• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သံတွဲမြို့ အဂတိလိုက်စားမှု တရားသူကြီး တဦး နှင့် ရှေ့နေ တဦးကို အရေးယူ စစ်ဆေးနေ

by မင်းအောင်ခိုင်
2 April 2018
in သတင်း
A A
သံတွဲမြို့ နယ်တရားရုံး / ဧရာဝတီ

သံတွဲမြို့ နယ်တရားရုံး / ဧရာဝတီ

10.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး တရားသူကြီး တဦး နှင့် ရှေ့နေ တဦး ကို အမှုဖွင့် အရေးယူမှု ပြုလုပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ၏ အရေးယူမှုအရ သံတွဲမြို့ အဂတိ လိုက်စားမှုတွင် ပါဝင် ပတ်သက်ခဲ့သည် ဆိုသော အထက်တန်း ရှေ့နေ ဒေါ်ခင်ချိုဝင်း ကို ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး စစ်ဆေး နေသည်ဟု သံတွဲမြို့မ ရဲစခန်းမှ စခန်းမှူး ဒု ရဲမှူး ကျော်မျိုးထိုက်က ပြောပြသည်။

ဒုရဲမှူး ကျော်မျိုးထိုက်က “ရှေ့နေ ဒေါ်ခင်ချိုဝင်းကတော့ ဒီမှာ ရှိနေတဲ့အတွက် ကျနော်တို့ မနေ့က သွားဖမ်းတယ်။ ဖမ်းတာကတော့ အဂတိတိုက်ဖျက်ရေးအဖွဲ့ကပဲ ဖမ်းတာပါ။ ကျနော်တို့ နယ်မြေရဲက ပူးပေါင်းပါဝင်တာပေါ့” ဟု လည်း ဧရာဝတီ သို့ ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
737
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.7k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
871

သံတွဲမြို့တွင် နေထိုင်သည့် နစ်နာသူ တဦးက တိုင်ကြားသည့် အတွက် စစ်ဆေး ပေါ်ပေါက်ချက်အရ ယခင် သံတွဲ မြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်း၊ (ယခု ကျိုုက်ထိုမြို့နယ် တရားသူကြီး) နှင့် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း (သံတွဲမြို့) တို့ကို အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း ဧပြီ ၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ တရားသူကြီး ဦးဦးသိန်းထွန်း သည် ၂၀၁၆ ခုနှစ် သံမြို့နယ် တရားရုံးတွင် မြို့နယ် တရားသူကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် တရားလိုထံမှ ငွေကျပ် ၆၂ သိန်းကျော် (ကျပ် ခြောက်ဆယ့်နှစ်သိန်း တသောင်း ခုနှစ်ထောင်) နှင့် တရားခံ ဘက်မှ ငွေကျပ် သိန်း ၁၀၀ (ကျပ် သိန်းတရာ) တို့ကို ရယူကာ အမှုအနိုင်ပေးခြင်း၊ သက်သေ ထွက်ဆိုချက်များအား ပြင်ဆင် ဖြည့်စွက်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေး ခဲ့ရာ တရားသူကြီး ဦးဦးသိန်းထွန်းသည် သံတွဲမြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ် အမှု အမှတ် ၁၃၅/၂၀၁၆ အမှု၏ တရားလိုထံမှ ငွေကျပ် ၆,၂၁၇,၀၀၀ိ/-(ကျပ် ခြောက်ဆယ့်နှစ်သိန်း တသောင်း ခုနှစ်ထောင်)ကို တောင်းခံရယူခဲ့ ကြောင်း ပေါ်ပေါက်ကာ မြို့နယ်တရား သူကြီး တဦးအနေဖြင့် လုပ်ပိုင်ခွင့် အာဏာရှိသူက ရာထူးတာဝန်ကို အလွဲ သုံးစား ပြု၍ ဆောင်ရွက်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ကြောင့် ဦးဦးသိန်းထွန်း အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အလားတူ အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း သည်လည်း တရားလိုထံမှနေ၍ တရားသူကြီးထံ ပေးအပ်ခဲ့သည့် ငွေ များထဲမှ ငွေကျပ် ၄၇ သိန်းကျော် (ကျပ် လေးဆယ့်ခုနှစ်သိန်း ငါးသောင်း ငါးထောင်)ကို တရားလိုထံမှ တောင်းယူပြီး မြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်းထံသို့ ပေးခဲ့ခြင်းဖြင့် အားပေးကူညီမှု ပေါ်ပေါက်သည့်အတွက် ဒေါ်ခင်ချိုဝင်း အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ တို့နှင့် တရားစွဲဆို အရေးယူနိုင်ရေး အတွက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ကော်မရှင်ထံမှ သိရသည်။

ဒုရဲမှူး ကျော်မျိုးထိုက်က “ကျနော်တို့ ဖမ်းတာကတော့ တယောက်တည်းပဲ။ နောက် ဦးဦးသိန်းထွန်းကတော့ သံတွဲမှာ မရှိဘူးလေ။ သူက ကျိုက်ထို မြို့နယ် တရားသူကြီး။ သူ့ကို ဖမ်းဆီးရမိရေးကတော့ အဂတိကပဲ ဆောင်ရွက်လျက် ရှိ တယ်။ ဒီအမှုတွေက ကျနော်တို့က အမှုပဲ ဖွင့်ပေးတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကို ကျနော်တို့က ကူညီဆောင်ရွက် ပေး တယ်။ ကျနော်တို့ နယ်မြေရဲစခန်းက မစစ်ဘူးဗျ။ အဂတိကပဲ စစ်ဆေးတယ်”ဟု ပြောသည်။

ထိုအမှုနှင့်ပတ်သက်ပြီး သံတွဲမြို့မ ရဲစခန်းက ပ/၁၆၄ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် အမှု ဖွင့်လျက် ဖမ်းဆီးထားသည့် ရှေ့နေ ဒေါ်ခင်ချိုဝင်း ကိုမူ သံတွဲမြို့နယ် တရားရုံး၌ ရမန်ယူလျက် အမှုကို စစ်ဆေးနေ ကြောင်း သိရသည်။

Your Thoughts …
Tags: သံတွဲမြို့ တရားသူကြီးနှင့် ရှေ့နေ အဂတိလိုက်စားမှု
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

No Content Available
Next Post
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် / South China Morning Post

အမေရိကန်ကုန်စည်များကို အခွန်တိုးကောက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ပြီလော

နေပြည်တော် တွင် ကျင်းပသည့် ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ / ဧရာဝတီ

မညီညွတ်သော တိုင်းရင်းသား လူမျိုးများ နှင့် ဖက်ဒရယ် အရေး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate