သတင်း

ဒေါ်အောင်ဆန်းကြည်ထံက Holocaust ဆု ပြန်ရုပ်သိမ်း

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ Holocaust ပြတိုက်(နာဇီများက ဂျူးလူမျိုးသုတ်သင်ခြင်း သမိုင်းပြတိုက်) က မြန်မာ အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် လူ့အခွင့်အရေး အဓိက စွမ်းဆောင်ဆုကို ပြန်လည် ရုပ်သိမ်းကြောင်း မနေ့က ကြေညာသည်။

အယ်လီဝီဇဲ(Elie Wiesel) အမည်ရှိဆုကို ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၁၂ ခုနှစ်က ပေးအပ် ခဲ့ဖြစ်ပြီး၊ သူမအနေဖြင့် ရခိုင်နယ်စပ်က ဘင်္ဂါလီများအား ရှင်းလင်းဖယ်ရှားမှုနဲ့ ပတ်သက်ပြီး ရပ်တန့်စေရန် မပြုလုပ်နိုင်ခဲ့သလို ကျူးလွန်မှုများ ကိုလည်း အသိအမှတ်မပြုသည့်အတွက် တာဝန်ရှိသည်ဟု ယူဆ၍ ဖြစ်ကြောင်းလည်း ပြတိုက်ကဆိုသည်။

ပြတိုက်မှ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပေးပို့သော စာတွင် “သူမသည် ကုလသမဂ္ဂ စုံစမ်းရေးမှူး များနှင့် ပူးပေါင်း လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး၊ ဘင်္ဂါလီအသိုင်းအဝိုင်းကို ဆန့်ကျင်သည့် အမုန်း စကားအခေါ်အပြောများ ပြန့်ပွားခဲ့ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဖွင့်ချရန် ကြိုးပမ်းခဲ့သည့်သတင်းထောက်များကို ဖြိုခွင်းခဲ့ပြီး ဆက်စပ်ထိတွေ့ရန် ငြင်းဆန်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ယခုရုတ်သိမ်းခံရသောဆုသည် အယ်လီဝီဇဲကိုယ်တိုင်ပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လက်ခံရရှိသူဖြစ်သည်။ ယင်းဆုကို နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြောင်မြောက်စွာ စွမ်းဆောင်သူ တဦးဦးကို ရွေးချယ်ချီးမြှင့် ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့က အစိုးရ၏ နယ်စပ်စခန်းများကို တိုက်ခိုက်ခဲ့သလို၊ ဒေသခံ တိုင်းရင်းသား မြိုလူမျိုးများနှင့် ဟိန္ဒူများကို ရက်စက်စွာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ အစိုးရတပ်မှနေ၍ နယ်မြေ ရှင်းလင်းရာ ဘင်္ဂါလီ ၆ သိန်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည်။

အဆိုပါ ဆု ရုပ်သိမ်းသည့်စာကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့ရှိ မြန်မာသံရုံး ကတဆင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ယင်းစာနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြတိုက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်၍ စိတ်ပျက်မိကြောင်း၊ ပြတိုက်ဟာ အဖြစ်မှန် ကို မျက်ကွယ်ပြုထားသည့် လူများ၏ အသုံးချမှုကို ခံရတာဖြစ် ကြောင်း၊ ပြတိုက်ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာပြည်သူများ၏ ထောက်ခံမှုပြောင်းသွားမှာ မဟုတ်ကြောင်း VOA သတင်းရဲ့ မေးမြန်းချက်မှာ ဖြေဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading