သတင်း

“ဝ” နှင့် ရခိုင်မြောက်ပိုင်း လူနေထိုင်မှု စစ်တမ်းကောက်ခွင့်မရ

Want create site? Find Free WordPress Themes and plugins.

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့် မြန်မာနေထိုင်မှု အခြေအနေ စစ်တမ်းကောက်ယူခြင်းကို တနိုင်ငံလုံးတွင် ပြုလုပ်ခဲ့သော်လည်း “ဝ” ဒေသနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်နှင့် မောင်တောတို့တွင် အကြောင်း အမျိုးမျိုးကြောင့် ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်းသိရသည်။

မြန်မာနေထိုင်မှု အချက်အလက် စစ်တမ်းကောက်ယူခြင်း မှ ရရှိသည့် အချက် အလက်များဖြင့် Key Indicators Report (Draf) ထုတ်ပြန်နိုင်ရန်အတွက် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဧပြီလ ၁၁ ရက်နေ့က ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုစာရင်းအင်းအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ဆက်ရီက အထက်ပါ အတိုင်းပြောဆိုခြင်း ဖြစ်သည်။

ဒေါ်ခင်ဆက်ရီ က “တနိုင်ငံလုံးကို လွှမ်းခြုံကောက်ယူခဲ့တယ်လို့ ပြောလို့ရပေမယ့် ဒေသ ၂ ခုကိုတော့ ကောက်ယူလို့ မရခဲ့ပါဘူး။ ဝ ဒေသရှိကောက်ကွက် ၇ ခုနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၂ ခုတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဒေသတွေအစား တခြားနေရာတွေမှာ ကောက်ကွက်တွေ ပိုတိုးခဲ့တဲ့အတွက် အားလုံးကို လွှမ်းခြုံနိုင်ခဲ့ပါတယ်” ဟု ပြောသည်။

စာရင်းကောက်ယူခွင့် မရခဲ့သည့် “ဝ” ဒေသသည် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခြင်းမရှိသော်လည်း မြန်မာအစိုးရ၏ အုပ်ချုပ်မှု အာဏာ သက်ရောက်သည့် ဒေသတခုဖြစ်သလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာမူ လူမျိုးရေး၊ ဘာသာရေးပဋိက္ခများဖြင့် ရင်ဆိုင်နေရသည့် ဒေသတခု ဖြစ်သည်။

ယခုစစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်မှာ ကိန်းဂဏန်းများ အသုံး၍ ပေါ်လစီမူဝါဒများ ချမှတ်ရာတွင် လိုအပ်သည့် မှန်ကန်တိကျသော ကိန်းဂဏန်း အချက်အလက်များ ပေးနိုင်ရန်၊ ကိန်းဂဏန်း အသုံးပြုသူများသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို သိချင်နေချိန်တွင် ချက်ချင်းသိနိုင်ရန် ယခုလိုစစ်တမ်းများ ထုတ်ပြန်ပေးနိုင်ရန် ဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှသိရသည်။

စစ်တမ်းကို ဦးဆောင်သူ ဒေါ်ခင်ဆက်ရီက “စစ်တမ်းမှာ အိမ်ထောင်စု အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး ပါတော့ပညာရေးမှာ ဆိုရင် ဘယ်နေရာမှာ ဘာတွေ လိုအပ်တယ်။ ကျန်းမာရေးမှာ ဘယ်တွေ လိုအပ်လဲ။ စစ်တမ်းအရ စားသုံးမှုပုံစံတွေ၊ လူနေမှုပုံစံတွေ ပြောင်းလဲလာပါတယ်။ စစ်တမ်းအရတော့ အခြေအနေတွေက တိုးတက်လာတယ်” ဟု ပြောသည်။

ယခုစစ်တမ်းတွင် တနိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်း ၁၅ ခုမှ အိမ်ထောင်စု ၁၃၀၀၀ ကျော်၊ လူဦးရေ ၃ သောင်းခန့်ကို မေးခွန်းများ မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြီးဆုံးခဲ့ကြောင်း ၂၀၁၈ ခုနှစ် နှှစ်ကုန်ပိုင်း တွင် အပြီးသတ် အစီရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်းသိရသည်။

“အိမ်ထောင်စုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြောမယ်။ လူတွေရဲ့ အသုံးအဆောင်တွေပေါ့နော်။ ကြည့်မယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံမှာ အိမိသုံးပစ္စည်း ပိုင်ဆိုင်မှုတွေက အရင်နှစ်တွေနဲ့ မတူတော့ဘူး။ မိုးဘိုင်းလ်ဖုန်းသုံးစွဲမှု၊ မော်တော်ဆိုင်ကယ် သုံးစွဲမှုတွေ တိုးလာတယ်။ ကြည့်လို့ရှိရင် Technology Changes ဖြစ်တာကို မြင်ရပါတယ်။ လူနေမှု အဆင့်အတန်း မြင့်တက်လာတာကို မြင်ရပါတယ်”ဟု ဒေါ်ခင် ဆက်ရီက ပြောဆိုသည်။

စစ်တမ်းအရ မြန်မာနိုင်ငံတွင် စက်ဘီးသုံးစွဲမှုနည်းပါးလာပြီး ဆိုင်ကယ် သုံးစွဲမှု မြင့်တက်လာကြောင်း၊ မိုဘိုင်းဖုန်းသုံးစွဲမှုမှာလည်း မြင့် တက်လာပြီး ၂၀၁၀ နောက်ပိုင်း မိုဘိုင်းဖုန်း သုံးစွဲမှုတိုးတက်လာခဲ့ရာ၂၀၁၇ ခုနှစ်တွင် မြို့ပြနှင့် ကျေးလက်ကြား မိုဘိုင်းဖုန်းသုံးစွဲမှုမှာ ကွာခြားမှု မရှိတော့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading