သတင်း

မန္တလေး၌ ကျပ် ၁၄ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ စံချိန်တင်ဖမ်းမိ

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်တွင် ရပ်နားထားသည့် ကားတစီးပေါ်မှ ကျပ် ၁၄ ဘီလီယံကျော်တန်ဖိုး ရှိ မူးယစ်ဆေးပြား နှင့် ဘိန်းဖြူများ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံး အကြိမ် စံချိန်တင်ဖမ်းမိခဲ့သည်။

ဖြစ်စဉ်မှာ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ဇလပ်ဝါလမ်းနှင့် ခိုင်ရွှေ ဝါ လမ်းကြား၊ မြို့သစ် အမှတ် (၂) ဆရ ပ်ကွက်၊ အား/ကာ ဘောလုံးကွင်း တိုက်ခန်း ရှေ့တွင် ကား တစီး လာရောက်ရပ်နားထားသည်မှာ ၂ရက် ခန့် ရှိပြီဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူတဦးက အမှတ် ၁၁နယ်မြေ ရဲစခန်းသို့ သတင်းပေးချက်အရ သွားရောက် စစ် ဆေးရာ မူးယစ်ဆေးဝါးမျိုးစုံကို ကားအပြည့်တင်ဆောင်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

မန္တလေးတိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ခွဲမှူး တီခေါင်လွမ်းက “လက်ရှိ ဒီမူးယစ်ဆေးဝါးများနဲ့ ပက်သက်ပြီး ကျနော်တို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့နဲ့အတူ နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆက်လက် စစ်ဆေးနေပါတယ်။ ကားနဲ့ပတ်သက်ပြီး ပိုင်ဆိုင်သူ ရှိတာကြောင့် ကားပိုင်ရှင်ကို ဆက်လက် စုံစမ်းနေပါတယ်” ဟုပြော သည်။

အဆိုပါကားအတွင်းမှ 88 နှင့် 1 စာတမ်းပါ စိတ်ကြွဆေးပြား ၁၀သိန်း၊ WY စာတမ်းပါ စိတ်ကြွဆေး ပြား စိတ်ကြွဆေးပြား ၁၈ သိန်း၊ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂၀(၂ ဒသမ ၂ ကီလိုဂရမ်)၊ ဘိန်းဖြူ ၃၀၀ ဂရမ်ပါ (၆) ထုပ် (၁ ဒသမ ၈ ကီလိုဂရမ်) ဘိန်းဖြူဘလောက်တုံး (၃၅၀) ဂရမ်ပါ ၂ တုံး(၀ ဒသမ ၇ ကီလိုဂရမ်)၊ ICE ၁ ကီလိုဂရမ်၊ ဆိုဒီယမ် ဟိုက်ဒြောဆိုဒ် ၀ ဒသမ ၁၅ ကီလိုဂရမ်နှင့် လိင်စိတ်ကြွ ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိခြင်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးကျော်ကျော်မင်း တို့လာရောက်စစ်ဆေးခဲ့သည်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ မန္တလေးမှာ အများဆုံး မိတာပါ။ ဝင်လာတာကတော့ များနေ မှာပဲ။ ဘာကြောင့်လဲဆို တော့ မန္တလေးမြို့ကဆုံမှတ်နေရာတစ်ခုဖြစ်နေလို့။ မန္တလေးကထွက်တာ မဟုတ်ဘူး၊ ဝင်ပေါက်တွေအကုန်လုံးကနေ ဝင်နေ တယ်။ ဒီကနေ ဆက်မဖြန့်နိုင်အောင်လည်း ပိတ်ဆို့ အရေးယူမှု တွေ လုပ်နေတယ်။ မိတာတွေကတော့ အများကြီးပဲ။ တို့ဘက်ကတော့ဖမ်းဆီးလို့ရနိုင်သမျှ ဖမ်းဆီးပြီး တရားစွဲဆိုတင်ပို့နေတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တရာခံကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ဖို့၊ ကွင်းဆက်တွေအားလုံးကို ရှာဖွေဖော်ထုတ် ဖမ်းဆီးဖို့ လုပ်ဆောင်မှာပါ”ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများ၏ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၄၄၅၈၄သိန်း တန်ဖိုးရှိပြီး အမှတ်၁၁ နယ်မြေ ရဲစခန်းတွင် (ပ )၅/၂၀၁၈ မူးယစ်ပုဒ်မ ၁၉ကဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါးများစံချိန်ဖမ်းဆီးရမိခြင်းကို ၂၀၁၇ခုနှစ်အတွင်းက မန္တလေးခရိုင် ပြည်ကြီး တံခွန်မြို့နယ်အတွင်း၌ ကျပ်သိန်းပေါင်း ၁၂၀၀၀ကျော်ဖိုးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(မန္တလေး တောင်းပိုင်)တပ်ဖွဲ့၏မှတ်တမ်းများအရသိရသည်

Loading