သတင်း

ရခိုင် ဝန်ကြီးတဦးကို တာဝန်မှ ရပ်စဲရန် တိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်မှ ရပ်စဲရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည့်အတွက် ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး အဖွဲ့အား ဖွဲ့ စည်းလိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ တာဝန်မှ ရပ်စဲရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးကလက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြပြီး လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ဧပြီလ ၉ ရက် ရက်စွဲဖြင့် လက်မှတ်ထိုးကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

စီမံ/ဘဏ္ဍာဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်နေသာ ဦးကျော်အေးသိန်းသည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များ ကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင်ြ့ပုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်မှု မရှိခြင်း အစရှိသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခံရခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ သံတွဲမဲဆန္ဒနယ်မှ NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) ကိုယ်စား လှယ် ဦးနိုင်ကြွေအေးက “သူတို့ တိုင်တဲ့ အချက်တွေကတော့ အများကြီးပဲ။ အဓိကတော့ ပြည်သူ့ နစ်နာချက်တွေ၊ အခြား သော အကြောင်းအရာတွေပါ ရှိတာပေါ့။ နောက် ကျနော်တို့ စွဲချက်မတင်မီ ကတည်းက ဒီအချက်အလက်တွေ အများကြီး ရရှိထားပြီးသားပါ” ဟု ဧရာဝတီ သို့ ပြောသည်။

ထိုကဲ့သို့ ဦးကျော်အေးသိန်းကို ပေးအပ်သော တာဝန်အား ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းကြောင့် ရခိုင်ပြည်နယ် အ တွင်း မြို့နယ်အသီးသီး၌ ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၌ များစွာ ထိခိုက် ဆုံးရှုံးမှုများရှိခဲ့သဖြင့် ဝန်ကြီး အဖြစ် ရာထူးမှ ရပ်စဲနိုင်ရေး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးနိုင်ရန် တင်ပြလာခြင်း အပေါ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ဂ) နှင့်အညီ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိ သည်။

ယင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် NLD အမတ် ဦးနိုင်ကြွေအေး၊ အဖွဲ့ဝင်များအဖြစ် ပါဝင်သော ANP (ရခိုင်အမျိုးသားပါတီ) မှ စစ်တွေအမတ် ဦးအေးသိန်း၊ ရသေ့တောင် အမတ် ဦးဦး သိန်းနိုင်၊ ပုဏ္ဏားကျွန်းအမတ် ဦးအောင်သန်းတင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ မောင်တော အမတ် ဦးထွန်းလှစိန်တို့ ပါဝင်သည်။

ယင်းသို့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား စွပ်စွဲတိုင်ကြားချက်များနှင့် ပတ်သက်ပြီး လွှတ်တော် စုံစမ်း စစ်ဆေး ရေး အဖွဲ့က ယခုနှစ် ကျရောက်မည့် သင်္ကြန်ကာလအလွန် စွပ်စွဲခံရသူနှင့် တိုင်ကြားသည့် ပြည်သူများကို စတင် ကိုင် တွယ် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးနိုင်ကြွေအေးက ဆက်လက် ပြောသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် စွပ်စွဲပြစ်တင်ချက်ပါ အချက်အလက်များအား တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စုံစမ်း စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်ကို နောက်ဆုံးထားကာ ရခိုင်ပြည်နယ် လွှတ် တော်ရုံးသို့ ပြန်လည် အစီရင်ခံ တင်ပြရမည် ဖြစ်သည် ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်း အောင်ကို တာဝန်မှ ရပ်စဲနိုင်ရန် ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့သည့် အတွက်ကြောင့် နိုင်ငံတော် သမ္မတက တာ ဝန်မှ ရပ်စဲပေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading