• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဝင်းမြင့် သမ္မတရွေးပွဲမှာ ဆန္ဒမဲပေးခွင့် ရှိသလား

by ထက်နိုင်ဇော်
29 March 2018
in သတင်း
A A
မဲပေး ရွေးချယ်အပြီး သမ္မတ ဦးဝင်းမြင့် လွှတ်တော်အဆောက်အဦးမှ ပြန်လည်ထွက်ခွာစဉ် / မျိုးမင်းစိုး / ဧရာဝတီ

မဲပေး ရွေးချယ်အပြီး သမ္မတ ဦးဝင်းမြင့် လွှတ်တော်အဆောက်အဦးမှ ပြန်လည်ထွက်ခွာစဉ် / မျိုးမင်းစိုး / ဧရာဝတီ

19.5k
VIEWS
Share on FacebookShare on Twitter

မနေ့က နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် ဆန္ဒမဲပေးတာနဲ့ ပတ်သက်ပြီး တပ်မတော်က ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ၊ မညီ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ငြင်းခုံနေကြပြီး တချို့ ကလည်း ဒီကိစ္စကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ် ခံယူသင့်တယ်လို့ ထောက်ပြပြောဆိုလာကြပါတယ်။

သမ္မတအဖြစ် ကျမ်းသစ္စာ မကျိန်ဆိုရသေးသော်လည်း ပြည်သူ့လွှတ်တော်ကနေ ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဦးဝင်းမြင့် ဟာ မနေ့က သမ္မတရွေးချယ်ပွဲမှာ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ပြီး ပထမဆုံးမဲပေးခဲ့တာပါ။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
17
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
19
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
29

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပုဒ်မ ၆၂ မှာ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် မည့်သည့် လွှတ်တော် ကိုယ်စားလှယ်မှ မဖြစ်ရလို့ ပြဌာန်းထားသလို၊ ပုဒ်မ ၆၃ မှာလည်း သမ္မတ သို့မဟုတ် ဒုတိယသမ္မတများဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ အငြိမ်းစားယူပြီး မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။

ဒီလို အချက်တွေကြောင့် လွှတ်တော် ဥက္ကဋ္ဌဟောင်း၊ ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဦးဝင်းမြင့်ဟာ မဲပေးခွင့် မရှိဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီကို ပြောပါတယ်။

ဦးဝင်းမြင့်ရဲ့ မဲတမဲကြောင့် သမ္မတရာထူး အပြောင်းအလဲ မဖြစ်နိုင်ပေးမယ့် နောက်နောင်မှာ ဒီလို လွဲချော်မှုမျိုး မဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ ပြဌာန်းချက်တွေကို တိတိကျကျ အဓိပ္ပာယ်ဖွင့်ထားဖို့ လိုအပ်ကြောင်း၊ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကနေ လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆိုပါတယ်။

ဒေါက်တာ ရန်မျိုးသိမ်းက “ဒုတိယ သမ္မတ ဦးဝင်းမြင့်က မဲပေးခဲ့တာနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီတယ်၊ မညီဘူး ဆိုတာကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက တရားဝင် ဆုံးဖြတ်ပေးရမယ်။ တကယ်လို့ မညီဘူးဆိုရင် သူရထားတဲ့ မဲထဲက တမဲပြန်နုတ်ပေးရမယ်” လို့ ဆိုပါတယ်။

အာဏာရ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဦးဝင်းမြင့် မဲပေးတာဟာ ဥပဒေနဲ့ ညီတယ်လို့ ယုံကြည်ကြပါတယ်။

NLD အမတ်တဦး ဖြစ်သူ ဒေါ်ဇင်မာအောင်က “သမ္မတတာဝန် မထမ်းဆောင်ရသေးခင်မှာ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ နုတ်ထွက်စရာ မလိုသေးပါဘူး။ လွှတ်တော် တက်ရောက်ခွင့်ပါ တရားဝင်ယူထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် မိုလို့ ဒီအကောက် အယူ အပေါ်မှာ သဘောထား ကွဲလွဲတယ်လို့ပဲ နားလည်တယ်။ ကျမအနေနဲ့ ပြောရရင် ဦးဝင်းမြင့်မှာ မဲပေးပိုင်ခွင့် ရှိပါတယ်။ သူ့ မဲပေးပိုင်ခွင့်က တရားဝင်ပါတယ်” လို့ ဒီနေ့ လွှတ်တော် အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သမ္မတ၊ ဒုတိယ သမ္မတတွေကို စွပ်စွဲ ပြစ်တင်ခွင့် ပေးထားပြီး နိုင်ငံတော်ရဲ့ ကျေးဇူး သစ္စာကို ဖောက်ဖျက်တာ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက် ကျူးလွန်တာ၊ အကျင့်သိက္ခာ ပျက်ပြားတာ၊ ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်နိုင်တာမျိုးဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံ လက်မှတ်ထိုးပြီး လွှတ်တော် နာယကဆီကို တင်ပြလို့ရပါတယ်။

အဲဒီ စွပ်စွဲချက်ကို လွှတ်တော် ကိုယ်စားလှယ် ၃ ပုံ ၂ ပုံက လက်ခံမှ ဆက်လက် အရေးယူလို့ ရမှာ ဖြစ်သလို စွပ်စွဲခံရသူကိုလည်း ချေပခွင့် ပေးရမှာ ဖြစ်ပါတယ်။

ဦးဝင်းမြင့်နဲ့ ဒုတိယ သမ္မတလောင်း ဝင်ပြိုင်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးကတော့ ဦးဝင်းမြင့် လွှတ်တော်မှာ မဲစပေး ကတည်းက ဖွဲ့စည်းပုံနဲ့ မညီတာကို သိကြောင်း၊ ဒါပေမယ့် အခြေခံ ဥပဒေအရ သမ္မတကို စွပ်စွဲပြစ်တင်ရင်လည်း လွှတ်တော်မှာ မဲပြန်ခွဲ တဲ့အခါ NLD အမတ် အများစုနဲ့ ယှဉ်နိုင်မှာ မဟုတ်လို့ ဒီအတိုင်းပဲ ငြိမ်နေလိုက်ရတာဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက ပျော်ဘွယ်အမတ်ဖြစ်သူ ဦးသောင်းအေးက “ဦးတို့ ဒီကိစ္စကို မြင်ပါတယ်။ သူမဲပေးလိုက်တဲ့အချိန် ကတည်းက ဒီကိစ္စကို မြင်ပါတယ်။ ဒီကိစ္စက ဒီလို အခြေအနေပဲ ပြန်ဖြစ်မှာဆိုတော့ လုပ်လည်း မထူးဘူးလေ။ အခု ဖြစ်ပြီးရင် ဒီကိစ္စကို ဥပဒေနဲ့ ညီမညီ စဉ်းစားသုံးသပ်ပြီး နောင်ကို နိုင်ငံတော်အဆင့်မှာ ဒီလိုပြဿနာတွေ မဖြစ်အောင် ဆင်ခြင်သင့်တယ်” လို့ ပြောပါတယ်။

ဦးဝင်းမြင့်ဟာ မဲပေးတဲ့အချိန်မှာ ဒုတိယ သမ္မတ ဖြစ်နေပြီ ဖြစ်လို့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်ခွင့် မရှိတော့သလို၊ ကိုယ်စားလှယ် အဖြစ်ကနေရော ဒုတိယ သမ္မတအဖြစ် ကြေညာပြီးတဲ့အချိန် ကတည်းက နုတ်ထွက်ပြီးပြီလို့ မှတ်ယူရမှာ ဖြစ်လို့ နောင်ကို အလားတူ ပြဿနာ မဖြစ်အောင် ဆင်ခြင်ဖို့ လိုကြောင်း ဦးသောင်းအေးက ပြောပါတယ်။

“သမ္မတရွေးတယ်ဆိုတာက ပြည်ထောင်စု လွှတ်တော်မှာ ရှိတဲ့ ကိုယ်စားလှယ်တွေက ရွေးတာ။ ဒုတိယ သမ္မတဖြစ်သွားပြီ ဆိုကတည်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပုဒ်မ ၆၂၊ ၆၃ တို့အရ သူက မဲပေးခွင့် မရှိတော့ဘူး။ ဒါပေမယ့် မကန့်ကွက် တော့ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ကန့်ကွက်တာပဲ အဖတ်တင်မှာ။ မဲခွဲရင်က သူတို့က အများစုဆိုတော့ နိုင်ဦးမှာ”လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီအချိန်မှာ ဦးဝင်းမြင့် သမ္မတ ဖြစ်နေပြီမို့လို့ ကပ်ဖဲ့ပြီး လိုက်ပြောနေ တာတွေက အကျိုးမရှိဘူးလို့ သုံးသပ်ပါတယ်။

၎င်းက “သူက လွှတ်တော် ကိုယ်စားလှယ်အဖြစ်က မနုတ်ထွက်ရသေးဘူး။ ဒုတိယ သမ္မတဖြစ်သွားပေမယ့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နုတ်ထွက်ကြောင်း မပြုလုပ်ရသေးတော့ သူ့မှာ မဲပေးပိုင်ခွင့် ရှိရမှာပါ။ အဲဒါကိုလည်း လိုက်ကပ်ပြောမနေစေချင်ဘူး။ နိုင်တာက နိုင်တာပဲလေ။ သမ္မတအဖြစ် အရာမြောက်သွားပြီးပဲ။ ဥပဒေအရပဲ တင်မြောက်ထားတာလေ” လို့ ဆိုပါတယ်။

အဲဒါကို သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်းက သဘောမတူဘဲ ဦးဝင်းမြင့်ဟာ ဥပဒေအရ မဲပေးပိုင်ခွင့် မရှိဘူးလို့ ဆိုပါ တယ်။

“သူက ဒုတိယ သမ္မတအဖြစ် အရွေးခံပြီး ကတည်းက လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်ပြီးသား ဖြစ်ရမှာ။ သူက မဲပေး လို့ကို မရတာ။ မဲပေးရင် ဥပဒေနဲ့ ညိစွန်းပြီ။ နုတ်ထွက်ပြီး ဖြစ်ရမယ့်အပြင် လွှတ်တော်ကို လာရင်လည်း အထဲကို ဝင်ထိုင်လို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ လေ့လာသူဆိုတဲ့ နေရာကို သွားရမှာ။ အပေါ်ကပဲ ကြည့်လို့ရတော့မှာ” လို့ ဆိုပါတယ်။

လွှတ်တော်က ရွေးလိုက်ပေမယ့် တရားဝင် ဒီတာဝန်ကို စထမ်းဆောင်တဲ့အချိန်၊ ကျမ်းကျိန်ပြီးမှ ပြောလို့ရမှာ ဖြစ်ကြောင်း၊ အခုက ဥပဒေရဲ့ အရေးအသားပေါ် မူတည်ပြီး ဖွင့်ဆိုကြတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သမ္မတရွေးချယ်ရေးမှာ မဲပေးခွင့်ကို အဓိက ဇောင်းပေးထားတာ မဟုတ်ဘဲ မဏ္ဍိုင်ကြီး ၃ ရပ် Check and Balance ဖြစ်ရေးကိုသာ ဇောင်းပေးပြီး ပြောတာ ဖြစ်တယ်လို့ သန်လျင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဆိုပါတယ်။

“သမ္မတ မဲပေးရမယ်၊ မဲမပေးရဘူးဆိုတာလည်း အခြေခံ ဥပဒေမှာ မပါဘူး။ သမ္မတ မဖြစ်ခင် ကျမ်းမကျိန်ခင်မှာတော့ မဲပေးခွင့် ရှိရမယ်။ သူဟာ လွှတ်တော် ကိုယ်စားလှယ်တယောက်အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်တယ်။ ဒုတိယ သမ္မတလောင်း ဖြစ်နေတုန်း မဲပေးခွင့် ဆုံးရှုံးရမယ်ဆိုတော့ သူက သမ္မတတာဝန်ကိုလည်း မထမ်းဆောင်ရသေးဘူး။ အဲဒီလို မထမ်းဆောင်ရသေးခင် ဒီဘက်မှာ လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ မဲပေးခွင့် မဆုံးရှုံးသင့်ဘူး” လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ဆိုရင် ဦးဝင်းမြင့်ဟာ သမ္မတအဖြစ် ပြည်ထောင်စု လွှတ်တော်မှာ ကျမ်းကျိန်ဖို့ ရှိပြီး သမ္မတ အိမ်တော်မှာလည်း သူ့ရဲ့ အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး မိန့်ခွန်းတရပ် ပြောဆိုဖို့ ရှိနေပြီလို့ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းက ဆိုပါတယ်။

Your Thoughts …
Tags: ဦးဝင်းမြင့် သမ္မတရွေးပွဲမှာ ဆန္ဒမဲပေးခွင့် ရှိ မရှိ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
၂၁ ပင်လုံ ဒုတိယ အစည်းအဝေး တက်ရောက်လာသော FPNCC အဖွဲ့ဝင်များ / ဧရာဝတီ

မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ၂၁ ရာစုပင်လုံတက်ရန် ဆုံးဖြတ်

နေ့စဉ်ထုတ် သတင်းစာများ  / ဧရာဝတီ

ပုံနှိပ်မီဒီယာများ အစိုးရ မကူညီလျှင် ကွယ်ပျောက်နိုင်ဟု လွှတ်တော် အမတ်ဆို

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.8k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate