရရှိခဲ့သည်။

ဦးအောင်ကိုဝင်း နှင့် သမီးဖြစ်သူ ဒေါ်နန်းလိုင်ခမ်း/KBZ

ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကိုယ်တိုင် နာယက အဖြစ် ဦးဆောင်နေသည့် ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေး ရှင်း အနေဖြင့် လူမျိုး၊ ဘာသာ၊ နေရာ၊ ဒေသမရွေး ကူညီလှူဒါန်းမှုများ ပြုလုပ်နေရ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် ဒေသဖွံ့ဖြိုးရေး နှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေး၊ နိုင်ငံအတွင်း ကျရောက် ခဲ့သော သဘာဝ ဘေးအန္တရာယ်များ ကာကွယ် တားဆီးရေး၊ ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ ကူညီပံ့ပိုးမှုများ စသည့် ကဏ္ဍ အသီးသီးတို့ အတွက် စုစုပေါင်း ကျပ် ၁၃၈ ဘီလီယံ ကျော်ကို ပံ့ပိုးလှူဒါန်းခဲ့သည်။

ယင်းသို့ လှူဒါန်းမှုများထဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လျက်ရှိသော ရခိုင်ပြည် နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီသို့ ရခိုင်ပြည်နယ် ပြန်လည်ထူ ထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၆၅,၁၆၀ ထောက်ပံ့ လှူဒါန်း ပေးခဲ့သကဲ့သို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျပ်သိန်းပေါင်း ၃၀,၀၀၀ ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးရန်ပုံငွေ (NRPC-Peace Fund) အဖြစ်လှူဒါန်းခဲ့ခြင်း များလည်း ပါဝင်သည်။

ကမ္ဘောဇဘဏ်လီမီတက်ကို ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် တနိုင်ငံလုံး တွင် ဘဏ်ခွဲ စုစုပေါင်း ၅၀၀ ကျော်၊ ATM စက်ပေါင်း ၁၀၀၀ ကျော်၊ ဝန်ထမ်း အင်အား ၂၀၀၀၀ သောင်းကျော် ဖြင့် လည်ပတ်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန် – မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးလုပ်ငန်းကြီး တခု တည်ဆောက်နေသည့် KBZ မိသားစု 

Your Thoughts …
Tags: ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့်ဆု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
မင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae Joon

စွံသွားပြီဖြစ်တဲ့ “Tree of Heaven” ဇာတ်လမ်းတွဲမင်းသမီး အပျိုကြီး Park Shin Hye

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက် / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်း တက္ကသိုလ်ဝင် စာမေးပွဲကာလလုံခြုံရေး ရဲအင်အား ၁၈၀၀ ခန့် အသုံးပြု

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate