ကရင်ပြည်နယ် ဘားအံမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် KNU/KNLA (PC) အဖွဲ့နံပါတ် တပ်ထား သော စောအောင်ချစ်စု မောင်းနှင်လာသော Honda Fix ခဲနုရောင်ကားကို မော်လမြိုင် စက်မှုဇုန် စစ်ဆေးရေးဂိတ်တွင် မနေ့ညက ရပ်တန့်ရှာဖွေရာ WY စိတ်ကြွရူးသွပ်ဆေးပြား ၇၆၈၀ ကို ဖမ်းမိသည်။
အဆိုပါ စိတ်ကြွဆေးများကို ကားနောက်ခန်းရှိ ဘီးအပိုထည့်ရာ အံခွက်အတွင်း မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ကားပေါ်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရွာနေ ယာဉ်မောင်း စောအောင်ချစ် စု(၂၆နှစ်)နှင့် နှင့်အတူ စောအောင်ရဲဆွေ(၂၁)လည်း လိုက်ပါလာသည်။
၎င်းတို့ ၂ဦးကို ဘားအံမြို့နယ် ဇွဲကပင်တောင်အနီး နောင်လုံကျေးရွာနေ စောတင်ညွှန့်က စိတ်ကြွ ဆေးများပါသော မော်တော်ယာဉ်ကို ခလယ်တံခွန်တိုင်ကျေးရွာသို့ ပို့ဆောင်ပေးရန် စေခိုင်း၍ လူငယ်နှစ်ဦးက မော်တော်ယာဉ်ကို မောင်းနှင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယာဉ်မောင်း စောအောင်ချစ်စုနှင့် ယာဉ်နှင့် လိုက်ပါလာသော စောအောင်ရဲဆွေအပြင် စိတ်ကြွဆေးပြားများပါ သည့်ယာဉ်အား သယ်ဆောင်ခိုင်းသူ စောတင်ညွှန့်တို့ကို စက်မှုဇုန်နယ်မြေရဲစခန်းတွင် မယ (ပ)၂/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စက်မှုဇုန်နယ်မြေရဲစခန်းက ပြောသည်။