သတင်း

ရန်ကုန်တိုင်း မြို့နယ် ၂၆ မြို့နယ်ရှိ နေရာအချို့ အချိန်ပိုင်းမီးပြတ်တောက်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းအတွင်း ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများထိန်းသိမ်း ပြုပြင်ခြင်း ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများပြုလုပ်မည် ဖြစ်သည့်အတွက် မြို့နယ် ၂၆ မြို့နယ်တွင် အချိန်ပိုင်း မီးပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ငန်းများကို မတ်၂၂ ရက် (ကြာသပတေး) တွင် ပြုလုပ်မည် ဖြစ်သောကြောင့် နံနက် ၉ နာရီမှ ၁၂ နာရီအ တွင်း မြို့နယ် ၂၆ မြို့နယ်ရှိ ပြုပြင်မည့် ဓာတ်အားလိုင်းမှ ပေးနေသော ဧရိယာတဝိုက်တွင် ပြတ်တောက်မည် ဖြစ်ကြောင်း ကို YESC မှ သိရသည်။

“မြို့နယ်တွေ ကြေညာထားပေမယ့်လည်း တမြို့နယ်လုံးပြတ်မှာ မဟုတ်ဘူး။ နားလည်မှု လွဲသွားမှာစိုးလို့ပါ။ ဥပမာ ကျမတို့ လုပ်ငန်းဆောင်ရွက်မယ့် ဓာတ်အားလိုင်းကမှ တဆင့် ဓာတ်အားပေးထားတဲ့ ဧရိယာပေါ့ အဲဒါလေးပဲ ပျက်မှာပါ။ မြို့နယ် တမြို့နယ်လုံး မပြတ်အောင်လည်း ကျမတို့က အလှည့်ကျ လုပ်တာပေါ့” ဟု YESC မှ တာဝန်ရှိသူတဦးက ပြောသည်။

အချိန်ပိုင်း မီးပြတ်တောက်မည့် မြို့နယ်များတွင် အင်းစိန်၊ မင်္ဂလာဒုံ ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ရွှေလင်ဗန်း၊ ထန်းတပင်၊ ကြည့်မြင် တိုင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ပန်းဘဲတန်း၊ သန်လျင် စသည့် မြို့နယ်များ ပါဝင်ကြောင်း ယင်းကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

ထို့အပြင် တာမွေမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားရရှိရေး အတွက် 33kV ဓာတ်အားလိုင်းသစ် တည်ဆောက်ခြင်း လုပ် ငန်းကို ယနေ့ ၂၀ ရက်နှင့် ၂၂ ရက် များတွင် မနက် ၉ နာရီမှ ၁၂ နာရီအတွင်းပြုလုပ်မည်ဖြစ်သောကြောင့် တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာမြိုနယ် တို့တွင် ယာယီမီးပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၃ သန်းခန့်ရှိသည့်အနက် လူဦးရေ ၆ သန်းခန့်သည် ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက် ရှိပြီး လက်ရှိ တနိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၃၂၀၀ မဂ္ဂါဝပ်ကျော်ခန့် ဖြစ်ကာ ၁၃၆၀ မဂ္ဂါဝပ်ကို ရန်ကုန်တိုင်း ဒေသကြီးမှ သုံးစွဲလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading