မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ တရုတ်ပြည်သို့ နယ်စပ်ဖြတ်ကျော်ကာ အထူး ရထားဖြင့် ရုတ်တရက်သွားရောက်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
ဒါဟာ ၂၀၁၁ ခုနှစ် ကင်ဂျုံအန်း အာဏာရပြီးကတည်းက ပြည်ပသို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နဲ့ တွေ့ဆုံမယ်လို့ ဆိုပြီးတဲ့နောက်မှာ တရုတ်ပြည်သို့ သွားရောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်သတင်းမီဒီယာတွေကတော့ အစိမ်းရောင်အထူးရထားနဲ့ သွားတာဖြစ်တယ်လို့ ပုံဖော်ရေးသား ပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ကြာ ကြာနေထိုင်မယ်၊ ဘယ်သူနဲ့တွေ့မယ် စတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
သတင်းများရဲ့ အဆိုအရတော့ ဘေဂျင်းမြို့ရဲ့ ချန်းကန့်ရိပ်သာ လမ်းတလျှောက်မှာ အရေးကြီး ပုဂ္ဂိုလ် တွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းဟာ Diaoyutai အစိုးရဧည့်ဂေဟာကို ဦးတည်မောင်း နှင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ဟာ လာမယ် ဧပြီလမှာ တောင်ကိုရီးယား ခေါင်းဆောင် မွန်ဂျေးအင်နဲ့ တွေ့ဖို့ ရှိနေပါတယ်။
ကုလသမဂ္ဂက မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူ မှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်က ထောက်ခံခဲ့တဲ့အတွက် မြောက်ကိုရီးယား ဆက်ဆံရေး ထိခိုက်ခဲ့ရ ပါတယ်။