သင်္ကြန်ပိတ်ရက် အိမ်ပြန်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ကာ ဘန်ကောက်မှ မဲဆောက်သို့ ထွက်လာ တဲ့ Van ကားတစင်းဟာ ဒီကနေ့ မနက်မှာ ဝမ်ချောင်ခရိုင် ဝမ်ချောင်- တပ်ခ် အဝေးပြေးကားလမ်းပေါ်မှာ မီးလောင်ခဲ့တယ်လို့ Bangkok Post သတင်းကဆိုပါတယ်။
ဒါပေမယ့်လည်း ကားပေါ်ပါ ခရီးသည်နဲ့ ယာဉ်မောင်းဟာ အလျင်အမြန် ဆင်းပြေးနိုင်တဲ့အတွက် ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ကားမောင်သူ အသက် ၅၃ နှစ်အရွယ် Singthong Sukprasoet ရဲ့အဆိုအရ သူဟာ ညာဘက်ရှေ့ဘီးပေါက်တာကို သိလိုက်အပြီးမှာ လမ်းဘေးမှာ ရပ်လိုက်ကြောင်း၊ ဒါပေမယ့်လည်း ဓာတ်ဆီပို့လွှတ်တဲ့စနစ် ချို့ယွင်းသွားတယ်လို့ သံသယရှိတဲ့အတွက် ကားပေါ်ပါသူတွေကို အလျင်အမြန် ဆင်းဖို့ ပြောဆိုခဲ့ပြီး နောက် မိနစ် ၂၀ အကြာမှာ ကားမီးလောင်ခဲ့တာဖြစ်တယ်လို့ ရဲက သတင်းထုတ်ပြန်ပါတယ်။
သင်္ကြန်တွင်း ပြည်တော်ပြန်ကြတဲ့ မြန်မာအလုပ်သမားတွေကို ဘန်ကောက် Pinklao ကုန်တိုက်ကနေ တင်ဆောင်လာတာ ဖြစ်ပြီး မဲဆောက်ကနေ မြန်မာပြည်ကို ပြန်မယ့်သူတွေဖြစ်လို့ ဆိုပါတယ်။
ဝမ်ချောင်ရဲရဲ့ အဆိုအရ ဒီကားဟာ သတ်မှတ်တဲ့ အရေအတွက်ထက် ပိုပြီး ခရီသည်နဲ့ ပစ္စည်းတင်ဆောင်လာတဲ့အတွက် ကားမောင်သူနဲ့ Van ကား ကုမ္ပဏီကို အရေးယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယခုမတ်လကုန်ကလည်း တပ်ခ်ခရိုင်ထဲမှာပဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်လာတဲ့ ကားတစီး မီးလောင်တဲ့ အတွက် ၂၁ဦး သေဆုံးခဲ့ပါသေးတယ်။
ဆက်စပ်ဖတ်ရှု့ရန် – မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်လာသည့်ကားမီးလောင်၊ ၂၁ဦးသေ