သတင်း

အချိန်မီ မှတ်ပုံမတင်နိုင်၍ ရွှေ့ပြောင်းအလုပ်သမား ၆သောင်းခန့် တရားမဝင်ဖြစ်ဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

ထိုင်းအလုပ်သမားဥပဒေသစ်အောက်တွင် ပြီးခဲ့သည့် စနေနေ့အမီ မှတ်ပုံမတင်နိုင်ကြသည့် အလုပ် သမားပေါင်း ၆သောင်း နီးပါးမှာ နိုင်ငံအတွင်း ကာလရှည်ကြာ နေထိုင်ခွင့်မရတော့မည် မဟုတ်ဘဲ တရားမဝင်သည့်အသွင် ဆိုက်ရောက်လာနေ ကြောင်း Bangkok Post သတင်းကဆိုသည်။

အလုပ်သမားဝန်ကြီးဌာန၏ တနိုင်ငံလုံးအတွက် တနေရာတည်းအပြီး ဝန်ဆောင်မှုစင်တာ (OSS) တွင် မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သား ၁၃၇၉၂၅၂ သည် မှတ်ပုံတင် နောက်ဆုံးရက်၌ လာ ရောက်လျှောက်ထားခဲ့ပြီး၊ ယင်းတိုအနက် ၉၆ ရာခိုင်နှုန်းဖြစ်သည့် အလုပ် သမား ၁၃၂၀၀၃၅ဦး မှာ တရားဝင် မှတ်ပုံတင်ပြီးစီးကြောင်း အလုပ်သမား ဝန်ကြီး ဆန်စင်ကီအို၏ အဆိုအရသိရသည်။

ထု့ိကြောင့် ကျန်သည့် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၅၉၂၁၇ ဦးမှာ တနင်္ဂနွေနေ့က တရားမဝင်သည့် အခြေ အနေသို့ ဆိုက်ရောက်ခဲ့ပြီး၊ ၎င်းတို့ကို ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ပေး မည် မဟုတ်ဘဲ နေရပ်သို့ ပြန်ပို့ခြင်း သို့မဟုတ် ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရဲမှူးချုပ် အဒူလ်က ပြောသည်။

အထောက်အထားမဲ့အလုပ်သမားအချို့မှာ မှတ်ပုံတင်ရန် အချိန်မမီဘဲ ကျန်ခဲ့ခြင်းမျိုးရှိနိုင်ကြောင်း ယင်းအလုပ် သမားများသည် အိမ်နီးချင်းနိုင်ငံများနှင့်ထိုင်းနိုင်ငံကြား လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာအောက် ရှိ ပုံစံတကျအလုပ်သမားတင်ပို့ရေးစနစ်ကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ ပြန်လာကာ အလုပ်ပြန်ရှာနိုင်ကြောင်း အလုပ်သမားဝန်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၉သိန်း ၆သောင်းကျော် မှတ်ပုံတင်လုပ်ငန်း စဉ် ပြီးစီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်အထိ နေထိုင်ခွင့် သက်တမ်းတိုးနိုင်ခဲ့ကြောင်းလည်း အဆိုပါ ဝန်ကြီးက ဆက်ပြောသည်။

ယင်းလုပ်ငန်းစဉ်များတွင် နိုင်ငံသားစိစစ်ခြင်း၊ သက်သေခံနံပါတ်များလက်ခံခြင်း၊ ကျန်းမာရေးစစ် ဆေးခြင်းနှင့် ဗီဇာကိစ္စတို့ ပါဝင်သည်။

ရွှေ့ပြောင်းလုပ်သား ၃၅၀,၀၀၀ ကျော်မှာ ယင်းအဆင့်များအထိ မပြီးစီးသေးကြောင်း ရဲမှူးချုပ် အဒူလ်က ပြောသည်။

ယင်းတို့အနက် ၁၂၇၄၁၉ ဦးမှာ ဗီဇာတံဆိပ်ခေါင်းကပ်နိုင်ခဲ့ပြီး အလုပ်ပါမစ်များ လျှောက်ထားနိုင် ခဲ့ပြီဖြစ်သည်။ ၁၉၀၀၅၆ ဦးမှာ အွန်လိုင်းမှတဆင့် မှတ်ပုံတင်ခဲ့ကြပြီး ၄၀၆၀၄ ဦးမှာ OSS စင်တာ များသို့ လျှောက်လွှာပေးပို့ခဲ့ ကြသည်။

၎င်းရွှေ့ပြောင်းလုပ်သားများအနေဖြင့် OSS စင်တာများတွင် နောက်ဆုံးအဆင့်လုပ်ငန်းစဉ်များ ဖြတ်သန်းရန် လိုအပ်နေပြီး ယင်းစင်တာများကို ဧပြီလ ၂၃ ရက်တွင် ပြန်ဖွင့်ပေးမည်ဟု ရဲမှူးချုပ် အဒူလ်က ပြောသည်။

နောက်ဆုံး မှတ်ပုံတင်ရမည့် အချိန်သတ်မှတ်ထားခဲ့သည့် စနေနေ့က မှတ်ပုံတင်နိုင်ခဲ့သူများအနေဖြင့် ဇွန်လ ၃၀ ရက်အထိ အလုပ်လုပ်ခွင့် ပါမစ် အပြီးသတ် ရရှိနိုင်ရန် ခွင့်ပြုထားသည်။

စနေနေ့က မှတ်ပုံတင်နိုင်သည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ယခုအခါ ကျန်းမာရေးစစ်ဆေးခြင်းကို အစိုးရ ဆေးရုံများတွင် ပြုလုပ်နိုင်ပြီဖြစ်ပြီး ဗီဇာလျှောက်ထားရခြင်းကို လူဝင်မှုကြီးကြပ်ရေးရုံးအားလုံးတွင် OSS စင်တာများပြန်ဖွင့်မည့် ဧပြီလ ၂၃ ရက်အထိ စောင့်ဆိုင်းရန်မလိုဘဲ လျှောက်ထားနိုင်ကြပြီဖြစ်ကြောင်း ရဲမှူးချုပ် အဒူလ်က ဖြည့်စွက်ပြောသည်။

အစိုးရအဖွဲ့၏ ဇန်နဝါရီလ ၁၆ ရက်ဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှ ရွှေ့ပြောင်းလုပ်သားပေါင်း ၂ သန်းဝန်းကျင်ကို စနေနေ့အထိ ယာယီအားဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပြုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading