ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာအုပ်စုု ပဲရုံ(နတလ) ကျေးရွာ သုဿန်အနီး ဘင်္ဂါလီ ၁၀ဦးကို သတ်ဖြတ်မှု၌ ပါဝင်ပတ်သက်နေသည့် တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦးတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်သည်။
ထိုသတ်ဖြတ်မှုမှာ ပြီးခဲ့သည့် နှစ် စက်တင်ဘာလ ၂ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီ အကြမ်း ဖက်သမား ၁၀ဦးအပေါ် ဥပဒေနှင့် အညီ ဖမ်းဆီးချုပ်နှောင် တရားစွဲခြင်း မပြုပဲ၊ အင်းဒင်ကျေး ရွာနေ တိုင်းရင်းသား တချို့နှင့် လုံခြုံရေးတပ်ဖွဲ့များမှ စိတ်ခံစား နာကြည်းချက်အပေါ် အခြေခံ၍ သတ် ဖြတ် ခြင်းဖြစ်ကြောင်း၊ သို့သော် ထိုဖြစ်ရပ်အပေါ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး အေးဝင်း ဦးဆောင်၍ စစ်ဆေးရာ ဥပဒေမဲ့ ကျူးလွန်သည်မှာ မှန် ကန်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
ထို့အတွက် ဖြစ်ရပ်ကို ကျူးလွန်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ် နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူနေဆဲဖြစ်ကြောင်း၊ တပ်မတော်မှ အရာရှိ စစ်သည် ၇ဦးအနက် အရာရှိ ၄ဦးကို ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် နယ်ဘက် အကျဉ်းထောင်တွင် ကျခံစေရန်၊ အခြား အဆင့် စစ်သည် ၃ဦးကို တပ်သားအဆင့် လျော့ချ၍ အမြဲတမ်းထုတ်ပစ်ရန် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀အား နယ် ဘက်အကျဉ်းထောင် ကျခံစေရန် ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ရက်နေ့က ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ဖြစ်သည့် ARSA မှ နယ်ခြားဒေသရှိ အစိုးရက ကင်းစခန်း များကို စတင်တိုက်ခိုက်ခဲ့ပြီး၊ လူစုလူဝေးဖြင့် ဒေသခံတိုင်းရင်းသားများဖြစ် သည့် မြို၊ ရခိုင်နှင့် ဒေသတွင်း နေထိုင်သည့် ဟိန္ဒူမိသားစုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရာမှာ နယ်မြေခံ ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုသို့ သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်ဟု ကနဦး ဒေသတွင်းသတင်းတချို့က ဆိုသည်။
ထို အင်းဒင်ရွာ လူသတ်မှုနှင့် ပတ်သက်၍ သတင်းရေးသား ဖော်ပြရန် စုံစမ်းဖော်ထုတ်ခဲ့သည့် Reuters သတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့သည် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းဆီးကာ ရခိုင်ပြည်နယ်အကြမ်းဖက် တိုက်ခိုက်ခံရ မှုဖြစ်စဉ် အသေးစိတ်အစီအရင်ခံများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှို့ဝှက် ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခံ ထားရခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – အင်းဒင်ရွာ ဖြစ်စဉ်ကြောင့် တပ်မတော် အရာရှိ ၄ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး အရေးယူခံရ
အင်းဒင်ရွာ သတ်ဖြတ်မှု စုံစမ်းတွေ့ရှိချက် Reuters ထုတ်ပြန်
သတ်ဖြတ်ခံရသည့် ဟိန္ဒူအလောင်းများ တွေ့ရှိသည့် နေရာအနီး ထပ်မံ ရှာဖွေနေ