သတင်း

စစ်တွေဗုံးကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံ ၉ ဦးအနက် ၅ ဦး လွတ်မြောက်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးချူပ်နှောင်ခံရသူ ၉ ဦးအနက် ကိုနိုင်စိုး အပါအဝင် ၅ ဦးမှာ မတ်လ ၂၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည်

ယင်းလွတ်မြောက်လာသူ ၅ ဦးမှာ စစ်တွေမြို့ခံ ကိုနိုင်စိုး (ခ)မဲလုံး၊ ကိုရွှေထွန်းအောင်၊ ကိုမောင်မြင့်ရွှေ (ခ) လုတ်ချေ ၊ ကိုတင်မြင့်ရွှေ (ခ) ဓါတ်ကြီးလိုက်နှင့် ကိုမောင်သိန်းနုတို့ ဖြစ်သည်။

“ဒါဟာ တရားဥပဒေစိုးမိုးရေးကို ပြက်ရယ်ပြုနေတယ်ဆိုတာကို မြင်ရပါတယ်။ တကယ်တော့ ကျနော် တို့ကိုတာဝန်ရှိတဲ့ ပြည်သူ့ရဲတွေက ဥပဒေကို လေးစားမလိုက်နာပဲနဲ့ ဒီလိုပြည်သူတွေကို နှိပ်ကွပ်နေ မယ်ဆိုရင် မြန်မာပြည်ကြီးဟာ ဘယ်တော့ ငြိမ်းချမ်းမှာလဲ။ ကျနော်တို့ကို အတင်အဓမ္မ ဖမ်းဆီးဖို့ ကြိုးစားနေတာဟာ တရားဥပဒေကို စော်ကားနေတာဖြစ် ပါ တယ် ” ဟု ကိုနိုင်စိုးက တရားရုံးမှ အပြန် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူ ၉ ဦးနက် ၈ ဦးမှာ ချုပ်ရက်ရမန် ရက်ပေါင်း ၃၀ ပြည့်ပြီ ဖြစ်သော်လည်း အမှုတွဲတင်နိုင်သည့် သက် သေ အထောက်အထားများ မရရှိသောကြောင့် ရဲတပ်ဖွဲ့က ယင်းအမှုတွဲပါ ဖြစ်စဉ်တခုနှင့် ထပ်ချုပ်ခွင့် တောင်းခံခဲ့သော် လည်း တရားရုံးက ပယ်ချခဲ့ကြောင်းသိရသည်။

ထို့အတွက် ရဲတပ်ဖွဲ့က ၅ ဦးကိုသာ ပြန်လွတ်ပေးခဲ့ပြီး နောက်ထပ် ၃ ဦးကို တရားမဝင်နယ်စပ် ဖြတ်ကျော်မှုနှင့် ၂ ဦး ၊ မြောက်ဦး ဗုံးပေါက်ကွဲမှုနှင့် ၁ ဦး ကို နောက်ထပ် အမှုအသစ်ဖြင့် ထပ်မံ ချုပ်ရက်ရမန်ယူကာ စစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့ တရားရုံးရှေ့ ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး အိမ်နှင့် မြေစာရင်းရုံးရှေ့တွင် ဗုံးပေါက်ကွဲခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်၍ ဒေသခံ ၉ ဦးကို ရဲတပ်ဖွဲ့က သံယယဖြင့် ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန် – ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပစ်မှတ်ထား မိုင်းခွဲတိုက်ခိုက်ခံရ

စစ်တွေမြို့ တိုက်ခိုက်ခံရမှု စိတ်မကောင်း ဖြစ်ရကြောင်း ရခိုင် ဝန်ကြီးချုပ် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading