ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြို တိုင်းရင်းသူ အမျိုးသမီး တဦးသည် အဖော်များနှင့် ဟင်းစားရှာထွက်စဉ် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သတင်း ရရှိသည်။
ယင်းသို့ အသတ်ခံရသည့် မြိုတိုင်းရင်းသူ အမျိုးသမီးမှာ မောင်တောမြို့နယ် ခမောင်းဆိပ်မြို့မှ ၁ မိုင်ခန့်အကွာရှိ လေးမြို့ ကေဒီကျေးရွာတွင်နေထိုင်သည့် အသက် ၄၀ အရွယ် ဒေါ်ဆောင်ရွေး ဖြစ်ပြီး ယင်း ခမောင်းဆိပ် ကျေးရွာ၌ ခေတ္တလာရောက် နေထိုင်သူဖြစ် ကြောင်းလည်း သိရသည်
ခမောင်ဆိပ်မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က “ သူတို့ ပြောတာကတော့ အကြမ်းဖက် ဘင်္ဂါလီ ၃ ဦးက ဒီကိုလာခဲ့ဆိုပြီး အော်ခေါ်တယ်လို့ ပြောတယ်။ နောက် သူတို့ အနားကိုလိုက်လာပြီး လိုက်ခုတ်တဲ့အခါ ထွက်ပြေးကြတယ်။ ၆ ယောက်က ရွာကို ပြန်ရောက်လာတယ်။ ၂ ယောက်က ပျောက်နေတယ်။ အဲဒါနဲ့ လိုက်ရှာတော့ တယောက်က သေဆုံးနေတာကို တွေ့တယ်။ နောက်တယောက်ကတော့ ညနေပိုင်းမှာ အသက်ရှင်လျှက် ပြန်တွေ့ ပါတယ်” ဟု ပြောသည်။
ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ခမောင်းဆိပ်ကျေးရွာမှ မြိုတိုင်းရင်းသား/ တိုင်းရင်းသူ ၈ ဦးတို့သည် ဘော်တလာကျေးရွာဘက်သို့ ဟင်းစားရှာရန် ထွက်ခွာခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် ဘော်တလာ ကျေးရွာ ရွှေဇံချောင်းအနီး၌ ဓားရှည်နှင့် သံတုတ်ကိုယ်စီ ကိုင်ဆောင်ထားသော အကြမ်းဖက်သမား ၃ ဦးက လိုက်လံ ထိုးခုတ်ရိုက်နှက် သောကြောင့် ခမောင်းဆိပ် ကျေးရွာသို့ ပြန်လည်ထွက်ပြေးခဲ့ကြောင်း သိရသည်။
ပြန်လည်ထွက်ပြေးလာသည့် မြိုတိုင်းရင်းသား/တိုင်းရင်းသူ ၈ ဦးနက် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးမှာ ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် လိုက်ခံရှာဖွေခဲ့ရာ ဘော်တလာကျေးရွာအနီးတွင် ဒေါ်ဆောင်ရွေးအား ဦးခေါင်းပြတ်ရှဒဏ်ရာ ၄ ချက်ဖြင့် လဲကျသေဆုံး နေသည်ကို တွေ့ရှိရပြီး ကျန်ပျောက်ဆုံးနေသည့် ဒေါ်မွေရွေး အား ဆက်လက်ရှာဖွေရာ ယနေ့ညနေ ၄ နာရီ မိနစ် ၅၀ တွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီးလူ သတ်မှုဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမား များ အား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း မောင်တောမြို့ မြောက်ပိုင်း အောင်သပြေ ကျေးရွာ နေ ဒိုင်းနက်တိုင်းရင်းသား ၄ ဦး သေနတ်အပစ်ခံရပြီး ၂ ဦးသေဆုံး သွားခဲ့သည်။