သတင်း

ဥရောပက ရိုဟင်ဂျာဆိုသူများကို လက်ခံလျှင် ဖိလစ်ပိုင်လည်း လက်ခံမည်ဟု သမ္မတ ဒူတာတေးပြော

Want create site? Find Free WordPress Themes and plugins.

ဥရောပနိုင်ငံများကသာ ရိုဟင်ဂျာဆိုသူများကို လက်ခံပါက သူ့အနေဖြင့်လည်း ထိုဒုက္ခသည်များကို လက်ခံမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကြာသာပတေးနေ့က လယ်သမားနှင့် စိုက်ပျိုးရေးအရာရှိများကို သမ္မတနန်းတော် တွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်းပြောဆိုသွားသည်။

“သူတို့တွေက ရိုဟင်ဂျာတောင် မဖြေရှင်းနိုင်ဘူး၊ ကျနော်ကမေးရမှာပဲ လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ ဘာလဲ၊ ကျနော်နဲ့ ဒီအမျိုးသမီး(နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်)နဲ့ က မိတ်ဆွေတွေ၊ ဒါပေမယ့် ကမ္ဘာကို တင်ပြတဲ့ပုံ အတိုင်း ဆို ကျနော် သူတို့ကို သနားတယ်၊ ရိုဟင်ဂျာတွေကို ကူညီသင့်လား၊ ကူညီသင့်တယ်၊ ကျနော်ကူညီမယ်၊ ဒါပေမယ့် ကျနော် တို့နဲ့ ဥရောပနဲ့ သူတို့ကို ခွဲပြီး လက်ခံသင့်တယ်၊ ဥရောပလို မလုပ်တာ ကောင်း တယ်”ဟု ၎င်းက ပြောဆိုခြင်းဖြစ် သည်။

ထိုနေ့က တွေ့ဆုံပွဲ၌ ပြောကြားသည့် သမ္မတ ဒူတာတေး၏ ကျယ်ပြန့်သော မိန့်ခွန်းတွင် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှ နှုတ် ထွက်ရခြင်းအကြောင်း၊ သွေးထွက်သံယိုများသည့် မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို မည်သည့်အတွက် ပဏာမစစ်ဆေးရ သည်အထိ ဖြစ်ရခြင်းအကြောင်းလည်း ပါဝင်သည်။

ထို့အပြင် သမ္မတ ဒူတာတေးက “ အဲဒီကလူတွေကို ကျနော် တကယ့်ကို စာနာမိပါတယ်။ ဒုက္ခသည်တွေကို ကျနော်က တော့ ပြန်လက်ခံစေချင်နေတယ်။ ရိုဟင်ဂျာ တွေ ဟုတ်တယ်နော်။ ကျနော်လည်း ကူညီမယ်။ ဒါပေမယ့် ကျနော်တို့တွေ က သူတို့အတွက် ဥရောပနဲ့လည်း ခွဲပြီး ကူညီဖို့မသင့်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံရှိပြဿနာများကို နိုင်ငံတကာအသိုင်းအဝိုင်းက မတတ်စွမ်းနိုင်ခြင်းကိုလည်း သူက ဝေဖန်သည်။

သမ္မတ ဒူတာတေး၏ ပြောဆိုချက်နှင့် ပတ်သက်၍ Reuters သတင်းက မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို မေးမြန်းရာ ဖိလစ်ပိုင်သမ္မတ ပြောဆိုချက်မှာ ပကတိအခြေအနေကို မထင်ဟပ်ကြောင်း၊ မြန်မာနှင့် ပတ်သက်၍ နား မလည်သေးကြောင်း ပြောဆိုသည်ဟု ရေးသားထားသည်။

ဒူတာတေး၏သဘောထားမှတ်ချက်ကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းသူ့မိန့်ခွန်းကို ဖိလစ်ပိုင်သမ္မတရုံးက မှတ်တမ်းပြုစုထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ARSA အကြမ်းဖက်အဖွဲ့မှ အစိုးရကင်းစခန်းများကို တိုက်ခိုက်၍ မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရာ ဘင်္ဂါလီ ၆သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြောင်း သတင်းများကဆိုသည်။

အရှေ့တောင်အာရှတွင် အစွန်းရောက် အစ္စလာမ် အကြမ်းဖက်သမား၏ ရန်ကို မြန်မာသာမက ဖိလစ်ပိုင်လည်း ရင်ဆိုင်နေရ ရာ၊ ပြီးခဲ့သည်နှစ်အတွင်း ဖိလစ်ပိုင် တောင်ပိုင်းရှိ မာရာဝီမြို့ကို IS လိုလားသည့် အကြမ်းဖက်အဖွဲ့က နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများ သုံး၍ တိုက်ခိုက်သိမ်းပိုက်သဖြင့် ဖိလစ်ပိုင် စစ်တပ်က နှိမ်နင်းခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading