• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ အရပ်ဖက်အဖွဲ့များကို Mark Zuckerberg တောင်းပန်စာပို့

by သဇင်လှိုင်
12 April 2018
in သတင်း
A A
Facebook တည်ထောင်သူ Mark Zuckerberg  / Mark Zuckerberg / Facebook

Facebook တည်ထောင်သူ Mark Zuckerberg / Mark Zuckerberg / Facebook

18.6k
VIEWS
Share on FacebookShare on Twitter

လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာကို တည်ထောင်သူလည်းဖြစ် Facebook ၏ အမှုဆောင် အရာရှိချုပ် လည်းဖြစ်သည့် Mark Zuckerberg က မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း အချို့ကို တောင်းပန်စာပေးပို့ခဲ့သည်။

Facebook အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမုန်းတရား ပြန်ပွားမှု ထိန်းချုပ် လုပ်ဆောင်ရာတွင် အားနည်းခဲ့ကြောင်း မြန်မာအရပ်ဘက် အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာ ပေးပို့မှုအပေါ် Mark Zuckerberg ကိုယ်တိုင်က အီးမေးဖြင့် ပြန်လည်ပေးပို့ကာ တောင်းပန်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
124
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
92
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
255

Facebook တွင်အမုန်းစကား၊ စော်ကားမှု၊ အချက်အလက်မှား စသည်တို့ကို လူအစား AI (ဉာဏ်ရည်တု) ဖြင့် အကဲဖြတ်သည့် စနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ယခုအခါ မြန်မာဘာသာစကား ကျွမ်းကျင်သည့် သုံးသပ်သူများကိုလည်း ခေါ်ယူ၍ တာဝန် ပေးထားကြောင်း ဧပြီ ၆ ရက်နေ့က ပြန်ပို့ထားသော Mark Zuckerberg ၏ တောင်းပန်စာတွင် ပါရှိသည်။

ထိုစာထဲတွင် “ကျနော်တို့ နည်းပညာနဲ့ ကိရိယာတွေ တိုးတက်လာစေဖို့ ဒါဇင်ပေါင်းများစွာ မြန်မာဘာသာစကား သုံးသပ်သူတွေကို ခေါ်ပြီးတော့ ဝန်ဆောင်မှု သုံးစွဲသူများထံမှ ရရှိတဲ့ report တွေကို ကိုင်တွယ်ဖို့ တာဝန်ချထားပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးဝန်ထမ်း အရေအတွက်လည်း ကျနော့် ကုမ္ပဏီမှာ တိုးလာပြီ ဖြစ်ပါတယ်” ဟုဆိုသည်။

ထို့အတူ “လူတွေ ဘေးကင်းစေဖို့ အထောက်အကူပြုနိုင်ရန် ဒေသအလိုက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ မှန်ကန်တဲ့ ကိရိယာ လည်ပတ်မှုတွေကို ကျနော်တို့ဘက်က နားလည်သိရှိအောင် အထူးအဖွဲ့ တဖွဲ့လည်း ဖွဲ့စည်း တာဝန်ပေးပြီး ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

ဧပြီလ ၅ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့က Facebook သို့ အိတ်ဖွင့် ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ဧပြီလ ၇ ရက်နေ့တွင် အဆိုပါ စာအပေါ် တုံ့ပြန်သည့် အနေဖြင့် Facebook က တရားဝန် တောင်းပန်ခဲ့ပြီး Facebook ၏ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကိုယ်တိုင်အိတ်ဖွင့်ပေးစာတွင် ပါဝင်သည့်အဖွဲ့အစည်းများအား အီးမေးဖြင့် စာပေးပို့ကာ တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအကြောင်းအရာများနှင့် ပတ်သက်ပြီးအိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည့် အဖွဲ့အစည်းများက ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိဖန်တီးရာရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်ခဲ့သောအဖွဲ့ တဖွဲ့ဖြစ်သည့် ညီမျှခြင်းမြန်မာ Equality Myanmar အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း က “Reviewers တွေ ခန့်မယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့်အဲဒီ Reviewers တွေက မြန်မာစကား နားလည်ရုံတင် မကဘဲနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေ ဘာတွေက လုပ်ကြံတာလဲ၊ ဘယ်သတင်းတွေက အမှားတွေလဲ ဆိုတာ သုံးသပ်နိုင်သော အသိစိတ်ဓာတ်ရှိသူလည်း ဖြစ်ရပါမယ်။ အဲဒါကို ထက်ပြီးတော့ စဉ်းစားဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဦးအောင်မျိုးမင်း က “Facebook မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ထိပါးနှောက်ယှက်ဖို့ ချုပ်ကိုင်ဖို့ ဒါကို တားဆီးဖို့ မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြောချင်တဲ့ တခုက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် freedom of expression ကို တလွဲအယူကောက် တလွဲဘာသာပြန်ပြီး လိုသလိုအဓိပ္ပာယ်ဖွင့်ပြီးတော့ မုန်းတီးအောင် လှုံ့ဆော်တဲ့ အကြောင်းအရာတွေ ဒါတွေကို တားဆီးဖို့ ပြောတာဖြစ်ပါတယ်” ဟုဆိုသည်။

