သတင်း

ကျန်ရှိသက်တမ်းအတွင်း အစိုးရ ဆောင်ရွက်ရမည့် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ယခုအစိုးရလက်ထက် ကျန်ရှိသက်တမ်းအတွင်း လုပ်ဆောင်သင့်သည့် အချက်အလက်များအား ထောက်ပြနိုင်မည့် လူ့အ ခွင့်အရေးဆိုင်ရာ အစီရင်ခံစာ UPR Mid-term Report ကို ပထမဆုံးအကြိမ် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီသို့ တင် သွင်းမည်ဖြစ်ကြောင်း အစီရင်ခံစာရေးသားပြုစုခဲ့သည့် အဖွဲ့အစည်းများထံမှ သိရသည်။

၂၀၁၈ ခုနှစ် မတ်လ၂၈ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည့် UPR (Universal Periodic Review) Mid-term Report နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့Park Royal Hotel ၌ ပြုလုပ်ခဲ့သည်။

“ဒီအစီရင်ခံစာကတော့ အစိုးရက ပြီးခဲ့တဲ့၂၀၁၅ ကနေ ကတိပေးခဲ့ပါတယ်။ ၂၀၁၈ ဒီအချိန်ကာလအထိ ဘာတွေလုပ် ဆောင်ခဲ့သလဲ ဆိုတဲ့ အပေါ်မှာ သုံးသပ်မှုတွေ နောက် ၂ နှစ်အတွင်းမှာ ဘာတွေ ဆက်လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာတွေ ကို တိုက်တွန်းချက်တွေကို တိုက်တွန်းထားသော Mid-term Report ဖြစ်ပါတယ်” ဟု အစီရင်ခံစာ ရေးသားသည့် အဖွဲ့တွင် ပါဝင်သော Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

အဆိုပါအစီရင်ခံစာကို ၂၀၁၈ ခုနှစ် ဇွန်လတွင်နောက်ဆုံးထား တင်သွင်းသွားမည်ဖြစ်ပြီး အစိုးရထံသို့လည်း အစီရင်ခံစာ ပေးပို့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုတင်သွင်းမည့် UPR (Universal Periodic Review) Mid-term Report သည် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် တင်သွင်းခြင်းဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ၄ နှစ်တကြိမ် တင်သွင်းနေကျဖြစ်သည့် UPR အစီရင်ခံစာ တွင် ပါဝင်သည့် အစိုးရလက်ခံထားသော အကြံပြုချက်များကို ပြန်လည်သုံးသပ်ရေးသားထုတ်ပြန်သော အစီရင်ခံစာ ဖြစ် သည်။

ဦးအောင်မျိုးမင်းက “ကျနော်တို့ဒါတွေ တင်ပြထားတာ၊ ဒီလိုသုံးသပ်ထားတာ ရှိပါတယ်ဆိုတာကို အစိုးရ ဝန်ကြီးဌာနများ တာဝန်ရှိသူများကို ပေးပို့မှာဖြစ်ပါတယ်။ ဘာကြောင့်ပေးပို့လဲဆိုရင် သူတို့ လုပ်ဖို့တာဝန်ယူထားတာ ၄ နှစ်က အခုတဝက် ကျိုးသွားပြီ။ ဒီကာလမှာ ဘာတွေ လုပ်ဆောင်လဲဆိုတာ အသိအမှတ်ပြုချင်ပါတယ်။ တချို့သော တိုးတက်မှုတွေ ရှိပါ တယ်။ တဖက်မှာလည်း လုပ်သင့်ပေမယ့် မလုပ်သေးသော အချက်များ ကျန်ပါသေးတယ်။ ကျနော်တို့ report ထဲမှာ ဒါကို ထောက်ပြထားပါတယ်” ဟု ဆိုသည်။

ထိုအစီရင်ခံစာ၌ ဆန္ဒထုတ်ဖော်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်စသည့် လွတ်လပ်စွာပြောဆိုခွင့် ကိစ္စရပ်များ၊ နိုင်ငံတကာ လူ့ အခွင့်အရေး စာချုပ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ ယန္တရားများတွင် အစိုးရ၏ ပူးပေါင်းမှု၊ လွတ်လပ်စွာ ကိုးကွယ် ယုံ ကြည်ခွင့် အပါအဝင် တိုင်းရင်းသားလူနည်းစု၏ အခွင့်အရေး၊ တရားမျှတမှုဆိုင်ရာ ကိစ္စရပ်များ၊ အကျင့်ပျက်ခြစားမှုများ၊ ကလေး သူ ငယ်အခွင့်အရေး အကာအကွယ်ပေးမှု၊ ကျား/မတန်းတူရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၊ လူကုန်ကူးမှုနှင့် ရွှေ့ ပြောင်း လုပ်သား များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လိင်ပိုင်းဆိုင်ရာခွဲခြား ဆက်ဆံမှု စသည့် အချက် ၁၁ ချက်ပါ ဝင်ကြောင်း အစီရင်ခံစာရေးသားရာတွင် ပါဝင်ခဲ့သည့် မချယ်ရီဇာဟောင် က ပြောသည်။

“၂၀၁၅ NLD အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်တွေက ပိုပြီးတော့ အားကောင်းလာမယ်လို့ မျှော်လင့်ထားပေမယ့် အဲဒီဘက်ကို မရပ်တည်ဘဲနဲ့ ပြဿနာတွေ ကြုံတွေ့နေရတာကို တွေ့ရတယ်။ ဥပမာဆိုရင် ၆၆(ဃ) နဲ့ ဖမ်းခံရတဲ့သူတွေဆိုရင် ၁၁၈ ဦး ရှိနေပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းကနေ ၂၀၁၇ အထိဆို ဒီထဲမှာဆိုရင်လည်း ၃၃ ဦးက သတင်းထောက်တွေ ဖြစ်နေတယ်။ ဆိုတော့ သတင်းထောက်တွေရဲ့ အန္တရာယ်တွေကိုလည်း အများကြီး ဖော်ပြထားတာ ရှိတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး မချယ်ရီဇာဟောင် က “ဒီအစီရင်ခံစာထဲမှာဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်တွေကို တားမြစ်ထားတဲ့ တခြား ဥပဒေတွေကို ဖျက်သိမ်းဖို့ရာ အတွက် တောင်းဆိုထားတာတွေ ရှိတယ်” ဟု ပြောသည်။

UPR အစီရင်ခံစာ တင်သွင်းမှုကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေ များကို လုံခြုံရေး ကောင်စီ၌ ၄ နှစ်တကြိမ် တင်သွင်းရသည့် လုပ်ငန်းစဉ် ဖြစ်ပြီး နိုင်ငံတိုင်း၏ လက်ရှိအစိုးရ အဖွဲ့သာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများကပါ တင်သွင်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေနှင့် ၂၀၁၁ ခုနှစ်၌ UPR အစီရင်ခံစာကို ပထမဆုံးအကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်တင်သွင်းခဲ့ သည်။

၂၀၁၁ ခုနှစ် ပထမအကြိမ်အဖြစ် လူ့အခွင့်အရေး အဖွဲ့အစည်းများက တင်သွင်းသည့် UPR အစီရင်ခံစာ၌ အချက်ပေါင်း ၁၆၀ ပါဝင်ကာ အချက် ၉၀ ကို မြန်မာအစိုးရက လက်ခံခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်ဒုတိယအကြိမ် တင်သွင်းသော အကြံပြုချက် ပေါင်း ၂၈၁ ခုအနက် ၁၆၆ ခုကို လက်ခံခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading