သတင်း

သင်္ကြန်တွင်း အပူချိန် နှင့် ခရမ်းလွန်ရောင်ခြည် မြင့်နိုင်ကြောင်း မိုး/ဇလ သတိပေး

Want create site? Find Free WordPress Themes and plugins.

သင်္ကြန်ကာလ ဖြစ်သော ဧပြီလလယ်၌ နေ့အပူချိန်များ ပြန်လည် မြင့်တက်လာနိုင်ပြီး ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း များ ပြန်လည် မြင့်တက် လာနိုင်ဖွယ်ရှိရာ သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန (မိုး/ဇလ) မှ သတိ ပေးထားသည်။

“မိုးရွာတာကြောင့် နေ့အပူချိန်တွေ တော်တော်လေးကို ကျသွားတဲ့အတွက် နောက်ရက်တွေကျရင်တော့ အပူချိန်က ပြန် တက်လာမယ့် အနေအထားရှိတယ်။ အဲဒါကြောင့် နေ့အပူချိန်တွေ မြင့်တက်လာမယ်။ ဒီလိုမျိုး နေ့အပူချိန်တွေ ပြန်တက် လာပြီ ဆိုရင်တော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေကလည်း ပြန်မြင့်လာနိုင်သလို အပူပြန်တတ်တဲ့ တိမ်တွေကို လည်း သတိပြုရမယ့် အနေအထား ရှိပါတယ်”ဟု မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီ သို့ ပြော သည်။

သင်္ကြန်ကာလ အတွင်း၌ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် အပူပြန်သည့် တိမ်တိုက်များ ဖြစ်နိုင်ပြီး အဆိုပါ တိမ် တိုက် များကြောင့် မိုးတိမ်တောင် ဖြစ်ပေါ်စေကာ မွန်းလွဲပိုင်းနှင့် ညနေပိုင်း အချိန်များတွင် လေပြင်းတိုက်ခြင်း၊ မိုးသည်း ထန် စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်တတ်သည်ကိုလည်း သတိထားရန် လိုအပ်ကြောင်း မိုး/ဇလက သတိ ပေးထား သည်။

ဆက်လက်ပြီး ဦးကျော်မိုးဦးက “အဓိကကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းဒေသဖြစ်တဲ့ ကချင်နဲ့ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း ဒေသတွေမှာတော့ မိုးဆက်ပြီး ရွာနိုင်သေးတယ်။ တောင်ပိုင်းစွန်း ဒေသတွေဖြစ်တဲ့ တနသာၤရီတိုင်းမှာလည်း အရှေ့ဘက်ကလာတဲ့ အရှေ့လေပွေလှိုင်းနဲ့ အတူပါလာတဲ့ တိမ်တိုက်တွေကြောင့် မိုးရွာနိုင်ပါသေးတယ်” ဟု ဆိုသည်။

နေ့အပူချိန်များ မြင့်တက်လာတတ်သည့် အတွက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လျက်ရှိရာ သင်္ကြန် ရေပက်ခံ ထွက်သူများအနေဖြင့် နေ့ခင်းဘက်တွင် ရေကစားခြင်း ရှောင်ကျဉ်သင့်ကြောင်း၊ နေ့အပူရှိန်ကြောင့် နေလောင် ခြင်း၊ အပူရှပ်၊ ဖျားနာခြင်း၊ သောက်စား မူးယစ်သူများ အနေဖြင့် ဦးနှောက်သွေးကြော ပြတ်ခြင်း အစရှိသည်တို့ ဖြစ်ပေါ် တတ်ကြောင်း ဆေးဘက်ဆိုင်ရာ ဆရာဝန်တချို့က သတိပေးထားသည်။

အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦးက “နေ့အပူချိန် မြင့်တက်လာတဲ့ အတွက် သင်္ကြန်အတွင်း လည်ချင် တယ် ဆိုရင်တော့ အကျႌကို လက်ရှည် ဝတ်တာတို့ နောက် ရေစိုခံနေကာ ခရင်မ် လိမ်းမှရမယ်။ ရိုးရိုးနေကာ ခရင်ခ် လိမ်း လို့ မရဘူး။ အဲဒါတွေ လိမ်းပြီးတော့ ထွက်တာကောင်းတယ်” ဟု အကြံပြု ပြောဆိုထားသည်။

ဧပြီလ ၁၀ ရက်၌ တပြည်လုံး၌ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းသည် လွန်ကဲ အဆင့်တွင် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း ပြောသည်။

ယနေ့တွင် အမြင့်ဆုံး အပူချိန်များ အနေနှင့် ရန်ကုန်တွင် ၃၄ ဒီဂရီ စင်တီဂရိတ်၊ မန္တလေးတွင် ၃၂ ဒီဂရီ စင်တီ ဂရိတ်နှင့် နေပြည်တော်တွင် ၃၁ ဒီဂရီ စင်တီဂရိတ်တို့ ဖြစ်ပြီး ထူးခြားသည့် နေ့အပူချိန်များမှာ မကွေးတိုင်း ချောက်မြို့နှင့် ကယား ပြည်နယ် ဘော်လခဲ မြို့ တို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ်စီ၊ တောင်ငူမြို့၊ ညောင်လေးပင်မြို့နှင့် မော်လမြိုင် မြို့တို့တွင် ၃၉ ဒီဂရီ စင်တီဂရိတ် တို့ဖြစ်ကြောင်းနှင့် နောက်နေ့များတွင်လည်း အပူရှိန် ပိုမိုမြင့်တက်ဖွယ် ရှိကြောင်း မိုး/ဇလမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading