သတင်း

အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည့် AYA Home Loan Launch အိမ်ရာ အရောင်းပြပွဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ဝန်ဆောင်မှု အကောင်းဆုံး ဘဏ်တခုဖြစ်သော AYA Bank ၏ချေးငွေရယူပြီး အိမ်ငှားခအတွက် လစဉ်ပေးချေရသော ငွေပမာဏနှင့် တိုက်ခန်းဝယ်ယူနိုင်မည့် AYA Home Loan Launch အိမ်ရာအရောင်းပြပွဲကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ နိုဗိုတယ် ဟိုတယ်တွင် စတင်ကျင်းပနေလျှက်ရှိသည်။

ပြပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့မှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး အသင်းအခန်းပေါင်း ၄၀၀၀ ကျော် လာရောက်ပြသထားကြောင်း ဧရာဝတီဘဏ် Head of Domestic Corporate Banking ဒါရိုက်တာ ဦးနေလင်းထွဋ် က ပြောသည်။

ဦးနေလင်းထွဋ် က “ကျနော်တို့ အဓိက လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ တိုက်ဆောက်ပြီးတဲ့ အချိန်မှာ လွယ်လွယ် ကူကူ အခန်းတွေကို ရောင်းလို့ ရအောင်နဲ့ ဝန်ထမ်းတွေ အနေနဲ့ ရတဲ့လစာထဲကနေ တဆင့် ကျပ် ၂ သိန်း၊ ကျပ် ၃ သိန်း ပေးသွင်း သွားရုံနဲ့ အိမ်တလုံးပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးရရှိအောင် ဖြစ်ပါတယ်” ဟု ပြပွဲ ပြပွဲအခမ်းအနားတွင် ပြောသည်။

အဆိုပါပြပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အစုံမှ တိုက်ခန်း၊ ကွန်ဒိုပေါင်း ၄၀၀၀ ကျော်ကို ကုမ္ပဏီ ၄၀ ကျော်မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်၊ ဧပြီလ ၁၊ ၂ ရက်နေ့များတွင် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ ပြသ ရောင်းချသွားမည်ဖြစ်ပြီး ပြပွဲသို့ လာရောက် ကြည့်ရူ့သူများ အဆင်ပြေစေရန်အတွက် Grab တက်စီနှင့် ချိတ်ဆက်ပြီး လာရောက်ကြည့်ရူ့မည် ဆိုလျှင် ပရိုမိုရှင်းကျပ် ၁၅၀၀ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ဧရာဝတီဘဏ် အနေဖြင့် အိမ်ရာများဝယ်ယူသော ဝန်ထမ်းများ၊ Customer များကို အနည်းဆုံးကျပ် သိန်း ၂၀၀ မှ ကျပ်သိန်းပေါင်း ၁ သောင်း အထိ အတိုးနူန်း ၁၃ ရာခိုင်နူန်း ဖြင့် ချေးပေးသွားမည်ဖြစ်ပြီး ပထမထပ်ဆိုလျှင် Down payment အနေနှင့် ချေးငွေ ပိုချပေးမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သိရသည်။

ဦးနေလင်းထဋ် က “နူန်းအနေနဲ့ အခန်းတန်ဖိုးကို ကျနော်တို့ ကနဦးပေးချေငွေ ၃၀ ရာခိုင်နူန်းပေးရပါမယ်။ ကျန် ၇၀ ရာခိုင်နူန်းကိုချေးငွေနဲ့ အတိုးအရင်း ပေါင်းပြီးတွက်ပါတယ်။ အတိုးအရင်းပေါင်းစနစ်ဖြစ်တဲ့အတွက် လစဉ်၊လစဉ် ပြန်ဆပ်တဲ့အခါ အတိုးကတော့ အရင်းဆပ်တဲ့ အပေါ်မှာ ပြန်လည် သက်သာသွားမှာဖြစ်ပါတယ်။ ဥပမာကျပ်သိန်း ၁၀၀ ချေးတယ်ဆိုပါစို့ အဲထဲမှာ အတိုးနဲ့ အရင်းတလကို ဘယ်လောက် ဆိုတာ ပါပြီးသားပါ။ နောက်လဆိုရင် အရင်းနူတ်ပြီးတဲ့အတွက် ကျန်တဲ့ အရင်းနဲ့ အတိုးကိုပဲ ပေးရမှာဖြစ်တယ်” ဟု ချေးငွေစနစ်နှင့် ပတ်သတ်ပြီး ရှင်းပြသည်။

AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ဆက်လက်၍ ၎င်းက “ဒါကြောင့် အတိုးနူန်းက ၁၃ ရာခိုင်နူန်းလို့ ပြောပေမယ့်လည်း တကယ်တမ်း ပြန်တွက်တဲ့အခါ အတိုးက တနှစ်လုံးကိုမှ ၇ နဲ့ ၈ ရာခိုင်နူန်း ကြားထဲမှာပဲရှိပါတယ်။ နှစ်ကာလအနေနဲ့ ၅ နှစ်ကနေ အများဆုံး ၁၅ နှစ်အထိ ပေးထားပါတယ်။ ဝယ်သူရဲ့ အပေါ် မူတည်ပြီးတော့ နှစ်ရှည်လည်းရတယ်။ တိုလည်းရပါတယ်” ဟု ပြောသည်။

ဘဏ်မှ ချေးငွေ ထုတ်ချေးပေးရာတွင် အိမ်ရာဝယ်ယူသူ၏ လစာကို ကြည့်၍ ဖြစ်စေ၊ ကုမ္ပဏီပိုင်ရှင် ဆိုလျှင်လည်း ကုမ္ပဏီ၏ ဝင်ငွေ၊ ထွက်ငွေကို ကြည့်၍ ဖြစ်စေ၊ အသေးစားအလတ်စား (sme) လုပ်ငန်းရှင်များဆိုလည်း ၎င်းတို့၏ လုပ်ငန်းဝင်ငွေအပေါ်မူတည်၍ တွက်ချက် ထုတ်ချေးပေးခြင်းဖြစ်ပြီး အိမ်ရာဝယ်ယူမည်ဆိုလျှင် အချက်၂ ချက်နှင့် ကြည့်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။

AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ယင်းအချက် ၂ ချက်မှာ ဝယ်ယူသူ၏ လစဉ်ဝင်ငွေကို ကြည့်၍ လည်းကောင်း၊ ၎င်း၏ ကိုယ်ရေးအချက်အလက်များကို ကြည့်၍ လည်းကောင်း ယင်းတို့ပေါ်တွင် မူတည်ပြီး ဧရာဝတီဘဏ်မှာ AYA Home Loan မည်မျှယူနိုင်သည်ကို တွက်ချက်ပေးခြင်းဖြစ်သည်ဟု ဧရာဝတီဘဏ်မှ ပြောသည်။

AYA Home Loanဆိုသည်မှာတိုက်ခန်း၊ ကွန်ဒို နှင့် အသင့်နေထိုင်နိုင်သောအိမ်နှင့်မြေအစရှိသည်တို့ကိုလွယ်ကူစွာ ဝယ်ယူနိုင်ရန် အတွက်အဆောက်အဦးတန်ဖိုးအားအရစ်ကျစနစ်ဖြင့် လစဉ်ပြန်လည် ပေးဆပ်နိုင်ရန် ဧရာဝတီဘဏ်မှ ဘဏ္ဍာရေးအထောက်အပံ့ပေးခြင်း ဖြစ်သည်။

AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

“ဥပမာ ဝန်ထမ်းတယောက်အနေနဲ့ လစာကျပ် ၄ သိန်းရတယ်။ အခန်းဝယ်ချင်တယ်။ ဒါပေမယ့် ဝင်ငွေမလောက်ဘူးဆိုရင် income အနေနဲ့ နှစ်ကိုဆွဲဆန့်ပေးတာဖြစ်တယ်။ဒါအများဆုံး ၁၅ နှစ်အထိဆွဲလိုက်တယ်။ အဲလိုလုပ်တာနဲ့ သူလစဉ် ပေးချေတဲ့နူန်းကလျှော့ကျသွားလိမ့်မယ်။ အခုလက်ရှိတော့ ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ ဘယ်အခန်းကို မဆိုဝယ်လို့ရပါတယ်”ဟုဒါရိုက်တာဦးနေလင်းထွဋ်ကပြောသည်။

အကယ်၍ BCC ကျပြီးပြီဖြစ်ခြင်း၊ တိုက်ခန်း၏ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နူန်းပေးသွင်းပြီးပြီးဖြစ်ခြင်းနှင့် ဧရာဝတီဘဏ်မှ ချေးငွေ ၁၀၀ ရာခိုင်နူန်း ကျပြီးပြီဆိုလျှင် တိုက်ခန်းဝယ်ယူသူမှ ယင်းတိုက်ခန်းတွင် နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကိုတိုက်ခန်းဖိုးငွေ အကုန်ဆပ်ပြီးမှသာလျှင် ဧရာဝတီဘဏ်မှ ပိုင်ရှင်ထံသို့ လွဲပြောင်းပေးမည်ဖြစ်ကြောင်း ဧရာဝတီ ဘဏ်မှ သိရသည်။

AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ဧရာဝတီဘဏ်မှ AYA Home Loanချေးပေးခြင်းမှာ အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အဓိကအားဖြင့် ပုံမှန် လခရရှိနေသော ဝန်ထမ်းများကို အိမ်ပိုင်ရရှိစေရန် လုပ်ဆောင်ပေးခြင်း၊ smeလုပ်ငန်းရှင်များအနေနှင့်လည်းရင်းနှီးမြှုပ်နှံမှုများကိုအိမ်ရာများတွင် ထည့်ထားစေရန် အတွက် ခွင့်ပြုပေးသွားမည် ဖြစ်သည်။

AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

Shwe Property.com တည်ထောင်သူ ဦးကောင်းသူဝင်းက “ဒီဧရာဝတီဘဏ်က လူကြီးတွေကလည်းသူတို့ရဲ့ AYA Home Loanကိုချပေးချင်တယ်။ ကျနော်တို့ တားဂတ်ကလည်းသွားတူတယ်။ သူတို့ကလည်း တကယ်အိမ်ဝယ်ချင်တဲ့သူ အဲလူတွေ ချပေးချင်တယ်ဆိုတော့ လက်တွေ့ကျအောင် ဧရာဝတီဘဏ်နဲ့ လက်တွဲဖြစ်သွားတာပါ။ ဒီနေ့ထဲမှာကုမ္ပဏီပေါင်း ၄၀ ကျော်ရှိတယ်။တန်ဖိုးသင့်တိုက်ခန်းကျပ်သိန်း ၂၀၀ ကျော်ကနေစပြီးတော့ ကျပ်သိန်း ၂၀၀၀ ကျော်ထိ ပါဝင် ပြသထားပါတယ်”ဟုပြောသည်။

AYA Home Loan Launch အိမ်ရာအရောင်းပြပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ထူးခြားချက်ကအရင်ကဘဏ်နှင့် ချိတ်ဆက်ပြီးဝယ်လျှင် ရောင်းရမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ဘဏ်တို့မှ ချိတ်ဆက်ထားမှသာ ဝယ်ယူသူများက ဝယ်ယူနိုင်မည် ဖြစ်ပြီးယခုAYA Home Loanစနစ်မှာကချိတ်ဆက်စရာမလိုကြောင်း ဝယ်ယူသူမှ တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading