တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုမှာ ကျူးလွန်သူကြည်လင်းနဲ့အတူ ဖမ်းဆီးထားသူတွေအ ပေါ် တရားရုံးမှ စွဲချက်တင်ထားတဲ့ပုဒ်မတွေနဲ့ ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေက ပြင်ဆင်ချက်တွေ မတ်လ ၁၉ ရက်က လျှောက်ခဲ့ကြပါတယ်။
စွဲချက်တွေအပေါ် ဝိဝါဒကွဲပြားမှုတွေနဲ့ လျှောက်ထားချက်တွေကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ် တော်ရုံးက ဆက်လက်ကြားနာရန် လက်ခံလိုက်သည့်အတွက် စွဲချက်ပုဒ်မတွေ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
အမှုမှာ တရားလိုပြ ၇၀ ဦးကျော်ကို စစ်ဆေးပြီးနောက် မြောက်ပိုင်းခရိုင်တရားရုံး ခုံရုံးအဖွဲ့အနေနဲ့ ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို သေဒဏ်အထိချမှတ်နိုင်တဲ့ လူသတ်မှု ပုဒ်မ ၃၀၂(၁) (ခ)/၃၄ နဲ့ စွဲချက်တင်ခဲ့ပါတယ်။
စွဲချက်တင်ရာမှာ ညီဖြစ်သူ အောင်ဝင်းဇော်နဲ့အတူ ဖမ်းမိခဲ့တဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုကျူုးလွန်သူကို လက်သင့်ခံခြင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၁၂ နဲ့ စွဲ ချက်တင်ခဲ့ပြီး ကျပ်သိန်း ၅၀၀ တန် အာမခံပေးပါတယ်။
ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်က “ တရားရုံးရှေ့ သက်သေလာထွက်ဆို ချက်တွေအရ စွဲ တင်လိုုက်တဲ့ပုဒ်မတွေက အငြင်းပွားစရာတွေ ရှိလာတယ်။ စွပ်စွဲခံရသူအားလုံးကလည်း စွဲချက်တွေကို ပြင်ဆင်စေချင်တဲ့အတွက် လျှောက်ထားခဲ့တာပါ” လို့ ဆိုပါတယ်။
တရားလိုတွေဘက်ကတော့ ကြည်လင်းတို့အပေါ် တရားရုံးရဲ့ စွဲချက်တင်ပုဒ်မတွေဟာ အလုံးစုံ ပြည့်စုံ မှုမရှိကြောင်း ယူဆသည့်အတွက် တရားလို မစုသက်ခိုင် (ဦးနေဝင်း ဇနီး)၏ ရှေ့နေ ဦးရောဘတ်ဆန်း အောင်က ပြင်ဆင်ချက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
လျှောက်ထားရာမှာ လုပ်ကြံသူတွေအနေနဲ့ အများပြည်သူသွားလာရာ လေဆိပ်ရှေ့တွင် အကြမ်းဖက် လုပ်ရပ်ကို ကျူးလွန်ခဲ့ကြသည်ဟု ယူဆတဲ့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ ထပ်မံ အရေးယူသင့်ကြောင်း တိုင်းတရားလွှတ်တော်မှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အောင်ဝင်းထွန်းအပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မ၂၁၂ အရ ၎င်းအနေနဲ့ အမှုမှာ စွပ်စွဲခံထား ရသူများရဲ့ ပြစ်ဒဏ်အပေါ် မူတည်ပြီး ပြစ်ဒဏ်အနည်းအများ ကွာခြားသွားမည့် အခြေအနေဖြစ် ပါ တယ်။
ထိုအချက်အပေါ် မှာ တရားလိုရှေ့နေရဲ့ စွဲချက်ပုဒ်မ ပြင်ဆင်ချက် လျှောက်ထားမှုဟာလည်း အောင်ဝင်းထွန်းကိုပါ တခြားသူတွေနည်းတူ ပြင်းထန်တဲ့ ပုဒ်မနဲ့ စွဲချက်တင်စေချင်တဲ့ သဘောသက် ရောက်နေတယ်လို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေက ဝေဖန်ထားပါတယ်။