မွတ်ဆလင်များနှင့် ပတ်သက်သည့် သွေးထိုးလှုံ့ဆော်မှုများ ရေးသားခဲ့သည့်အတွက် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ Facebook စာမျက်နှာကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အပြီးတိုင်ပိတ်သိမ်းလိုက်သည်။

Phandeeyar မှ ကိုသန့်စင်က “နည်းပညာအရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ တကယ်ကြိုးပမ်းပြီး လုပ်နေတာက ရေရှည်မှာ မြန်မာပြည်က Facebook အသုံးပြုသူတွေအတွက် တကယ်ကိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် platform တခု ဖြစ်ပေါ်လာအောင် ရတဲ့အထိ ကျနော်တို့က ကြိုးပမ်းသွားမှာပါ” ဟု ပြောသည်။

ဧပြီလ ၁၀ ရက်နေ့က အမေရိလွှတ်တော်၌ ကြားနာမှု ပြုလုပ်ရာတွင်လည်း မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး လွှတ်တော် အမတ်များ၏ မေးမြန်းမှုများကို Mark Zuckerberg က ဖြေကြားခဲ့ပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို နောက်ထပ် မြန်မာဘာစကားကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

Mark Zuckerberg က “မြန်မာဘာသာစကား ကျွမ်းကျင်သူတွေ မရှိဘဲ အလုပ်လုပ်ရတာ အခက်အခဲ ဖြစ်လာပါတယ်။ ဒါကြောင့် အဲဒီလို ထပ်မဖြစ်စေဖို့ အတွက် မြန်မာဘာသာစကား ကျွမ်းကျင်သူနောက်ထပ် ဒါဇင်ပေါင်းများစွာကို ငှားရမ်းပြီး အန္တရာယ်ပေး ခြိမ်းခြောက်တဲ့ အကြောင်း အရာတွေကို ဖယ်ရှားပစ်မယ်။ မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အကြံဉာဏ်တွေ ရယူသွားမယ်။ နောက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ လုပ်သွားမယ်”ဟု လည်းသည်။

ဆက်စပ် ဖတ်ရှုရန် – ဦးဝီရသူ၏ ဖေ့ဘွတ်စာမျက်နှာ ဖြုတ်သိမ်းလိုက်ပြီ

Your Thoughts …
Tags: FacebookMark Zuckerberg
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

by ဧရာဝတီ
4 May 2025
3k

ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင် နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ်…

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

by Surachanee Sriyai
10 August 2024
1.8k

၂၀၂၃ ခုနှစ်က မြန်မာတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုကွန်ရက်အသုံးပြုသူ ၁၅ သန်းရှိသည်။

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

by ဧရာဝတီ
23 February 2025
1.5k

Meta ကတော့ သူတို့ရဲ့ ကေဘယ်ကြိုးတွေကို ရေအောက် အနက် မီတာ ၇,၀၀၀ မှာ ထားမယ်လို့ ဆိုထားပြီး ကမ်းရိုးတန်း နားက ရေတိမ်ပိုင်းလို ထိခိုက်နိုင်ခြေ များတဲ့နေရာတွေမှာ…

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

by ဧရာဝတီ
11 January 2025
1.4k

လူဝင်မှု ကြီးကြပ်ရေး၊ ကျားမ ခွဲခြားမှု ကဲ့သို့သော အငြင်းပွားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှု တွေကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

by ဧရာဝတီ
5 October 2024
1.3k

စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်ကတော့ သူ့အနေနဲ့ နစ်နာခဲ့ရတဲ့ ငွေကြေးတွေ ရလိုမှုအပြင် Meta ရဲ့ မူပိုင်ခွင့် ချိုးဖောက် နေမှုများကိုပါ ရပ်တန့်ပေးဖို့ တရားရုံးကို တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

Next Post
တရုတ်နိုင်ငံက ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတား

တရုတ်နိုင်ငံက ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတား

ခေတ်ဟောင်း သင်္ကြန်မှာ ဆင်နွှဲနေတဲ့ မန္တလေး မြို့မ အဖွဲ့  /  စာရေးဆရာ ဆူးငှက် ဖေ့စ်ဘုတ်

အဘိုးအဘွားတွေ ပြန်ပြောပြတဲ့ ခေတ်ဟောင်းထဲက အတာသင်္ကြန်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate