သတင်း

မွန်ပြည်နယ်တွင် သင်္ကြန်သံချပ်များ အကန့်အသက်မရှိ ထိုးခွင့်ရမည်

Want create site? Find Free WordPress Themes and plugins.

ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်တွင် မွန်ပြည်နယ်အတွင်း သံချပ်ထိုးခြင်းများကို မွန်ပြည်နယ်အစိုးရက ကန့်သက်ခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများ မပြုလုပ်ဘဲ လွတ်လပ်စွာ သံချပ်ထိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

မတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးအပြီး၌ သတင်းမီဒီယာများက မွန်ပြည်နယ်တွင် သံချပ်ထိုးခြင်းကို ကန့်သတ်ထားမှုများ ရှိမရှိ မေးမြန်းခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ထုံးစံအတိုင်း ထိုးလို့ရတာပေါ့၊ မြန်မာသင်္ကြန်ပဲ၊ သံချပ်မပါဘဲ နေလို့ရမလား။ မြန်မာပြည်က သင်္ကြန်ပဲ၊ သံချပ် ပါရမှာပေါ့၊ ဖတ်ကြည့်မယ် မဖြတ်ဘူး၊ ဖြတ်ဖို့ စိတ်မကူးဘူး၊ ဘာမှ မစိစစ်ဘူး” ဟု ဒေါက်တာအေးဇံက ပြောသည်။

သင်္ကြန်ကာအတွင်း လက်နက်ကိုင် လည်ပတ်သူများ အပါအဝင် ဥပဒေဘောင်အပြင်မှ လည်ပတ်ခြင်းများမူ ခွင့်မပြုကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် သင်္ကြန်ကာလ စည်ကားရေးအတွက် မော်လမြိုင်ကမ်းနားလမ်းတွင် ပြည်နယ်အစိုးရ ဦးဆောင်မှုဖြင့် လမ်းလျှောက်သင်္ကြန် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သင်္ကြန်တွင်းဆောင်ရွက်မည့် မွန်ပြည်နယ်အစိုးရ၏ အစီးအစဉ်များကို လာမည်ရက်သတ္တပတ်အတွင်း ကော်မတီအစည်းအဝေး ပြုလုပ်ပြီးပါက အသေးစိတ် အသိပေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းကို မတ်လ ၂၇ ရက်နေ့က ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading