• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန်စီတွင် အသတ်ခံရသူ ၂ ဦးအမှု ကူညီသူကို တပ်မတော် အမှုဖွင့်

by နန်းလွင်နှင်းပွင့်
29 March 2018
in သတင်း
A A
စစ်ရှောင်စခန်းမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၂ ဦး

စစ်ရှောင်စခန်းမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၂ ဦး

11.2k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာအနီး နွားကျောင်းသွားရင်း တပ်မတော်၏ ဖမ်းဆီးသတ်ဖြတ် ခံရသည် ဟု ဆိုသော စစ်ဘေးရှောင် အရပ်သား ၂ ဦး၏ အမှုကို လိုက်ပါကူညီပေးနေသည့် မိသားစုဝင်တဦးအား တပ်မတော် က မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ထားသည်ဟု သတင်းရရှိသည်။

အသတ်ခံရသူ နှစ်ဦးမှာ ဦးဖော်ကန့်ယော်နှင့် ဦးအင်ခွန်နော်ဆန့်တို့ ဖြစ်ပြီး ဦးဖော်ကန့်ယော်၏ ချွေးမ တော်စပ်သူ ဒေါ်ကော့အောင်အား တပ်မတော်က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
67
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
106
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
95

မန်စီမြို့နယ် ရဲစခန်းမှူး ရဲမှူးမျိုးသန့်က “အဲဒီရွာဘက်မှာကလည်း အဲဒါတွေက များတယ်။ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပတ်သက်တာတွေကလည်း များတော့ တပ်က အမှုဖွင့်တာပေါ့ဗျာ။ အဲဒီလိုပဲ ပြောရမှာပေါ့။ အခုထိ စစ်ဆေးတုန်းပဲ ရှိပါသေးတယ်”ဟု ဧရာဝတီကို ပြောသည်။

ဒေါ်ကော့အောင်ကို မန်စီမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ မှ ဗိုလ်ကြီးတဦးက မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် မတ်လ ၁၈ ရက်က အမှုဖွင့်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၇ (၁) ဖြင့် အမှုဖွင့်ရသည့် အကြောင်းရင်းမှာ အသတ်ခံရသည့် ဦးဖော်ကန့်ယော်နှင့် ဦးအင်ခွန်နော်ဆန့်တို့သည် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် KIA တပ်ဖွဲ့ဝင်များ ဖြစ်ပြီး မိသားစုဝင်များကလည်း KIA နှင့် အဆက်အသွယ် ရှိသည်ဟု ဆိုကာ အမှုဖွင့်ခြင်း ဖြစ်ကြောင်း မန်စီမြို့နယ် ရဲစခန်းမှ သိရသည်။

အသတ်ခံရသည့် ဦးဖော်ကန့်ယော်နှင့် ဦးအင်ခွန်နော်ဆန့်တို့သည် မိုင်းခေါင် စစ်ဘေးရှောင် စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်များ ဖြစ်ပြီး ဇန်နဝါရီလ ၃၁ရက်က မိုင်းခေါင် ကျေးရွာနှင့် ခပရာ ကျေးရွာ ဆက်သွယ်ထားသည့် လမ်းမ တလျှောက် နွားကျောင်းရင်း ပြန်လာရာလမ်းတွင် တပ်မတော် စစ်ကြောင်းများက ဖမ်းဆီး သတ်ဖြတ်ကာ အလောင်း ကို လမ်းမတဖက်ရှိ လယ်ကွင်းများ အနီးတွင် မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မိသားစုက လူပျောက်တိုင်တန်း၍ တပ်မတော်က ဖမ်းဆီးသတ်ဖြတ်သည်ကို မြင်တွေ့ခဲ့သည်ဟု ဆိုသော သက်သေ များ က အရှေ့တောင်အာရှ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်သည့် Fortify Rights နှင့် တွေ့ဆုံကာ ၎င်းတို့ မြင်တွေ့ ခဲ့သည်များကို အမေးအဖြေများ ပြုလုပ်ထားသည်။

ဦးဖော်ကန့်ယော်နှင့် ဦးအင်ခွန်နော်ဆန့်တို့ ပျောက်ဆုံးသွားသည့် နောက်ပိုင်း၌ တပ်မတော်မှ မိုင်းခေါင်ကျေးရွာ နှင့် ခပရာ ကျေးရွာ ဆက်သွယ်ထားသည့် လမ်းတလျှောက်တွင် ည ၈နာရီနောက်ပိုင်း သွားလာခြင်း မပြုလုပ်ရန် ဒေသခံ များကို ပြောဆိုခဲ့သည်ဟု ဆိုသည်။

မိသားစုဝင်များက မန်စီမြို့နယ် ရဲစခန်းတွင် လူပျောက်တိုင်တန်းပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်နှင့် မန်စီမြို့နယ် ပြည်သူ့လွှတ်တော် အမတ်တို့ကိုလည်း အကူအညီပေးရန် တိုင်ကြားထားကြောင်း၊ မန်စီ မြို့နယ် ပြည်သူ့ လွှတ်တော် အမတ်ကလည်း လူ့အခွင့်အရေးကော်မရှင်ကို ထပ်မံ တိုင်ကြားထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ၂၀ ရက်၌ Fortify Rights မှ ထုတ်ပြန်ချက်တစောင် ထုတ်ကာ မိုင်းခေါင်မှ ပျောက်ဆုံးနေသည့် အရပ် သား ၂ ဦး၏ ကိစ္စကို အစိုးရက စုံစမ်းပေးရန် တောင်းဆိုထားကာ ထိုထုတ်ပြန်ချက်ထဲတွင် မျက်မြင်သက်သေများ၏ ပြောဆိုချက် များကိုလည်း ထည့်သွင်းထားရာ မျက်မြင်သက်သေများက ဦးဖော်ကန့်ယော်နှင့် ဦးအင်ခွန်နော်ဆန့်တို့ကို တပ်မတော်သားများက ဖမ်းဆီး၍ ၎င်းတို့နှင့် မတော်သည့် KIA စစ်ယူနီဖောင်းများ အတင်းအကျပ် ဝတ်ပေးနေသည် ကို တွေ့ကြောင်း၊ ထို့နောက် ရိုက်နှက်သံများ၊ သေနတ်သံများ ကြားကြောင်း ပြောပြထားခြင်းတို့ ပါရှိသည်။

မတ်လ ၈ ရက်တွင် မိုင်းခေါင် စစ်ဘေးရှောင်စခန်း တာဝန်ခံများ၊ မိုင်းခေါင်ကျေးရွာ ရပ်မိရပ်ဖများနှင့် ဒေသခံများက ပျောက်ဆုံးနေသူ ၂ ဦး၏ အလောင်းများကို လိုက်လံရှာဖွေရာ တွေ့ရှိပြီး မတ်လ ၉ ရက်တွင် မန်စီမြို့နယ် အုပ်ချုပ်ရေး မှူး၊ တရားရေးအရာရှိ၊ မန်စီမြို့နယ် ဆေးရုံမှ တာဝန်ခံ ဆရာဝန်တို့ဖြင့် တူးဖော်ခဲ့ကြကြောင်း သိရသည်။

မတ်လ ၁၀ ရက်တွင် မန်စီမြို့နယ် ရဲစခန်းက အမှုနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် မျက်မြင် သက်သေများ စုစုပေါင်း ၁၄ ဦးထံမှ ထွက်ချက်များ ရယူသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များဘက်မှ အမှုကို ကူညီပေးနေသည့် ဦးဒေးဗစ်က “တပ်မတော်ဘက်က ပြောတာက မိသားစုဝင်တွေ က အလောင်းဖော်တော့ သူတို့ကို မညှိနှိုင်းဘဲ လုပ်တယ်။ နောက်၂ ယောက်ကလည်း တိုက်ပွဲဖြစ်တဲ့နေရာမှာ လက် နက် နဲ့ ရှိနေလို့ သူတို့က ပစ်သတ်လိုက်ရတဲ့ သဘော၊ နောက်မိသားစုဝင်တွေ အကုန်လုံးကလည်း KIA နဲ့ အဆက် အသွယ်ရှိတယ် ဆိုတဲ့ သဘောနဲ့ ၁၇ (၁) နဲ့ ပြန်တရားစွဲတာ”ဟု ပြောသည်။

တပ်မတော်အရာရှိများနှင့် မိုင်းခေါင်ကျေးရွာ တာဝန်ခံများ ပြောဆိုချက်အရ ၁၇ (၁) ဖြင့် တရားစွဲဆိုရခြင်းမှာ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်၏ အမိန့်ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း ကြားသိထားရသည်ဟုလည်း ဦးဒေးဗစ်က ပြောပြသည်။

ဒေါ်ကော့အောင်ကို တပ်မတော်က တရားစွဲဆိုခြင်းသည် အသတ်ခံရသူ ၂ ဦး၏ အမှုကို ရှေ့မဆက်နိုင်စေရန် လုပ်ဆောင်ချက် ဖြစ်သည်ဟု ယူဆကြောင်း၊ အလောင်းဖော်ရာတွင် ရပ်ရွာနှင့် စခန်း တာဝန်ရှိသူများ ဦးဆောင်ဖော်ခဲ့ ခြင်း ဖြစ်ပြီး မိသားစုဝင်များကသာ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ဦးဒေးဗစ်က ပြောဆိုသည်။

ဦးဒေးဗစ်က “ကျနော်တို့ကတော့ ရှေ့ဆက်ပြီး တရားမျှတမှုရအောင် ရတဲ့နည်းလမ်းနဲ့ ရှာမယ်။ အကူညီပေးနေတဲ့ အရပ်ဘက် အဖွဲ့စည်းတွေ ရှေ့နေအဖွဲ့စည်းတွေ အများကြီးရှိတာကြောင့် ဒီအမှုကို ရှေ့ဆက်သွားမယ်”ဟု ပြောသည်။

အသတ်ခံရသူ ၂ဦး၏ အလောင်းများကို တူးဖော်ရာတွင် ဦးခေါင်းများ ပေါက်ထွက်နေခြင်း၊ လက်ဖျံရိုးနှင့် နံရိုးများ ညို မည်း ကျိုးကြေနေခြင်းနှင့် လက်တွင် ကြိုးချည်ထားသည်များကို တွေ့ရှိထားရပြီး မန်စီမြို့နယ် ဆေးရုံတွင် စစ်ဆေး သည့် ဆေးစစ်ချက်ကို မိသားစုဝင်များနှင့် အမှုကို လိုက်ပါ ကူညီပေးနေသူများက မရရှိသေးကြောင်း သိရသည်။

မန်စီမြို့နယ် ရဲစခန်းမှ ရဲမှူး မျိုးသန့်ကလည်း ဆေးစစ်ချက်ရမှသာ အသတ်ခံရသူ ၂ ဦး၏ အမှုကို ဆက်လက် ကိုင် တွယ် နိုင်မည်ဖြစ်ပြီး တပ်မတော်က တရားစွဲထားသည့် ဒေါ်ကော့အောင်အမှုကို စစ်ဆေးနေသည်ဟုပြောသည်။

မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် အတွင်းကလည်း ခပရာကျေးရွာတွင် နေ့စားအလုပ်လုပ်ပြီး မိုင်းခေါင် ကျေးရွာ စစ်ဘေးရှောင်စခန်းသို့ ပြန်လာသည့် အရပ်သား အမျိုးသား ၃ ဦးကို တပ်မတော် ခမရ – ၃၁၉ မှ တပ်မတော် သား များက သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့သည်။

ထိုအမှုတွင် မျက်မြင်သက်သေများနှင့် ဆေးစစ်ချက်များ ရရှိသဖြင့် တိုင်တန်းရာ တပ်မတော်က ခုံရုံးဖွဲ့ စစ်ဆေးပြီး ပြစ်မှု ကျူးလွန်သည့် တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချ မှတ်ပြီး တပ်မတော်မှ ရာသက်ပန် ထုတ်ပယ်ထားသည်။

ဆက်စပ်ဖတ်ရှုရန် – စစ်ရှောင်စခန်းမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၂ ဦး၏ အလောင်း တူးဖော်တွေ့ရှိ

Your Thoughts …
Tags: စစ်ဘေးရှောင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
8.2k

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

by Lorcan Lovett
18 May 2024
6.7k

"ကျနော်က ကြေးစားစစ်သား မဟုတ်ဘူး။ ကျနော်က ကျနော် မှန်တယ် ထင်တဲ့ဘက်အတွက် လုပ်ပေးတာသက်သက်ပဲ"

Next Post
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် / Reuters

မြောက်ကိုရီးယားနှင့် တရုတ်တို့ ညီညွတ်မှုကို ပြသ

မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ကိုရီးယားမှ ကင်ဂျုံအွန်တို့ တူညီသောအချက်မှာ အမျိုးသားရေး ဂုဏ်သိက္ခာ ကြီးမားသော ဆွေစဉ်မျိုးဆက်များမှ ဆင်းသက်လာခြင်းပင် / blogs.griffith.edu.au

မြန်မာနှင့် မြောက်ကိုရီးယားကို နှိုင်းယှဉ်လေ့လာခြင်း

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate