သတင်း

တရုတ် အာကာသယာဉ် ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းသို့ ကျရောက်

၈.၅တန်လေးသည့် တရုတ် အာကာသ ဓာတ်ခွဲခန်းယာဉ် Tiangong 1 သည် ကမ္ဘာ့လေထုအတွင်း သို့ လောင်ကျွမ်းရင်း ပြန်ပြုတ်ကျလာရာ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကို ကျသွားကြောင်း The Telegraph သတင်းကဆိုသည်။

ဘတ်စ်ကား အရွယ်ရှိ ထိုအာကာသဓါတ်ခွဲခန်းသည် ကမ္ဘာမြေသို့ နံနက် ၁.၁၅ မိနစ်တွင် ကျရောက် သည်ဟု တရုတ်အာကာသ အာဏာပိုင်အဖွဲ့ကကြေညာသည်။

တရုတ်နှင့် အမေရိကန် အာကာသစခန်းများက ထိုအာကာသယာဉ် ပြုတ်ကျသော နေရာကို ပိစိဖိတ်တောင်ပိုင်းဟုသာ အကြမ်းဖျင်းပြောဆိုနိုင်သော်လည်း နက္ခတ္တပညာရှင်များကမူ ၎င်းသည် တဟီတီကျွန်း၏ အနောက်မြောက်ဖက် မိုင် ၁၀၀ ခန့်အကွာတွင် ကျဆင်းသည်ဟုဆိုသည်။

ထိုမျှဝေးကွာသောနေရာတွင် ကျဆင်းခြင်းကြောင့် အာကာသလေ့လာသူများသည် တောက်ပသော အလင်းတန်းများကို လည်းမြင်တွေ့ရခြင်းမရှိခဲ့ပေ။

မူလ တရုတ်အရာရှိများသည် အာကာသစခန်းပျက်ကျခြင်း၏ နောက်ဆုံးအဆင့်များကို နားမလည်ဘဲ ဘရာဇီးကမ်းလွန် အတ္တလန်တိတ် သမုဒ္ဓယာ အတွင်းကျဆင်းမည်ဟု ခန့်မှန်းပြီးမှ ပိစိဖိတ် တောင်ပိုင်းသို့ ပြန်လည်ပြင်ဆင်ခဲ့ရသည်။

အပျက်အစီးများသည် မိုင်ထောင်ချီသော ဧရိယာအတွင် ကျဆင်းသွားနိုင်သောကြောင့် ၎င်းတို့ကို ရှာဖွေရန် မဖြစ်နိုင်ဟုဆိုသည်။

၂၀၁၁ ခုနှစ်က လွှတ်တင်ခဲ့သည့် Tiangong 1 သည် တရုတ်၏ပထမဆုံးအာကာသစခန်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းကြီးမ ျားကို စမ်းသပ်လုပ်ဆောင်ခဲ့ရာ ယင်း၏ ရလဒ်အနေဖြင့် တရုတ်က ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် တီအမ်ဂေါင် ၂ ကို ထပ်မံလွှတ်တင်နိုင်သည့်အပြင် နောက်အနာဂတ် တရုတ်အမြဲတမ်းအာကာသစခန်းဖြစ်ထွန်းလာရေးလည်း လေ့လာ စူးစမ်းနိုင်ခဲ့သည်။

အာကာသအတွင်း အထိုင်ချရေးလုပ်ငန်းစဉ်များနှင့်အခြားစမ်းသပ်မှုပြုနေစဉ်ကာလ၌ တရုတ် အာကာသယာဉ်မှူးနှစ်ဦးက Tiangong 1အတွင်း နေထိုင်ခဲ့ရသည်။ ၎င်း၏နောက်ဆုံး အာကာသ ယာဉ်မှူးမှာ ၂၀၁၃ ခုနှစ်က မြေပြင်သို့ ပြန်ဆင်းလာခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် လူမရှိသော အာကာသစခန်းနှင့် မြေပြင်အခြေစိုက်စခန်းတို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

တရုတ်တို့အနေဖြင့် ထိုအာကာသစခန်းကို ၂ နှစ်သာ အသုံးပြုရန်ရည်ရွယ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်အထိအသုံးပြုခဲ့ပြီး မြေပြင်မှ ထိန်းချုပ်ဆင်းသက်ရန်လုပ်ဆောင်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရုရှား၏ တန်ချိန် ၁၄၀ ရှိသော မီယာအာကာသစခန်းကို ၂၀၀၁ ခုနှစ်က မြေပြင်မှ ထိန်းချုပ်ဆင်းသက်စေခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန် – တရုတ် အာကာသယာဉ် ကမ္ဘာမြေပေါ်သို့ ပျက်ကျမည်လော

Loading