စွပ်စွဲခံထားရသူတွေ ကိုယ်တိုင်ကလည်း တရားရုံးရဲ့ စွဲချက်ပုဒ်မတွေအပေါ် မျှတမှုမရှိကြောင်းနဲ့ အမှု မှာ ၎င်းတို့ပါဝင်ပတ်သက်ကြောင်း ခိုင်မာတဲ့သက်သေတွေ ပြသဖို့ကို အမြဲဝေဖန်ပြောဆိုလေ့ ရှိပါ တယ်။
ဇေယျာဖြိုးက “ကျနော်တို့ ပါဝင်ပတ်သက်တဲ့ သက်သေအထောက်အထားတွေ အမှုစစ်ရဲမှူးလည်း မထွက်ဆိုခဲ့ဘူး။ ဘယ်ပစ္စည်းနဲ့ ဘယ်နေရာမှာ ငြိနေလဲ တရားခွင်မှာ တင်ပြပါ။ ကျနော့အကြောင်း ပြောနေတာက တလွဲတွေကြီးပဲ” လို့ ယနေ့ မတ်လ ၂၂ ရက်နေ့ ရုံးချိန်းမှာ ပြောသွားပါတယ်။
တရားရုံးရဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူတွေဘက်ကလည်း ပြန်ခေါ်သက်သေ ၃၇ ဦးကို ပြန် လည်စစ်ဆေးခဲ့ပြီး ၎င်းတို့အနေနဲ့ ခိုင်မာတဲ့သက်သေတွေ မပြနိုင်ခဲ့ကြဘူးလို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့ နေ ဦးအောင်ခိုင်က ပြောထားပါတယ်။
လတ်တလောမှာတော့ အမှုကို တိုင်းတရားလွှတ်တော်ရုံးက လက်ခံထားပြီဖြစ်လို့ မြောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးမှုတွေကို ခေတ္တရပ်ဆိုင်းထားရမှာပါ။
စွဲချက်ပုဒ်မတွေ ပြင်ဆင်ရေး ကြားနာမှုတွေနဲ့ ပတ်သက်လို့ ဦးကိုနီအမှုမှာ ပါဝင်တဲ့ တခြားသော တရားလိုရှေ့နေတွေကလည်း ပြင်ဆင်ချက်တွေ လျှောက်ထားဖို့ လေ့လာသုံးသပ်လျက်ရှိနေပြီး ယခုစွဲချက်တွေနဲ့ လုံလောက်မှုမရှိပါက ပြင်ဆင်ချက် ထပ်မံလျှောက်ထားဖို့ ရှိတယ်လို့ သိရပါတယ်။
အမှုမှာ တရားလိုသက်သေတွေနဲ့ ပြန်ခေါ်သက်သေတွေ အားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်တဲ့ အတွက် လည်း စွပ်စွဲဖမ်းဆီးထားသူတွေဘက်ကို လာမယ့်ရုံးချိန်းတွေမှာ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
စွပ်စွဲဖမ်းဆီးထားသူတွေကို စစ်ဆေးရာမှာလည်း တရားခွင်အတွင်း ကိုယ်တိုင်စစ်ဆေးမေးမြန်းခွင့်ရ ရေး တရားလိုရှေ့နေတွေဟာ ရှေ့နေချုပ်ရုံးနဲ့ ခရိုင်တရားသူကြီးတွေထံ တင်ပြထားပြီး စစ်မေးခွင့် ရ မရ ကို မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
လက်ရှိမှာ အမှုနဲ့ပတ်သက်လို့ စွဲချက်ပုဒ်မတွေ ပြင်ဆင်ရေးအတွက် ကြားနာမှုလုပ်ဖို့ လက်ခံထားသည့် တိုင်းတရားလွှတ်တော်ထံ အမှုတွဲအားလုံး ပို့ပေးထားရတဲ့အတွက် ပြီးခဲ့တဲ့ နောက်ဆုံး ရုံးချိန်းမှာ စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ ဧပြီ ၅ ရက်ကို ထပ်မံချိန်းဆိုခဲ့ပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီ ပါတီ (NLD) ရဲ့ ဗဟိုဥပဒေ အကြံပေး တဦးဖြစ်တဲ့ ဦးကိုနီဟာ ၂၀၁၇ ဇန်နဝါရီလ၂၉ ရက် ညနေ ၅ နာရီအချိန်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့မှာ သေနတ်သ မား ကြည်လင်းရဲ့ အနီးကပ် ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး သေဆုံးခဲ့ခြင်း ဖြစ်ကာ ယနေ့ဆိုလျှင် ၎င်းသေဆုံး မှုမှာ ၁ နှစ်ကျော် ရှိလာပြီ ဖြစ်ပါတယ်။