သတင်း

မန္တလေး၌ သံဃာတော်တပါး စိတ်ထိခိုက်၍ ဟုဆိုကာ ကြိုးဆွဲချမှု ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက် အကွက်(၃ဝ) အရိပ်မထွက်ဘုရားအနီး မိခင်ဆန္ဒဓမ္မာရုံ ဂန္ဓကုဋီတိုက် အဝင်ဝ၌ မတ်လ ၁၉ ရက်က သံဃာတော်တပါး စိတ်ထိခိုက်၍ ဟုရေးသားခဲ့ကာ ကြိုးဆွဲချ ပျံလွန်တော် မူခဲ့ကြောင်း သိရသည်။

“ကျနော်က ဦးပဉ္စင်းကြီးရဲ့ ဝေယျာဝစ္စနဲ့ ဆွမ်းကွမ်းကိစ္စတွေကို ဆောင်ရွက်ပေးနေတာ ကြာပါပြီ။ မနေ့က မနက် ၈နာရီခွဲ လောက်က ဦးပဉ္စင်းကြီး အတွက် အခါတိုင်းလိုပဲ ဆွမ်းသွားပို့တာ။ အဲဒီမှာ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ရလို့ ရပ်ကွက် ရုံး ကို အကြောင်းကြားခဲ့တာပါ” ဟု အမရဌာနီ အရှေ့ရပ်ကွက်နေသူ ဦးအောင်လွင်က ပြောသည်။

ပျံလွန်တော်မူသည့် သံဃာတော်သည် မတ္တရာတိုက်မ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးနေထိုင်သော ဦးပညာနန္ဒ သက် တော် ၅ဝ ဝါတော် ၆ ဝါ ဖြစ်ပြီး မိခင်ဆန္ဒဓမ္မာရုံ ဂန္ဓကုဋီတိုက် အဝင်ဝရှိ အမြင့် ၈ ပေခန့် ရှိသည့် ထုတ်တန်းတွင် အရှည် ၅ ပေ ခန့်ရှိ အဝတ်စအား ကျစ်ထားသောကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ပြီး ၎င်း၏လည်ပင်းတွင် တပေပတ်လည်ခန့် ကတ္တူ စက္ကူပြားအား ချိတ်ဆွဲထားသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကတ္တူစက္ကူပြားပေါ်တွင် “မိဘနှစ်ပါးနှင့်တကွ တိုက်အုပ်နှင့် သံဃာတော်များအားလုံး တပည့်တော်အား ခွင့်လွှတ်ကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် အရှင်ဘုရား။ အဓိက (အမေ) သားဦးပဉ္စင်းကို ခွင့်လွှတ်ပါရန် အကြိမ်ကြိမ်တောင်း ပန် ဦးခိုက်ပါတယ်။ ဦးပဉ္စင်းဟာ သမုတိ သံဃာပါ။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေတယ်။ မခံနိုင်တော့လို့ပါ၊ စိတ်ပိုင်းဆိုင် ရာထိခိုက်အောင်လုပ်ကြတဲ့ ပုဂ္ဂိုလ်များလည်း ဦးပဉ္စင်းကပဲ အကြွေးဟောင်း ဆပ်တယ်လို့ပဲ သတ်မှတ်ပါတယ်။ ခွင့်လွှတ် တယ်။ ရဲအရာရှိများနှင့်တကွ မှုခင်း ဆရာဝန်ကြီးများ ဦးပဉ္စင်း ခန္ဓာကိုယ်နှင့် မျက်ကြည်လွှာ လှူထားပါတယ်။ လှူဒါန်း ပေးပါရန် တောင်းပန်ပါတယ်”ဟု ရေးသားထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

“ဦးပဉ္စင်းကြီးက သင်္ကန်းဝတ်ပြီးမှ ဒီကိုရောက်လာတာပါ။ ဦးပဉ္စင်းကြီးနဲ့ ရင်းနှီးလာတော့ သူ့အကြောင်းကို သိလာရတယ်၊ နောက်ဦးပဉ္စင်းကြီးက လူဝတ်နဲ့တုန်းက အရက်တော်တော် သောက်ခဲ့တယ်လို့ သိရတယ်။ ပျော်ပျော်နေတတ်တဲ့ ဦးပဉ္စင်း ကြီး အခုလိုလုပ်သွားတာ တော်တော် အံ့သြသွားတာ။ ကျနော့်အထင် ဦးပဉ္စင်းကြီးက စိတ်ကျရောဂါ ခံစားနေရတယ်လို့ ထင်တယ်။ ဒါကြောင့်လည်း အခုလို လုပ်သွားတာလို့ မြင်မိတယ်” ဟု အမရဌာနီ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ကင်း က ပြောသည်။

သတင်းအရ အခင်းဖြစ်ပွားရာသို့ အမှတ်(၄)နယ်မြေ ရဲစခန်းမှူး ရဲအုပ် မျိုးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် အကွက်မှူး ဦးခင်မောင်မြင့်၊ ဦးဝင်းကိုတို့ သွားရောက် စစ်ဆေးခဲ့ပြီး အလောင်းအား မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါသေဆုံးမှု အတွက် ဓမ္မတာအတိုင်း သေဆုံးမှု ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အမှတ်(၄)နယ်မြေ ရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၄/၂ဝ၁၈) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading