သတင်း

မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ရှိသော်လည်း ပိတ်ဆို့မှု ဖြေလျော့မည် မဟုတ်ဟုဆို

Want create site? Find Free WordPress Themes and plugins.

တတိယအကြိမ် တောင် မြောက် ကိုရီးယားထိပ်သီးအစည်းအဝေးအတွက် ပြုံယမ်းနှင့်တွေ့ဆုံရန် ရှိ သော်လည်း မြောက် ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများ ဖြေလျော့ပေးရန် အစီအစဉ်မရှိကြောင်း တောင်ကိုရီး ယားသမ္မတ မွန်ဂျေးအင်က ဗုဒ္ဒဟူးနေ့က ပြောသည်။

“ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးပွဲစဖို့အတွက် ပိတ်ဆို့မှုဖြေလျော့ပေးဖို့ ကျနော်တို့ အစီအစဉ် မရှိပါဘူး” ဟု သမ္မတ မွန်ဂျေးအင်က ညစာစားပွဲတခုတွင်ပြောကြောင်း ယွန်ဟပ်သတင်းဌာနက ကိုးကားဖော်ပြသည်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် နျူကလီးယား ကင်းစင်ရေးတို့ အတွက် အလွန်စိုးရိမ်စရာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သမ္မတက မှတ်ချက်ချသည်။ ယင်းအတွက် မြောက်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးပွဲ အတွက် တစုံတရာ မျှော်လင့်ချက်ထားရန် စောလွန်းနေ သေးကြောင်း၊ ယခုမှ အစသာရှိသေးကြောင်းလည်း ဆိုသည်။

နျူကလီးယား ကင်းစင်ရေးသည် တောင်ကိုရီးယား အစိုးရ၏ နောက်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ပြုံယမ်း၏ နျူကလီးယား အစီအစဉ် သို့မဟုတ် နူးကလီးယားမပြန့်ပွားရေး အပေါ် စိုးရိမ်နေရ ဆဲဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတက မှတ်ချက်ချသည်။

“ဒါပေမယ့် မြောက်ကိုရီးယားဘက်က ချက်ချင်း လက်နက်ဖျက်သိမ်းဖို့ ဆိုတာ ခက်ခဲနိုင်တယ်လို့ အကြောင်းပြစရာ ရှိပါတယ်။ ကျနော်တို့ လက်နက်ဖျက်သိမ်းတဲ့ အဆင့်ရောက်တဲ့ အထိ အဆင့်တချို့ ကို ဖြတ်သန်းရဦးမယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု သမ္မတမွန်ဂျေးအင်က ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ကလည်း မြောက်ကိုရီးယားနှင့် ဆွေးနွေးရေးမှာ အလားအလာ ရှိသည် ဆိုသော်လည်း မှားယွင်းသည့် မျှော်လင့်ချက်လည်း ဖြစ်နိုင်ကြောင်းသတိပေးချက်ကို ဆိုရှယ် မီဒီယာ Twitter တွင်ရေးသားထားသည်။

အမေရိကန်သမ္မတက သတိကြီးကြီးဖြင့် အကောင်းမြင်ကမ်းလှမ်းသော်လည်း “မှားယွင်းသော မျှော်လင့်ချက်” သို့ ယင်းဖြစ် စဉ်က ဆိုက်ရောက်သွားနိုင်ကြောင်း ထောက်ပြထားသည်။

ဆွီဒင်ဝန်ကြီးချုပ်နှင့် အင်္ဂါနေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတရပ်တွင် အကယ်၍ မြောက် ကိုရီးယား ဘက်က သဘောရိုးဖြင့်ဆွေးနွေးမည်ဆိုပါက နှလုံးသားဖြင့် ပြောင်းလဲနိုင်မည်လားဟူ၍ သမ္မတထရမ့်ကို မီဒီယာများက မေးခွန်းထုတ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading