• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန် အမွေအနှစ် မြို့တော်ဝန်အိမ်ကို မြရိပ်ညိုစီမံကိန်းက ဖြိုလိုက်ပြီ

by ကျော်ဖြိုးသာ
7 April 2018
in သတင်း
A A
သက္ကရာဇ် ၂၀၀၀ အစောပိုင်းနှစ်များတွင် ဓာတ်ပုံ မှတ်တမ်း ရိုက်ယူထားသော မြို့တော်ဝန် အိမ်ဟောင်း / YCDC

သက္ကရာဇ် ၂၀၀၀ အစောပိုင်းနှစ်များတွင် ဓာတ်ပုံ မှတ်တမ်း ရိုက်ယူထားသော မြို့တော်ဝန် အိမ်ဟောင်း / YCDC

13.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ ဗဟန်းမြို့နယ် အတွင်းမှ ဆောက်လုပ်ရေး စီမံကိန်းတခု တည်ဆောက်ရန် အတွက် ဗြိတိသျှ ကိုလိုနီခေတ် လက်ရာ ရန်ကုန်မြို့တော် အမွေ အနှစ်စာရင်းဝင် အဆောက်အဦးတခုကို ဖြိုဖျက်ခဲ့ကြောင်း သိရသည်။

ယခင် မြရိပ်ညို ဟိုတယ်ရှိရာ ၁၃ ဧက ကျယ်သော မြေပေါ်တွင်ရှိသည့် မြို့တော်ဝန် အိမ်တော် (အဟောင်း) အမည်တွင်သော အဆိုပါ အဆောက်အဦးကို ဇေကမ္ဘာ ကုမ္ပဏီက ဖေဖော်ဝါရီလ အတွင်းတွင် ဖြိုဖျက်ခဲ့သည်။ ဇေကမ္ဘာကုမ္ပဏီက အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိပြီး အမြင့် ၃၈၂ ပေမှ ၄၁၂ ပေ အတွင်းရှိ အထပ်မြင့် အဆောက်အဦး ၁၂ ခု ပါ ဝင်မည့် စီမံကိန်းတခုကို ထိုနေရာတွင် အကောင်အထည်ဖော်နေသည်။

RelatedPosts

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
577
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်နိုင် (ရုပ်/သံ)

8 July 2025
46
သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

8 July 2025
149

အနားတွင် ရှိသော သက်တမ်း ၉၂ နှစ်ရှိ ရေလှောင်ကန်၏ ဘေးကင်းလုံခြုံမှုအတွက် ၎င်းတို့၏ အဆိုပြုချက်ကို ရန်ကုန်တိုင်း အစိုးရက အတည်ပြုပေးသည့် အချိန်အထိ တပ်မတော်ပိုင် မြေပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းထားရန် တိုင်းအစိုးရက ညွှန်ကြားထားသည်။

စီမံကိန်း အကောင်အထည်ဖော်ရန် အတွက် အဆောက်အဦးဟောင်းကို ဖြိုဖျက်ရန် လိုအပ်သည်ဟု ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေက ဧရာဝတီသို့ ဧပြီလ ၄ ရက်နေ့တွင် ပြောသည်။

“အဲဒါ မရှိတော့ပါဘူး” ဟု သူက ဆိုသည်။

မြို့တော်ဝန် အိမ်ဟောင်းသည် ရန်ကုန်မြို့တော်ဝန်များ တချိန်က နေထိုင်ခဲ့ကြသည့် နေရာ ဖြစ်သည်။ နောက်ဆုံးနေထိုင်ခဲ့သူမှာ ဦးအောင်သိန်းလင်း ဖြစ်ပြီး ၂၀၀၀ နှစ်များ အစောပိုင်းက ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တော် တလွှားမှ အမွေအနှစ် တန်ဖိုးရှိသော အဆောက်အဦးများ စာရင်းကို ၁၉၉၆ ခုနှစ်တွင် စတင် စစ်တမ်းကောက်ယူခဲ့ရာ ၂၀၀၁ ခုနှစ်အထိ အဆောက်အဦး ၁၈၈ ခုရှိပြီး အများစုမှာ ဘာသာသာရေး နှင့် ဗြိတိသျှ ကိုလိုနီခေတ် အဆောက်အဦးများ ဖြစ်ကြသည်။ ၎င်းတို့ ရွေးချယ်သတ်မှတ်သည့် စံနှုန်းများမှာ ဗိသုကာပညာအရ ထူးခြားထင်ရှားမှုရှိခြင်း၊ သက်တမ်း နှစ် ၅၀ ထက်ပိုခြင်း နှင့် ပုဂ္ဂလိက ပိုင်ဆိုင်မှု မဟုတ်ခြင်းတို့ ဖြစ်သည်။

ဖြိုဖျက်ခံခဲ့ရသော မြို့တော်ဝန် အိမ်တော်မှာ မြို့တော်ဝန်၏ ဧည့်ရိပ်သာ နှင့် အတူ အဆိုပါစာရင်းတွင် ပါဝင်နေခဲ့သည်။ မြို့တော်ဝန်၏ ဧည့်ရိပ်သာမှာ အဆိုပါခြံဝန်း အတွင်းမှာပင် ရှိနေသော ဗြိတိသျှကိုလိုနီခေတ်လက်ရာ အမွေအနှစ်စာရင်း ဝင် နောက်ထပ် အဆောက် အဦးတခု ဖြစ်သည်။

မြရိပ်ညို စီမံကိန်းဒါရိုက်တာ ဦးထွန်းဝင်းဟန်၏ အဆိုအရ မြို့တော်ဝန်၏ ဧည့်ရိပ်သာမှာ မူလအတိုင်း ကျန်ရှိနေသေး သော်လည်း မြို့တော်ဝန် အိမ်တော်မှာ လုပ်ငန်းအတွက် မြေရှင်းစဉ် အတွင်းတွင် ဖြိုချခဲ့ပြီး ဖြစ်သည်။

“အခု ကျနော်တို့ အဲဒါကို ရုံး အဖြစ် အသုံးပြုနေပါတယ်” ဟု သူက ဧရာဝတီသို့ ဧပြီလ ၄ ရက်နေ့တွင် ပြောသည်။

ရန်ကုန်မြို့တော်က ၎င်း၏ ရှည်လျား၍ ခန်းနားသော သမိုင်းတလျှောက်တွင် တည်ဆောက်ခဲ့သော သမိုင်းဝင် အဆောက်အဦးများစွာကို ပိုင်ဆိုင်ထားသည်။ ရန်ကုန်မြို့တော်သည် အရှေ့တောင်အာရှ၌ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစော ပိုင်း ကိုလိုနီခေတ် ဗိသုကာလက်ရာများ အများဆုံး ရှိနေသည့် နေရာဖြစ်သည်။

အမွေအနှစ်များ ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO) တခု ဖြစ်သော ရန်ကုန် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(YHT) ၏ အဆိုအရ မြရိပ်ညို စီမံကိန်းတည်ရှိသောနေရာကို ကိုလို နီခေတ်က Mount Pleasant ဟု ခေါ်ကြောင်း သိရသည်။ မြို့တော်ဝန် အိမ်တော် နှင့် ဧည့်ရိပ်သာ အပါအဝင် အဆင့်မြင့် အရာရှိများ၏ နေအိမ်များ နှင့် Chartered ဘဏ်၏ မန်နေဂျာ နေအိမ်တို့က ထိုနေရာတွင် တည်ရှိကြသည်။

အဆိုပါ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် အဆောက်အဦး ၂ ခုလုံး၏ ဒီဇိုင်းများအရ ၁၉၂၀ ခုနှစ် မတိုင်မီက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရ ကြောင်း YHT က ခန့်မှန်းခဲ့သည်။

မြို့တော်ဝန် အိမ်ဟောင်း သည် အကြီးစားပြင်ဆင်မွမ်းမံမှု အမြောက်အများ ပြုလုပ်ထားပြီး ဖြစ်သည့်အတွက် အမွေအနှစ် အဆောက် အဦးတခု မဟုတ်တော့ကြောင်း ဦးခင်ရွှေ နှင့် ဦးထွန်းဝင်းဟန် တို့ ၂ ဦးလုံးက အခိုင်အမာပြောကြသည်။

“၂၀၀၀ အစောပိုင်းနှစ်တွေမှာ အမိုးနဲ့ ကြမ်းခင်းကို လဲထားတယ်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းမှာလည်း အကြီး အကျယ်ပျက်စီးသွားခဲ့တယ်။ ဒါကြောင့် ကျနော်တို့ အဆောက်အဦး တခုလုံးကို ပြင်ဆင် မွမ်းမံခဲ့ရတယ်။ ဒါကြောင့် ရှေးဟောင်း အမွေ အနှစ် အဆောက်အဦးတခု မဟုတ်တော့ပါဘူး” ဟု ဦးခင်ရွှေက ပြောသည်။

အမွေအနှစ် စာရင်းဝင် မြို့တော်ဝန် အိမ်ဟောင်းကို ဖြိုဖျက်လိုက်ခြင်းက လုံးဝမှားယွင်းကြောင်း YHT ကပြောသည်။

“အဲဒါက တရားဝင် လူသိရှင်ကြား ကြေညာထားတဲ့စာရင်းပါ။ အမွေအနှစ် အဆောက်အဦးတွေနဲ့ ပတ်သက်လာရင် အဲဒါ တွေကို ဖြိုချတာတွေနဲ့ ပတ်သက်ပြီး တားနိုင်တဲ့ လုပ်ငန်းစဉ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သာသား ကျမတို့မှာ မရှိပါဘူး” ဟု YHT ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် အမွေအနှစ် အဆောက်အဦးများ ကာကွယ်ရေး ဥပဒေတခု ရှိပြီး ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေတွင် သက်တမ်း နှစ် ၁၀၀ ထက် ကျော်လွန်သော အဆောက်အဦးများသည် အမွေအနှစ် အဆောက်အဦး တခု ဖြစ်လာရန် အရည်အချင်း ပြည့်မီကြောင်း သတ်မှတ်ထားသည်။

သို့သော်လည်း အဆိုပါဥပဒေကို သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စာရင်းပြုစုထားသည့် အဆောက်အဦးများနှင့် ပတ်သက်၍သာ အသုံးပြုနိုင်သည်။ ထို့ကြောင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းဝင် အမွေအနှစ် အဆောက်အဦးတခုကို ဖြိုဖျက်ခြင်းက ဥပဒေကို ဆန့်ကျင်ချိုးဖောက်ခြင်း ဟုတ်/မဟုတ် က မသဲကွဲပါ။

ဧပြီလ ၅ ရက်နေ့က ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီ ထံမှ မှတ်ချက်တောင်းခံခဲ့သော်လည်း မရရှိခဲ့ပါ။

YHT မှ ဒေါ်မိုးမိုးလွင်က ဇေကမ္ဘာကုမ္ပဏီ၏ အကြောင်းပြချက်ကို ပယ်ချခဲ့သည်။

“ပြန်လည်ပြင်ဆင်ထားတာဖြစ်တာနဲ့ အမွေအနှစ် အဆောက်အဦးတခုကို အလွယ်တကူ ဖျက်ဆီးလို့ မရပါဘူး။ အဲဒါ (ပြင်ဆင် မွမ်းမံခြင်း) ကြောင့် သူ့ရဲ့ တန်ဖိုး ကျမသွားဘူး” ဟု သူကပြောသည်။

(အင်္ဂလိပ်ဘာသာဖြင့် Heritage Building Demolished to Make Way for US$500-Million High-Rise  တွင် ဖတ်ရှုနိုင်ပါသည်။)

ဆက်စပ်ဖတ်ရှုရန် – ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း

မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား

Your Thoughts …
Tags: မြရိပ်ညိုစီမံကိန်းမြို့တော်ဝန်အိမ်ရန်ကုန် အမွေအနှစ်
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

ဖြိုချနေသော မြို့တော်ဝန်အိမ်ဟောင်းကို ဖေဖော်ဝါရီလအတွင်း မြင်ရစဉ် / ခင်ဇော်လတ်

ဖြိုချပြီး မြို့တော်ဝန်အိမ် ပြန်ဆောက်ရန် ဦးခင်ရွှေကို တပ်မတော် ညွှန်ကြား

by ကျော်ဖြိုးသာ
8 June 2018
140.2k

ရန်ကုန်မြို့တော် အမွေအနှစ် စာရင်းဝင် ကိုလိုနီခေတ်လက်ရာ အဆောက်အဦးတခု ဖြစ်သော မြို့တော်ဝန် အိမ်ကို ဖြိုချခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ထောက်ချုပ်ရုံးက ဦးခင်ရွှေထံသို့ ပြီးခဲ့သည့် အပတ်အတွင်းက စာတစောင်ပေးပို့ခဲ့သည်။

Next Post
မတ်လ ၄ ရက် မြန်မာ့တပ်မတော်နှင့် KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များ ထိတွေ့မှု ဖြစ်အပြီး ထွက်ပြေးကြရသော ကလေးငယ်များ / Brennan O'Conner

စစ်ရိပ်စစ်ငွေ့ ပြန်သန်းလာတဲ့ ကရင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်များ

ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သင်္ကြန်ဆုပေးမဏ္ဍပ် / မျိုးမင်းစိုး

သင်္ကြန်သံချပ် ဖွံ့ဖြိုးဖို့ ဆုပေးမဏ္ဍပ်များ အားကောင်းဖို့ လို

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.6k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

7 days ago
6.5k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate